Tuesday, May 28, 2013

လေဖိအားနည်းဆဲလ် 94B မုန်တိုင်းအဆင့် မရောက်နိုင်တော့ ဟုခန့်မှန်း

Photo: လေဖိအားနည်းဆဲလ် 94B မုန်တိုင်းအဆင့် မရောက်နိုင်တော့ ဟုခန့်မှန်း
Monday, May 28, 2013

လေဖိအားနည်းဆဲလ် INVEST 94B သည် မေလ ၂၈ ရက် မြန်မာစံတော်ချိန်နံနက် ဝ၆း၃ဝ နာရီတွင် ရရှိသည့် NRL data များအရ မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး အိန္ဒိယနိုင်ငံ ကိုလ်ကတ္တားမြို့ အရှေ့တောင်ဘက် ၁၁၅ မိုင်ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့ အနောက်-အနောက်တောင်ဘက် ၁၈၅ မိုင်ခန့်၊ မြန်မာနိုင်ငံ စစ်တွေမြို့ အနောက်-အနောက်မြောက်ဘက် ၂၄၅ မိုင်ခန့်အကွာ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် ဆက်လက်တည်ရှိနေဆဲ ဖြစ်ပါသည်။

INVEST 94B သည် မြောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး INVEST 94B အဖြစ်စတင်ဖြစ်ပေါ်ခြင်းမရှိမီ မူလ GFS ကွန်ပျူတာ ခန့်မှန်းခဲ့သည့်အတိုင်း အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်မှ ကုန်းတွင်းသို့ ဆက်လက်ရွေ့လျားဝင်ရောက်သွားမည်ဟု ခန့်မှန်းရပါသည်။ ဆက်လက်ရွေလျားဝင်ရောက်မည့် အခြေအနေတွင် INVEST အဆင့်မှ ထပ်မံ၍ အားကောင်းလာနိုင်ဘွယ် မရှိဟုလည်း ခန့်မှန်းရပါသည်။

လေဖိအားနည်းဆဲလ် INVEST 94B
28 May 2013 0000Z
Location: 21.1 89.3
Winds: 15 knots
Central Pressure: 1010 hPa

MMweather Page
လေဖိအားနည်းဆဲလ် INVEST 94B သည် မေလ ၂၈ ရက် မြန်မာစံတော်ချိန်နံနက် ဝ၆း၃ဝ နာရီတွင် ရရှိ သည့် NRL data များအရ မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး အိန္ဒိယနိုင်ငံ ကိုလ်ကတ္တားမြို့ အရှေ့တောင်ဘက် ၁၁၅ မိုင်ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့ အနောက်-အနောက်တောင်ဘက် ၁၈၅ မိုင်ခန့်၊ မြန်မာနိုင်ငံ စစ်တွေမြို့ အနောက်-အနောက်မြောက်ဘက် ၂၄၅ မိုင်ခန့်အကွာ ဘင်္ဂလား ပင်လယ်အော်မြောက်ပိုင်းတွင် ဆက်လက်တည်ရှိနေဆဲ ဖြစ်ပါသည်။

INVEST 94B သည် မြောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး INVEST 94B အဖြစ် စတင်ဖြစ်ပေါ်ခြင်းမရှိမီ မူလ GFS ကွန်ပျူတာ ခန့်မှန်းခဲ့သည့်အတိုင်း အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်မှ ကုန်းတွင်းသို့ ဆက်လက်ရွေ့လျားဝင်ရောက်သွားမည်ဟု ခန့်မှန်းရပါသည်။ ဆက် လက်ရွေ လျား ဝင်ရောက်မည့် အခြေအနေတွင် INVEST အဆင့်မှ ထပ်မံ၍ အားကောင်းလာနိုင်ဘွယ် မရှိဟုလည်း ခန့်မှန်းရပါသည်။

လေဖိအားနည်းဆဲလ် INVEST 94B
28 May 2013 0000Z
Location: 21.1 89.3
Winds: 15 knots
Central Pressure: 1010 hPa

MMweather Page

No comments:

Post a Comment