ပြင်သစ်နိုင်ငံသည် အယ်လ်ကိုင်းဒါးအကြမ်းဖက်အဖွဲ့၏ ပြင်းပြင်းထန်ထန် ခြိမ်းခြောက်မှုကို ကြုံတွေ့နေ ရကြောင်း သမ္မတဖရန်ဆွာအော်လန်းက ပြီးခဲ့သည့် မေလ(၇)ရက်နေ့တွင် သတင်းထောက်များ ကို ပြောကြားလိုက်သည်။
အွန်လိုင်းဗီဒီယိုတစ်ခုတွင် အကြမ်းဖက်အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်သည့် အဘူအိုဘီဒါယူဆတ်ဖ်အဲလ် အန်နဘီ က ပြင်သစ်နိုင်ငံ၏ ပိုင်ဆိုင်မှုမှန်သမျှကို တိုက်ခိုက်ဖျက်ဆီးကြရန် ကမ္ဘာတစ်ဝန်းက အစ္စလမ်များ ကို တောင်းဆိုထားကြောင်းသိရသည်။ပြင်သစ်တပ်ဖွဲ့များက မာလီနိုင်ငံတွင်ရှိသော အစ္စလမ်စစ်သွေးကြွ အဖွဲ့များကို အတော်လေး အနာတရဖြစ်စေခဲ့သော်လည်း အဆိုပါအဖွဲ့များ က နိုင်ငံ၏ အပြင်ဘက်မှ ခြိမ်းခြောက်မှုများ ဆက်လက်လုပ်ဆောင်နေကြောင်း သမ္မတအော်လန်း ကပြောကြားသည်။ ထို့ပြင် ယခုနှစ်အကုန် တွင် မာလီကို စေလွှတ်ထားသော တပ်ဖွဲ့ဝင်(၄) ထောင်အနက် (၁)ထောင်သာ ထားရှိတော့မည်ဖြစ်ကြောင်း VOA သတင်း တွင်ဖော်ပြထားသည်။
No comments:
Post a Comment