Thursday, May 9, 2013

ဇနီးဖြစ် သူကို သတ်ခဲ့သည့် ခင်ပွန်းအား ပြစ်ဒဏ် ချမှတ်

ဇနီးဖြစ်သူကို သတ်ခဲ့သည့် ခင်ပွန်းအား ပြစ်ဒဏ်ချမှတ်
Thursday,May09,2013

၂၃-၁၂-၂၀၁၂ ရက်နေ့ ၁၇၄၅ အချိန် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ ကလေးရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် လူသတ်မှုဖြစ်ပွားကြောင်းသတင်းအရ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ ကလေးမြို့နယ်၊ ကျောင်းတိုက်ကျေးရွာနေ မတင်ဇာဝင်း(ခ)၀င်းဝင်းအောင်(၂၄)နှစ်အား ခင်ပွန်းဖြစ်သူ ထွန်းနိုင်စိုး(၂၄)နှစ်မှ လင်မယားရန်ဖြစ်စဉ် ဓါးဖြင့်ထိုး၍ ရင်ဘတ်နှင့်ဝမ်းဗိုက်တို့တွင် ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ကလေးရဲစခန်း (ပ)၅၁၇/၂၀၁၂၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူခဲ့သည်။

အမှုအား ကလေးခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ရာကြီးမှုအမှတ် ၃/၂၀၁၃ ဖြင့် လက်ခံ စစ်ဆေးခဲ့ပြီး ပြစ်မှုထင်ရှားသဖြင့် ထွန်းနိုင်စိုးအား ပြစ်မှုပုဒ်မ ၃၀၂(၂)အရ အလုပ်နှင့်ထောင်ဒဏ်(၈)နှစ် ကျခံစေရန် ၇-၅-၂၀၁၃ ရက်နေ့က ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။

ရဲဇာနည်
နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင်  @[459386844101959:274:Myanmar Online News] ကို like လုပ်ထားပါ

၂၃-၁၂-၂၀၁၂ ရက်နေ့ ၁၇၄၅ အချိန် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ ကလေးရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် လူသတ်မှုဖြစ်ပွားကြောင်းသတင်းအရ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ ကလေးမြို့နယ်၊ ကျောင်းတိုက်ကျေးရွာနေ မတင်ဇာဝင်း(ခ)၀င်းဝင်းအောင်(၂၄)နှစ်အား ခင်ပွန်းဖြစ်သူ ထွန်းနိုင်စိုး(၂၄)နှစ်မှ လင်မယားရန်ဖြစ်စဉ် ဓါးဖြင့်ထိုး၍ ရင်ဘတ်နှင့်ဝမ်းဗိုက်တို့တွင် ထိုးသွင်းဒဏ်ရာ များဖြင့် သေဆုံးနေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ကလေးရဲစခန်း (ပ)၅၁၇/၂၀၁၂၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူခဲ့သည်။

အမှုအား ကလေးခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ရာကြီးမှုအမှတ် ၃/၂၀၁၃ ဖြင့် လက်ခံ စစ်ဆေး ခဲ့ပြီး ပြစ်မှုထင်ရှားသဖြင့် ထွန်းနိုင်စိုးအား ပြစ်မှုပုဒ်မ ၃၀၂(၂)အရ အလုပ်နှင့်ထောင်ဒဏ်(၈)နှစ် ကျခံစေ ရန် ၇-၅-၂၀၁၃ ရက်နေ့က ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။

ရဲဇာနည်

No comments:

Post a Comment