Monday, May 13, 2013

ဆိုင်ကလုန် မဟာဆန် နေရာရွှေ့၍ အိန္ဒိယသို့ လမ်းကြောင်းပြောင်း

Photo: ဆိုင်ကလုန် မဟာဆန် နေရာရွှေ့၍ အိန္ဒိယသို့ လမ်းကြောင်းပြောင်း
Monday, May 13, 2013

ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောနှင့် ဘင်္ဂလာဒေခ်ျ့နိုင်ငံ စစ်တကောင်း အကြား ၀င်ရောက် တိုက်ခတ်နိုင်သည်ဟု ခန့်မှန်းထားသော ဆိုင်ကလုန် မဟာဆန်မှာ လမ်းကြောင်း ပြောင်းပြီး အိန္ဒိယ အနောက်တောင်ဘက်ပိုင်းသို့ ဦးတည်နေကြောင်း သတင်း ရရှိသည်။

မဟာဆန်မုန်တိုင်းသည် ကော့စ်ဘဇားခေါ် ဖလောင်းချိတ်မြို့ တောင်ဘက် ကီလိုမီတာ ၁၃၄၅ အကွာ ဘင်္ဂလာပင်လယ်ထဲတွင် ဗဟိုပြု တည်ရှိနေပြီး တဖြည်းဖြည်းဖြင့် အိန္ဒိယ နိုင်ငံ Chennai ပြည်နယ် ပင်လယ်ကမ်းခြေ  ဘက်သို့ ဦးတည် ရွှေ့လျားနေကြောင်း ဘင်္ဂလာဒေခ်ျ့ မိုးလေ၀သနှင့် ဇလဗေဒ ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

သို့သော်လည်း မုန်တိုင်း မဟာဆန် မည်သည့် အချိန်တွင် မည်သည့် အရပ်ဒေသသို့ ၀င်ရောက် တိုက်ခတ်မည် ဆိုသည်ကို တိတိကျကျ ပြောဆိုရန်မှာမူ စောလွန်းနေသေးကြောင်း ဒက္ကားမြို့ရှိ မိုးလေ၀သနှင့် ဇလဗေဒ ဦးစီးဌာနမှ ပြောခွင့်ရ ပုဂ္ဂိုလ် ဘာဇလူ ရာချစ် (Bazlur Rashid) က ပြောသည်။

မဟာဆန် မုန်တိုင်းသည် တစ်နာရီ ဆယ်ကီလိုမီတာနုန်းဖြင့် ရွှေ့လျားနေပြီး မနက်ဖြန်တွင် ကုန်းတွင်းပိုင်း ဒေသ တစ်ခုခုသို့ ဖြတ်ကျော် ၀င်ရောက် တိုက်ခတ်နိုင်သည်ဟု သူက ခန့်မှန်း ပြောသည်။

မဟာဆန် မုန်တိုင်းသည်  လေဖိအား အနည်းအများ အပေါ် မူတည်ပြီး အနောက်သို့ယခု  ရွှေ့နေရာမှ အရှေ့ဘက်သို့လည်း ပြန်လည် ရွှေ့လျားနိုင်ကြောင်း နောက်ထပ် အရာရှိ တစ်ဦးက ပြောသည်။

မုန်တိုင်းသည် တိုက်ခတ်စဉ် တစ်နာရီကို ၆၂ ကီလိုမီတာမှ ၈၈ ကီလိုမီတာ အထိ တိုက်ခိုက်နိုင်ကြောင်းနှင့် ဘင်္ဂလာဒေခ်ျ့ ပင်လယ် ကမ်းခြေ တလျှောက်တွင် နံပတ်သုံး အဆင့် သတိပေးမူကို ပြုလုပ်ထားရန် ညွှန်ကြားထားသည်ဟု ဆိုသည်။

ယခုအခါ ဘင်္ဂလာဒေခ်ျ့ နိုင်ငံတွင် ငါးဖမ်းစက်လှေများ ပင်လယ်ပြင်ထွက်ခွင့်ကို တားမြစ်ထားလိုက်ပြီ ဖြစ်သည်။

narinjara
နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News ကို like လုပ်ထားပါ
ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောနှင့် ဘင်္ဂလာဒေခ်ျ့နိုင်ငံ စစ်တကောင်းအကြားဝင်ရောက် တိုက် ခတ်နိုင်သည်ဟု ခန့်မှန်းထားသော ဆိုင်ကလုန်မဟာဆန်မှာလမ်းကြောင်း ပြောင်းပြီး အိန္ဒိယ အနောက်တောင်ဘက်ပိုင်းသို့ ဦးတည်နေကြောင်း သတင်း ရရှိသည်။

မဟာဆန်မုန်တိုင်းသည် ကော့စ်ဘဇားခေါ် ဖလောင်းချိတ်မြို့ တောင်ဘက် ကီလိုမီတာ ၁၃၄၅ အကွာ ဘင်္ဂလာပင်လယ်ထဲတွင် ဗဟိုပြုတည်ရှိနေပြီး တဖြည်းဖြည်းဖြင့် အိန္ဒိယနိုင်ငံ Chennai ပြည်နယ် ပင်လယ် ကမ်းခြေဘက်သို့ ဦးတည် ရွှေ့လျားနေကြောင်း ဘင်္ဂလာဒေခ်ျ့ မိုးလေ၀သနှင့် ဇလဗေဒ ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

သို့သော်လည်း မုန်တိုင်းမဟာဆန် မည်သည့်အချိန်တွင် မည်သည့်အရပ်ဒေသသို့ ၀င်ရောက် တိုက် ခတ်မည်ဆိုသည်ကို တိတိကျကျ ပြောဆိုရန်မှာမူ စောလွန်းနေသေးကြောင်း ဒက္ကားမြို့ရှိ မိုးလေ၀သနှင့် ဇလဗေဒ ဦးစီးဌာနမှ ပြောခွင့်ရ ပုဂ္ဂိုလ် ဘာဇလူ ရာချစ် (Bazlur Rashid) က ပြောသည်။

မဟာဆန်မုန်တိုင်းသည် တစ်နာရီ ဆယ်ကီလိုမီတာနုန်းဖြင့် ရွှေ့လျားနေပြီး မနက်ဖြန်တွင် ကုန်းတွင်း ပိုင်း ဒေသတစ်ခုခုသို့ ဖြတ်ကျော် ၀င်ရောက် တိုက်ခတ်နိုင်သည်ဟု သူက ခန့်မှန်း ပြောသည်။

မဟာဆန် မုန်တိုင်းသည် လေဖိအားအနည်းအများအပေါ်မူတည်ပြီး အနောက်သို့ယခု ရွှေ့နေရာမှ အရှေ့ဘက်သို့လည်း ပြန်လည် ရွှေ့လျားနိုင်ကြောင်း နောက်ထပ် အရာရှိတစ်ဦးက ပြောသည်။

မုန်တိုင်းသည် တိုက်ခတ်စဉ် တစ်နာရီကို ၆၂ ကီလိုမီတာမှ ၈၈ ကီလိုမီတာ အထိ တိုက် ခိုက်နိုင်ကြောင်းနှင့် ဘင်္ဂလာဒေခ်ျ့ ပင်လယ် ကမ်းခြေ တလျှောက်တွင် နံပတ်သုံးအဆင့် သတိပေး မူကို ပြုလုပ်ထားရန် ညွှန်ကြားထားသည်ဟု ဆိုသည်။

ယခုအခါ ဘင်္ဂလာဒေခ်ျ့ နိုင်ငံတွင် ငါးဖမ်းစက်လှေများ ပင်လယ်ပြင်ထွက်ခွင့်ကို တားမြစ်ထား လိုက်ပြီ ဖြစ် သည်။

narinjara

No comments:

Post a Comment