Friday, May 31, 2013

၄၇ ရက်အတွင်း ဆန်တန်ချိန် ၉၇၀၀၀ ကျော် ပြည်ပပို့၊ ဒေါ်လာဈေးတက်၍ တောင်သူထက် ပို့ကုန်လုပ်ငန်းရှင်များ ပိုမိုအမြတ်ရနေ

Photo: ၄၇ ရက်အတွင်း ဆန်တန်ချိန် ၉၇၀၀၀ ကျော် ပြည်ပပို့၊ ဒေါ်လာဈေးတက်၍ တောင်သူထက် ပို့ကုန်လုပ်ငန်းရှင်များ ပိုမိုအမြတ်ရနေ

မေလ ၃၁ ရက် ၂၀၁၃

၄၇ ရက်အတွင်း ဆန်တန်ချိန် စုစုပေါင်း ၉၇၀၀၀ ကျော် ပြည်ပတင်ပို့ခဲ့ကြောင်းနှင့် ပြည်ပတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃၈ သန်းကျော် ရရှိခဲ့သည်ဟု သိရသည်။

ဧပြီ ၁ ရက်မှ မေ ၁၇ ရက်အတွင်း မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်တင်ပို့နိုင်မှုသည် ယခင်နှစ် ဧပြီ ၁ ရက်မှ မေ ၁၇ ရက် အထိ တင်ပို့နိုင်မှုနှင့် နှိုင်းယှဉ်ပါက တန်ချိန် ၂၂၀၀၀ ကျော် လျော့ကျခဲ့ကြောင်း သိရသည်။

ယခုလပိုင်းအတွင်း အမေရိကန်ဒေါ်လာ တန်ဖိုးမြင့်တက်လာသည့် အတွက် တောင်သူများထက် တင်ပို့သူ လုပ်ငန်းရှင်များ ပိုမိုအလုပ်ဖြစ်လျက် ရှိသည်ဟု သိရသည်။

မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်တင်ပို့ရာတွင် ၂၅ မှတ်ဆန်ဆိုပါက တစ်တန်လျင် အမေရိကန်ဒေါ်လာ ၃၆၀ ကျော်၊ ၃၆၀ ၀န်းကျင်ရရှိကြောင်း သိရသည်။

ယခင် တစ်ဒေါ်လာ ကျပ် ၈၆၀ နှုန်း ဖြင့်ဆိုပါက တင်ပို့သူများ အနေဖြင့် တစ်တန်လျင် ကျပ် ၃၀၉၆၀၀ ရရှိမည်ဖြစ်ပြီး ယခုတစ်ဒေါ်လာ ၉၄၈ ကျပ်နှုန်းဖြင့် ဆိုပါက ၃၄၁၀၀၀ ကျော် ရရှိမည်ဖြစ်ရာ တစ်တန်လျှင် ကျပ် ၄၀၀၀၀ ၀န်းကျင် ပိုမိုအကျိုးအမြတ် ရရှိမည်ဟု သိရသည်။

သို့သော် ယခုအချိန်တွင် တောင်သူအများစု လက်ဝယ်တွင် စပါးမရှိတော့ဘဲ ကုန်သည်များနှင့် ပို့ကုန်လုပ်ငန်းရှင်များ လက်ဝယ်တွင်သာ ဆန်စပါးများ ရှိသည့်အတွက် ဒေါ်လာဈေး မြင့်တက်မှုသည် လက်ရှိတွင် တောင်သူများထက် ပို့ကုန်လုပ်ငန်းရှင်များသာ ပိုမိုအကျိုးဖြစ်ထွန်းလျက် ရှိသည်။ ဒေါ်လာဈေး မြင့်တက်သည့်အတွက် ပြည်တွင်းဆန်စပါးဈေးပါ လိုက်ပါမြင့်တက်သည့် အတွက် ၀မ်းစာမရှိသည့် တောင်သူများနှင့် စားသုံးသူများမှာ ဆန်ဈေးအမြင့်ဖြင့် ၀ယ်ယူအသုံးပြု နေရပြီဖြစ်သည်။

စပါးအကြမ်းမှာ တင်းတစ်ရာလျှင် ယခင်က ကျပ် ၃၄၀၀၀၀ ၀န်းကျင်ရှိရာမှ ယခုအခါ ကျပ် ၄၁၀၀၀၀ ၀န်းကျင်သို့ လည်းကောင်း၊ စပါးအချောမှာ ယခင်က တင်းတစ်ရာ ကျပ် ၅၂၀၀၀၀ ၀န်းကျင်ရှိရာမှ ယခုအခါ တင်းတစ်ရာ ကျပ် ၆၅၀၀၀၀ ၀န်းကျင်သို့ လည်းကောင်း ဈေးမြင့်တက်ခဲ့သည်။

လပိုင်းအတွင်း ဧည့်မထ ၂၅ မှတ်ဆန်မှာ တစ်အိတ်လျှင် ယခင် ကျပ် ၁၂၅၀၀၊ ၁၃၀၀၀ မှ ယခု ကျပ် ၁၅၀၀၀ အထိ ခုန်တက်လာခဲ့ကြောင်း သိရသည်။ ယင်းအပြင် နယ်ဈေးကွက်တွင် ဆန်ကြမ်းတစ်ပြည်လျှင် ယခင် ၅၀၀ ကျပ်မှ ယခု ၇၀၀ ကျပ်အထိ မြင့်တက်သွားသည်ဟု သိရသည်။

တောင်သူအများစုမှာ ၀မ်းစာမကျန်သည့်အတွက် ယခု ဆန်ဈေးအမြင့်ဖြင့် မိုးစပါးရာသီ လယ်ယာလုပ်ငန်းခွင်ဝင်မည့် လုပ်သားများသို့ ၀ယ်ယူထည့်သွင်း ပေးနေရသည်ဟု သိရသည်။

ထိုသို့ မြင့်တက်နေသည့် ဆန်စပါး ဈေးများသည် လာမည့် စပါးသစ်ပေါ်သည့် ရာသီအထိ ရှိနေမှသာ တောင်သူများ အနေဖြင့် အကျိုးအမြတ် ရှိနိုင်ကြောင်း၊ စပါးပေါ်ချိန် ပြန်ကျသွားလျှင် ပို့ကုန်လုပ်ငန်းရှင်များသာ အကျိုးအမြတ်ရှိပြီး တောင်သူများ အနေဖြင့် အကျိုးခံစားခွင့် မရခဲ့သည့်အပြင် အမြင့်ဈေးဖြင့် ၀ယ်သုံးရသည့် ဒဏ်ကိုပါ ထပ်မံခံစားရမည့် အခြေအနေ ဖြစ်လာသည်။

၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်က မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်တန်ချိန် ၁၃၂၉၀၀၀ ကျော် တင်ပို့ထားပြီး အမေရိကန်ဒေါ်လာ ၅၂၈ သန်းကျော် ရရှိခဲ့ကြောင်း သိရသည်။

မြန်မာ့ဆန် တင်ပို့မှုမှာ မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းအသင်း ဖွဲ့စည်းပြီးနောက်ပိုင်းတွင် ပြည်ပသို့ ပိုမိုတင်ပို့လာနိုင်ခဲ့ပြီး တောင်သူများအား စိုက်စရိတ်ထုတ်ချေးသည့် ကုမ္ပဏီများ ပိုမိုပေါ်ထွက်လာခဲ့သည်။

ယခင်က မြန်မာ့ဆန် ပြည်ပတင်ပို့ရာတွင် အစိုးရဖြင့် နီးစပ်သည့် ကုမ္ပဏီတစ်စုမှသာ လက်ဝါးကြီးအုပ် တင်ပို့နေခြင်း ဖြစ်သော်လည်း အသင်းပေါ်လာပြီး နောက်ပိုင်းတွင် ကုမ္ပဏီအားလုံး ခွဲဝေတင်ပို့သည့် စနစ်သို့ ပြောင်းလဲလိုက်ခြင်းဖြစ်သည်။

သို့သော် အဆိုပါ အသင်း၌ ပါဝင်သည့် ဆန်တင်ပို့သော ကုမ္ပဏီများထဲတွင် အများစုမှာ အစိုးရဖြင့် နီးစပ်သည့် ကုမ္ပဏီများသာ ပြန်လည်ပါဝင်လာပြီး ကုမ္ပဏီကြီးအချို့ မှာ အစိုးရသစ်လက်ထက် ရောက်ရှိသည်အထိ အခွန်ရှောင်တိမ်းနေသည့် ကုမ္ပဏီများ ပါဝင်နေဆဲ ဖြစ်ကြောင်းနှင့် လက်ရှိတွင် အဆိုပါ ကုမ္ပဏီများ အကျိုးအမြတ် ပိုမိုရရှိ ခြင်း ဖြစ်ကြောင်း သိရသည်။

Eleven

၄၇ ရက်အတွင်း ဆန်တန်ချိန် စုစုပေါင်း ၉၇၀၀၀ ကျော် ပြည်ပတင်ပို့ခဲ့ကြောင်းနှင့် ပြည်ပတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃၈ သန်းကျော် ရရှိခဲ့သည်ဟု သိရသည်။
ဧပြီ ၁ ရက်မှ မေ ၁၇ ရက်အတွင်း မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်တင်ပို့နိုင်မှုသည် ယခင်နှစ် ဧပြီ ၁ ရက် မှ မေ ၁၇ ရက် အထိ တင်ပို့နိုင်မှုနှင့် နှိုင်းယှဉ်ပါက တန်ချိန် ၂၂၀၀၀ ကျော် လျော့ကျခဲ့ကြောင်း သိရသည်။

ယခုလပိုင်းအတွင်း အမေရိကန်ဒေါ်လာ တန်ဖိုးမြင့်တက်လာသည့် အတွက် တောင်သူများထက် တင်ပို့သူ လုပ်ငန်းရှင်များ ပိုမိုအလုပ်ဖြစ်လျက် ရှိသည်ဟု သိရသည်။

မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်တင်ပို့ရာတွင် ၂၅ မှတ်ဆန်ဆိုပါက တစ်တန်လျင် အမေရိကန်ဒေါ်လာ ၃၆၀ ကျော်၊ ၃၆၀ ၀န်းကျင်ရရှိကြောင်း သိရသည်။

ယခင် တစ်ဒေါ်လာ ကျပ် ၈၆၀ နှုန်း ဖြင့်ဆိုပါက တင်ပို့သူများ အနေဖြင့် တစ်တန်လျင် ကျပ် ၃၀၉၆၀၀ ရရှိမည်ဖြစ်ပြီး ယခုတစ်ဒေါ်လာ ၉၄၈ ကျပ်နှုန်းဖြင့် ဆိုပါက ၃၄၁၀၀၀ ကျော် ရရှိမည်ဖြစ်ရာ တစ်တန်လျှင် ကျပ် ၄၀၀၀၀ ၀န်းကျင် ပိုမိုအကျိုးအမြတ် ရရှိမည်ဟု သိရသည်။

သို့သော် ယခုအချိန်တွင် တောင်သူအများစု လက်ဝယ်တွင် စပါးမရှိတော့ဘဲ ကုန်သည်များနှင့် ပို့ကုန်လုပ်ငန်းရှင်များ လက်ဝယ်တွင်သာ ဆန်စပါးများ ရှိသည့်အတွက် ဒေါ်လာဈေး မြင့်တက်မှုသည် လက်ရှိတွင် တောင်သူများထက် ပို့ကုန်လုပ်ငန်းရှင်များသာ ပိုမိုအကျိုးဖြစ်ထွန်းလျက် ရှိ သည်။ ဒေါ်လာဈေး မြင့်တက်သည့်အတွက် ပြည်တွင်းဆန်စပါးဈေးပါ လိုက်ပါမြင့်တက်သည့် အတွက် ၀မ်းစာမရှိသည့် တောင်သူများနှင့် စားသုံးသူများမှာ ဆန်ဈေးအမြင့်ဖြင့် ၀ယ်ယူအသုံးပြု နေရပြီဖြစ်သည်။

စပါးအကြမ်းမှာ တင်းတစ်ရာလျှင် ယခင်က ကျပ် ၃၄၀၀၀၀ ၀န်းကျင်ရှိရာမှ ယခုအခါ ကျပ် ၄၁၀၀၀၀ ၀န်းကျင်သို့ လည်းကောင်း၊ စပါးအချောမှာ ယခင်က တင်းတစ်ရာ ကျပ် ၅၂၀၀၀၀ ၀န်းကျင်ရှိရာမှ ယခုအခါ တင်းတစ်ရာ ကျပ် ၆၅၀၀၀၀ ၀န်းကျင်သို့ လည်းကောင်း ဈေးမြင့်တက်ခဲ့သည်။

လပိုင်းအတွင်း ဧည့်မထ ၂၅ မှတ်ဆန်မှာ တစ်အိတ်လျှင် ယခင် ကျပ် ၁၂၅၀၀၊ ၁၃၀၀၀ မှ ယခု ကျပ် ၁၅၀၀၀ အထိ ခုန်တက်လာခဲ့ကြောင်း သိရသည်။ ယင်းအပြင် နယ်ဈေးကွက်တွင် ဆန်ကြမ်းတစ်ပြည်လျှင် ယခင် ၅၀၀ ကျပ်မှ ယခု ၇၀၀ ကျပ်အထိ မြင့်တက်သွားသည်ဟု သိရသည်။

တောင်သူအများစုမှာ ၀မ်းစာမကျန်သည့်အတွက် ယခု ဆန်ဈေးအမြင့်ဖြင့် မိုးစပါးရာသီ လယ်ယာ လုပ်ငန်းခွင် ၀င်မည့် လုပ်သားများသို့ ၀ယ်ယူထည့်သွင်း ပေးနေရသည်ဟု သိရသည်။

ထိုသို့ မြင့်တက်နေသည့် ဆန်စပါး ဈေးများသည် လာမည့် စပါးသစ်ပေါ်သည့် ရာသီအထိ ရှိနေမှ သာ တောင်သူများ အနေဖြင့် အကျိုးအမြတ် ရှိနိုင်ကြောင်း၊ စပါးပေါ်ချိန် ပြန်ကျသွားလျှင် ပို့ကုန် လုပ်ငန်းရှင်များသာ အကျိုးအမြတ်ရှိပြီး တောင်သူများ အနေဖြင့် အကျိုးခံစားခွင့် မရခဲ့သည့်အပြင် အမြင့်ဈေးဖြင့် ၀ယ်သုံးရသည့် ဒဏ်ကိုပါ ထပ်မံခံစားရမည့် အခြေအနေ ဖြစ်လာသည်။

၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်က မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်တန်ချိန် ၁၃၂၉၀၀၀ ကျော် တင်ပို့ထားပြီး အမေရိကန်ဒေါ်လာ ၅၂၈ သန်းကျော် ရရှိခဲ့ကြောင်း သိရသည်။

မြန်မာ့ဆန် တင်ပို့မှုမှာ မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းအသင်း ဖွဲ့စည်းပြီးနောက်ပိုင်းတွင် ပြည်ပသို့ ပိုမိုတင်ပို့လာနိုင်ခဲ့ပြီး တောင်သူများအား စိုက်စရိတ်ထုတ်ချေးသည့် ကုမ္ပဏီများ ပိုမိုပေါ်ထွက်လာခဲ့သည်။

ယခင်က မြန်မာ့ဆန် ပြည်ပတင်ပို့ရာတွင် အစိုးရဖြင့် နီးစပ်သည့် ကုမ္ပဏီတစ်စုမှသာ လက်ဝါးကြီးအုပ် တင်ပို့နေခြင်း ဖြစ်သော်လည်း အသင်းပေါ်လာပြီး နောက်ပိုင်းတွင် ကုမ္ပဏီအားလုံး ခွဲဝေတင်ပို့သည့် စနစ်သို့ ပြောင်းလဲလိုက်ခြင်းဖြစ်သည်။

သို့သော် အဆိုပါ အသင်း၌ ပါဝင်သည့် ဆန်တင်ပို့သော ကုမ္ပဏီများထဲတွင် အများစုမှာ အစိုးရဖြင့် နီးစပ်သည့် ကုမ္ပဏီများသာ ပြန်လည်ပါဝင်လာပြီး ကုမ္ပဏီကြီးအချို့ မှာ အစိုးရသစ် လက်ထက် ရောက်ရှိ သည်အထိ အခွန်ရှောင်တိမ်းနေသည့် ကုမ္ပဏီများ ပါဝင်နေဆဲ ဖြစ်ကြောင်းနှင့် လက်ရှိတွင် အဆိုပါ ကုမ္ပဏီများ အကျိုးအမြတ် ပိုမိုရရှိ ခြင်း ဖြစ်ကြောင်း သိရသည်။

Eleven

No comments:

Post a Comment