Monday, May 6, 2013

မူးယစ်မှောင်ခို ၅ဦး အသေဖမ်းမိ

Photo: မူးယစ်မှောင်ခို ၅ဦး အသေဖမ်းမိM
Monday,May 06,2013

မြန်မာနိုင်ငံ ကနေ မူးယစ်ဆေး သယ်ဆောင်လာသူတွေနဲ့ ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး လူ ၅ ဦးကို အသေဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။


မူရစ်ဆေးသယ်လာသူတွေကို ထိုင်းအာဏာပိုင်တွေက  ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်း ခရိုင် မယ်ဖါ့လုံမြို့နယ်နဲ့ ကီလိုမီတာ ၂၀ ခန့်အကွာ ထိုင်းမြန်မာနယ်စပ်အနီးမှာ လက်နက်တွေနဲ့အတူ မေလ ၅ ရက်နေ့မှာ အသေဖမ်းမိခဲ့တာဖြစ်တယ်လို့ ထိုင်းနယ်စပ်အာဏာပိုင်တွေ ပြောပြချက်အရ သိရပါတယ်။

“၅ ယောက်သေတယ်၊ ဆေး အလုံး ၇ သောင်းမိတယ်၊ နောက်တစ်ခါ ဟိုဟာ ငွေက ဘတ် တစ်သန်း ပါတယ်၊ သေနတ် ၄ လက်မိတယ် ဒါပဲ ပြောတယ်။ သူတို့ ပြောတာက ၀ စခန်းတွေနဲ့ နီးတယ်ပြောတယ်။”

 မူးယစ်ဆေးဝါးသယ်ဆောင်လာသူတွေနဲ့ ၁၀ မိနစ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် သူတို့ထံကနေ ပွိုင့် 22 သေနတ်တစ်လက်၊ AK 47 မောင်းပြန်ရိုင်ဖယ် သေနတ်တစ်လက်၊ 9 MM ပစ္စတို သေနတ်တစ်လက်နဲ့ တရုတ်နိုင်ငံထုတ် လက်နက်တစ်လက် သိမ်းဆည်းရမိခဲ့ပါတယ်။ သေဆုံးသူ တွေဟာ ဘယ်အဖွဲ့ကဖြစ်တယ်ဆိုတာ အတိအကျ မသိရဘူးလို့ ထိုင်းအရာရှိတစ်ဦးက ပြောဆိုပါတယ်။

ဧပြီ ၂၃ ရက်နေ့တုန်းကလည်း လူ ၁၀ ယောက်ပါတဲ့ အဖွဲ့တစ်ဖွဲ့နဲ့ ထိုင်းမြန်မာ နယ်စပ်အနီးမှာပဲ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အက်ဖက်တမင်း စိတ်ကြွဆေးပြား ၉ ၆၀၀၀၀ နဲ့ လူ တစ်ယောက်ကို အသေဖမ်းဆီးရမိခဲ့ပါတယ်။ ကျန်သူတွေကတော့ ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ ထိုင်းနယ်စပ်အရာရှိတစ်ဦးက ပြောခဲ့တဲ့အကြောင်း ရေဒီယို သြစတေးလျ သတင်းထောက် သန်းကျော်စိုးက သတင်းပေးပို့ထားပါတယ်။
ABC Radio Austrailia

thai-burma border drug arrest
မူးယစ်ဆေးသယ်ဆောင်သူတွေဆီကဖမ်းဆီးရမိတဲ့ပစ္စည်းများ (Credit: ABC) 

နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News ကို like လုပ်ထားပါ
                     မူးယစ်ဆေးသယ်ဆောင်သူတွေဆီကဖမ်းဆီးရမိတဲ့ပစ္စည်းများ (Credit: ABC) 
မြန်မာနိုင်ငံ ကနေ မူးယစ်ဆေး သယ်ဆောင်လာသူတွေနဲ့ ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး လူ ၅ ဦးကို အသေဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
မူရစ်ဆေးသယ်လာသူတွေကို ထိုင်းအာဏာပိုင်တွေက ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်း ခရိုင် မယ်ဖါ့လုံမြို့နယ် နဲ့ ကီလိုမီတာ ၂၀ ခန့်အကွာ ထိုင်းမြန်မာနယ်စပ်အနီးမှာ လက်နက်တွေနဲ့အတူ မေလ ၅ ရက်နေ့မှာ အသေဖမ်းမိခဲ့တာဖြစ်တယ်လို့ ထိုင်းနယ်စပ်အာဏာပိုင်တွေ ပြောပြချက်အရ သိရပါတယ်။
“၅ ယောက်သေတယ်၊ ဆေး အလုံး ၇ သောင်းမိတယ်၊ နောက်တစ်ခါ ဟိုဟာ ငွေက ဘတ်တစ်သန်း ပါတယ်၊ သေနတ် ၄ လက်မိတယ် ဒါပဲ ပြောတယ်။ သူတို့ ပြောတာက ၀ စခန်းတွေနဲ့ နီးတယ်ပြောတယ်။”

မူးယစ်ဆေးဝါးသယ်ဆောင်လာသူတွေနဲ့ ၁၀ မိနစ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် သူတို့ထံကနေ ပွိုင့် 22 သေနတ်တစ်လက်၊ AK 47 မောင်းပြန်ရိုင်ဖယ် သေနတ်တစ်လက်၊ 9 MM ပစ္စတို သေနတ်တစ်လက်နဲ့ တရုတ်နိုင်ငံထုတ် လက်နက်တစ်လက် သိမ်းဆည်းရမိခဲ့ပါတယ်။ သေဆုံးသူ တွေဟာ ဘယ်အဖွဲ့ကဖြစ် တယ်ဆိုတာ အတိအကျ မသိရဘူးလို့ ထိုင်းအရာရှိတစ်ဦးက ပြောဆိုပါတယ်။

ဧပြီ ၂၃ ရက်နေ့တုန်းကလည်း လူ ၁၀ ယောက်ပါတဲ့ အဖွဲ့တစ်ဖွဲ့နဲ့ ထိုင်းမြန်မာ နယ်စပ်အနီးမှာပဲ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အက်ဖက်တမင်း စိတ်ကြွဆေးပြား ၉ ၆၀၀၀၀ နဲ့ လူ တစ်ယောက်ကို အသေ ဖမ်းဆီး ရမိခဲ့ပါတယ်။ ကျန်သူတွေကတော့ ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ ထိုင်း နယ်စပ် အရာရှိ တစ်ဦး က ပြောခဲ့တဲ့အကြောင်း ရေဒီယို သြစတေးလျ သတင်းထောက် သန်းကျော်စိုးက သတင်းပေး ပို့ထား ပါတယ်။
ABC Radio Austrailia

thai-burma border drug arrest

No comments:

Post a Comment