Monday, May 6, 2013

ပဋိပက္ခကြောင့် သံဃာတော်နှစ်ပါးကို ဖမ်းဆီးထား




Photo: ပဋိပက္ခကြောင့် သံဃာတော်နှစ်ပါးကို ဖမ်းဆီးထား
Monday,May 06,2013

မြန်မာနိုင်ငံ မြောက်ဖက်ပိုင်း ကချင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ ဘာသာရေးပဋိပက္ခတွေကြောင့် ဗုဒ္ဓဘာသာသံဃာတော်နှစ်ပါးကို ရဲတွေကဖမ်းဆီးလိုက်ပါတယ်။
Monks in Burma's Rakhine state protest against violence targeting Buddhists in neighbouring Bangladesh, October 8 2012.
ဗုဒ္ဓဘာသာကိုမတိုက်ခိုက်ဖို့ဆန္ဒပြတောင်းဆိုနေတဲ့သံဃာတော်တွေ (Credit: Reuters) 

အဖမ်းခံရသူတွေကို စစ်ဆေးမေးမြန်းနေတုန်းဖြစ်ပြီး သက်သေအထောက်အထား ခိုင်လုံရင်တော့ အရေးယူသွားမှာဖြစ်တယ်လို့ ကချင်ပြည်နယ်က အမည်မဖော်လိုတဲ့ ရဲအရာရှိတဦးက ပြောပါတယ်။

ကချင်ပြည်နယ်က မွတ်စလင်အမျိုးသမီးတဦးဖြစ်တဲ့ အသက် ၄၆နှစ်အရွယ် မိုးမိုးလွင်ရဲ့ ပြောပြချက်အရ ညနေပိုင်းအချိန်လောက်မှာ လူသုံးဆယ်လောက် ရွာထဲကိုရောက်လာပြီး သူတို့ရဲ့ဈေးဆိုင်နဲ့ နေအိမ်တွေကို ခဲနဲ့ပစ်ပေါက်ခဲ့ပါတယ်။

သူတို့အနေနဲ့ အဖျက်ခံရတဲ့ဈေးဆိုင်နဲ့နေအိမ်တွေကို ရပ်ကြည့်ယုံကလွဲပြီး ဘာမှပြန်လည် မတုံ့ပြန်နိုင်ခဲ့ကြောင်း၊ အခုလောလောဆယ်ဆယ်မှာ ရှောင်တိမ်းနေရကြောင်းနဲ့ ရှေ့ဆက်ဘယ်လို ဆက်နေသွားရမလဲဆိုတာ မသိရသေး ကြောင်း၊ အခုဖြစ်ခဲ့ကိစ္စဟာ အပြင်လူတွေကနေလာပြီး ဖျက်ဆီးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ အဲ့ဒီဒေသနဲ့နီးတဲ့ ဗုဒ္ဓဘာသာဝင်ရွာကလူတွေကလည်း နေရာသုံးနေရာမှာရှိတဲ့ မွတ်စလင်ဈေးဆိုင်နဲ့ နေအိမ်တွေဖျက်ဆီးခံခဲ့ရတယ်လို့ အတည်ပြုပြောဆိုခဲ့ပါတယ်။

အခုဖြစ်ခဲ့တဲ့ပဋိပက္ခဟာ ကချင်တိုင်းရင်းသား ခရစ်ယာန်ဘာသာဝင် အများစုနေထိုင်တဲ့နေရာမှာ ပထမဦးဆုံးအကြိမ်ဖြစ်ခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ မတ်လကစပြီး ဘာသာရေးပဋိပက္ခတွေ ဖြစ်ပွားခဲ့ပြီး မိထ္ထီလာမှာ ဖြစ်ခဲ့တဲ့ပဋိပက္ခမှာ လူ ၄၃ဦးသေဆုံးခဲ့ပါတယ်။ အကြာသေးခင်က ဥက္ကံမြို့မှာဖြစ်ခဲ့ပဋိပက္ခမှာတော့ လူ တစ်ဦးသေဆုံးခဲ့ပြီး ဆယ်ဦးဒဏ်ရာရခဲ့ပါတယ်။ ဖြစ်ပွားခဲ့တဲ့ပဋိပက္ခတွေမှာ ဗုဒ္ဓဘာသာသံဃာတော်တချို့ ပါဝင်နေတယ်လို့ လေ့လာသူတွေက ယူဆနေကြပါတယ်။
ABC Radio Australia


နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News ကို like လုပ်ထားပါ
မြန်မာနိုင်ငံ မြောက်ဖက်ပိုင်း ကချင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ ဘာသာရေးပဋိပက္ခတွေကြောင့် ဗုဒ္ဓဘာသာ သံဃာတော်နှစ်ပါးကို ရဲတွေကဖမ်းဆီးလိုက်ပါတယ်။
Monks in Burma's Rakhine state protest against violence targeting Buddhists in neighbouring Bangladesh, October 8 2012.
ဗုဒ္ဓဘာသာကိုမတိုက်ခိုက်ဖို့ဆန္ဒပြတောင်းဆိုနေတဲ့သံဃာတော်တွေ (Credit: Reuters)

အဖမ်းခံရသူတွေကို စစ်ဆေးမေးမြန်းနေတုန်းဖြစ်ပြီး သက်သေအထောက်အထား ခိုင်လုံရင်တော့ အရေးယူ သွားမှာဖြစ်တယ်လို့ ကချင်ပြည်နယ်က အမည်မဖော်လိုတဲ့ ရဲအရာရှိတဦးက ပြောပါတယ်။

ကချင်ပြည်နယ်က မွတ်စလင်အမျိုးသမီးတဦးဖြစ်တဲ့ အသက် ၄၆နှစ်အရွယ် မိုးမိုးလွင်ရဲ့ ပြောပြချက်အရ ညနေပိုင်းအချိန်လောက်မှာ လူသုံးဆယ်လောက် ရွာထဲကိုရောက်လာပြီး သူတို့ရဲ့ဈေးဆိုင်နဲ့ နေအိမ်တွေကို ခဲနဲ့ပစ်ပေါက်ခဲ့ပါတယ်။

သူတို့အနေနဲ့ အဖျက်ခံရတဲ့ဈေးဆိုင်နဲ့နေအိမ်တွေကို ရပ်ကြည့်ယုံကလွဲပြီး ဘာမှပြန်လည် မတုံ့ပြန်နိုင် ခဲ့ကြောင်း၊ အခုလောလောဆယ်ဆယ်မှာ ရှောင်တိမ်းနေရကြောင်းနဲ့ ရှေ့ဆက်ဘယ်လို ဆက်နေ သွားရမလဲ ဆိုတာ မသိရသေးကြောင်း၊ အခုဖြစ်ခဲ့ကိစ္စဟာ အပြင်လူတွေကနေလာပြီး ဖျက်ဆီး ခဲ့တာဖြစ် တယ်လို့ ဆိုပါ တယ်။ အဲ့ဒီဒေသနဲ့နီးတဲ့ ဗုဒ္ဓဘာသာဝင် ရွာကလူတွေကလည်း နေရာသုံးနေရာမှာရှိတဲ့ မွတ်စလင်ဈေး ဆိုင်နဲ့ နေအိမ်တွေဖျက်ဆီးခံခဲ့ရတယ်လို့ အတည်ပြုပြောဆိုခဲ့ပါတယ်။

အခုဖြစ်ခဲ့တဲ့ပဋိပက္ခဟာ ကချင်တိုင်းရင်းသား ခရစ်ယာန်ဘာသာဝင် အများစုနေထိုင်တဲ့နေရာမှာ ပထမဦး ဆုံးအကြိမ်ဖြစ်ခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ မတ်လကစပြီး ဘာသာရေးပဋိပက္ခတွေ ဖြစ်ပွားခဲ့ပြီး မိထ္ထီလာမှာ ဖြစ်ခဲ့တဲ့ပဋိပက္ခမှာ လူ ၄၃ဦးသေဆုံးခဲ့ပါတယ်။ အကြာသေးခင်က ဥက္ကံမြို့မှာဖြစ်ခဲ့ပဋိပက္ခမှာတော့ လူ တစ်ဦးသေဆုံးခဲ့ပြီး ဆယ်ဦး ဒဏ်ရာ ရခဲ့ပါတယ်။ ဖြစ်ပွားခဲ့တဲ့ပဋိပက္ခတွေမှာ ဗုဒ္ဓဘာသာသံဃာတော်တချို့ ပါဝင်နေတယ်လို့ လေ့လာ သူတွေက ယူဆနေကြပါတယ်။
ABC Radio Australia


34Like · ·

No comments:

Post a Comment