(၁)အသက်ရှင်ရန် အိပ်ပါ
အသက် ရှင်ဖို့ အစာစား ရသလို အိပ်တာ ဟာလည်း အရေးကြီး ပါတယ်။ အစာ အစာ ချိုတဲ့ရင် ဖြစ်တတ်
သလိုမျိုး အအိပ် ချို့တဲ့တဲ့ တိရစ္ဆာန်တွေဟာနှစ်ပတ်မှ သုံးပတ်အတွင်းသေဆုံး သွားတယ်လို့ သိပ္ပံပညာ ရှင် တွေကတွေ့ရှိခဲ့ ပါတယ်။
(၂)အိပ်ပျော်စေရန် ဖျော်ရည်သောက်ပါ
ပန်းသီး သုံးလုံး၊ လိမ္မော်သီး နှစ်လုံး၊ ရှောက်သီး တစ်စိတ်၊ ဆလတ်ရွက် လက်နှစ် ဆုပ်စာကို ရောစပ်
ထားတဲ့ ဖျော်ရည် တစ်ခွက်ကို အိပ်ရာ မဝင်ခင်ေ သာက်ပေးရင် ကလေး ငယ်လိုမျိုး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်ပါတယ်။ အဲဒီ အစားအစာ တွေမှာ သဘာဝ အိပ်ဆေးဖြစ်တဲ့ လက်တုန်းတွေ ပါဝင်လို့ပါ။
(၃)နွားနို့သောက်ပါ
Tryptophay ဆိုတာဟာ ပရိုတင်း အစား အစာမှ ရရှိတဲ့၊ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အမိုင် နိုအက်စစ်
ရှစ်မျိုးထဲက တစ်မျိုး ဖြစ်ပြီး နွားနို့နဲ့ အသားမှာ များစွာ ပါဝင်ပါတယ်။အိပ်စက်မှုကိုကောင်းမွန်စေပြီး ဦးနှောက်တွင်းအိပ်စက်မှု ကောင်းစေ တဲ့ ဟော်မုန်းတွေ ထွက်လာအောင် လှုံ့ဆော် နိုင်လို့ပါ။
(၄) ငှက်ပျောသီး စားပါ
ငှက်ပျောသီး၊ ခရမ်းချဉ်သီး၊ အုတ်စပါးနဲ့ ဆန်လိုမျိုး တချို့အစား အစာတွေမှာ မက်လတိုနင် ပါဝင်တဲ့ အတွက်နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်အောင် ထိန်းညှိ ပေးပါတယ်။
(၅)သမ်းဝေတာ ပျောက်အောင် များများအိပ်ပါ
အိပ်ရေးမဝတဲ့ ရက်တွေ များလာရင် လည်ချောင်းတွင်းရှိ ကြွက်သားတွေ တွဲကျလာ ကာ သမ်းဝေတာ
များလာပြီးအအိပ်နည်း သွားပါတယ်။ သမ်းဝေတာ ရပ်အောင် အ နည်းဆုံး တစ်ညကို ခုနစ်နာရီ အိပ်ပေး ပါ။
(၆)ကြံ့ခိုင်မှုပြည့်ဝအောင် အိပ်ရေးဝ၀အိပ်ပါ
အိပ်ရေး မဝတဲ့ ရက်တွေ များ လာရင် နှလုံးသွေးကြောရဲ့ လုပ်ငန်း ဆောင်တာဟာ ၁၁ရာခိုင်နှုန်းထိ ကျဆင်းသွားပါတယ်။ အဓိပ္ပာယ် ကတော့ ကြံ့ခိုင်ပြီး ကျန်းမာလိုရင် အိပ်ဖို့ အရေးကြီး ပါတယ်။
(၇)ခြေထောက်ကို နွေးနွေးထွေးထွေးထားပါ
ခြေေ ထာက်နဲ့ လက်ေ တွမှာ သွေးေ ရှာက်ရှိမှု နည်း သွား ရင် အိပ်ရာက နိုးလာတတ် ပါတယ်။
ဆောင်းရာသီမှာခြေထောက်နွေးအောင် ခြေစွပ်ဝတ်အိပ်ပါ။
(ဂ)အအိပ်ကို ဦးစားပေးပါ
အိပ်ရေး မဝတာကြောင့် ခုခံအား စနစ်နဲ့ ဆုံးဖြ တ်နိုင်မှု စွမ်းရည်တွေ ကျ ဆင်း တတ် တယ်လို့ ကျွမ်းကျင် သူတွေကဆိုပါတယ်။ကျန်းမာတဲ့ဘဝရဖို့အအိပ်ကို ဦးစားပေး ရပါမယ်။ ညစဉ် ညတိုင်းအိပ် ချိန်တူ ညီအောင် လေ့ကျင့်ပါ။
(၉)လှပစေရန် အိပ်ပါ
သင်အိပ်ပျော် နေစဉ်အတွင်း သင့်အရေပြား၊ ဆံပင်နဲ့ လက်သည်းတွေရဲ့ ဆဲလ်တွေအသစ် ပြန် လည် ဖြစ်ပေါ်လာတဲ့ အတွက်ဟာလည်း အိပ်စက် တာကြောင့် ပြန်ကောင်းမွန် လာစေ နိုင်ပါတယ်။
(၁၀)အိပ်ရာမဝင်ခင် ရေချိုးပါ
အိပ်ရာမဝင်ခင်မှာ ရေနွေးနဲ့ ရေချိုးတာကြောင့် ကြွက်သားတွေကို Relax ရရှိစေ ပြီး အိပ်ပျော်စေနိုင် ပါတယ်။
အမှောင်သန်းချိန်မှစပြီး ကဖင်းကို ရှောင်ပါ အိပ်ရာ မဝင်ခင် ကဖင်း သောက်ရင် အိပ်စက်မှု အရည် အသွေးကို ကျဆင်းစေနိုင်ပါတယ်။ ကော်ဖီသာမက ချောကလက်မှာလည်း ကဖင်းပါဝင် တာကြောင့် ချော ကလက်ကိုညအချိန်မှာ မစားပါနဲ့။
(၁၁)ခေါင်းချတာနဲ့ အိပ်ပျော် သလို မဖြစ် ပါစေနဲ့
သင်ဟာ ခေါင်းအုံးပေါ်မှာ ခေါင်းတင် လိုက်ရုံနဲ့ အိပ်ပျော် သူဖြစ်ရင် အအိပ်ချို့တဲ့ တတ်သူ ဖြစ်ပါတယ်။
ကျန်းမာသူ တစ်ယောက်အနေနဲ့ အိပ်ပျော်ဖို့ ၁၀ မိနစ်လောက် အချိန် ယူရတယ်။
ဒေါက်တာခင်မိုးမိုး
Good Health
No comments:
Post a Comment