Thursday, May 2, 2013

ဖားကန့်မြို့မှာ သောက်ရေထဲ အဆိပ်ခတ်မည် ဟူသော ကောလဟာလကြောင့် အစ္စလာမ် ဘာသာဝင်တွေ ပိုင် ဆိုင်များ ဖျက်ဆီးခံရ

ဖားကန့်မြို့မှာ ဒီကနေ့ ညနေ ၅ နာရီလောက်က အစ္စလာမ် ဘာသာဝင်တွေ ပိုင်တဲ့ ၀င်းမေတ္တာ၊ မလိခ၊ ကမ္ဘာကျော် ကုန်မာဆိုင် ၃ဆိုင်ကို လူအုပ်ကြီးက ၀ိုင်း ဖျက်ဆီးခဲ့ကြတယ်လို့ ဒေသခံတွေက ဘီဘီစီ ကို ပြောပါတယ်။ သောက်ရေ ထဲကို အဆိပ်ခပ်မယ် ဆိုတဲ့ ကောလာဟလတွေ ထွက်လာပြီးတဲ့နောက်မှာ အခုလို တိုက်ခိုက်မှုတွေ ဖြစ်ခဲ့တာလို့ ဒေသခံ တယောက်က ဘီဘီစီကို ပြောပါတယ်။ ဖားကန့် အနားက မူဆလင်အများစုနေထိုင်တဲ့ ရွာတွေကို ၀င်ပြီး မောင်းထုတ်ဖို့ ပြင်ဆင်နေတယ် ဆိုတဲ့ ကောလာဟလတွေ လည်း ထွက်နေလို့ လူတွေ စိုးရိမ် ထိတ်လန့်နေကြတယ်လို့လည်း ဆိုပါတယ်။
From...BBC Burmese
 

No comments:

Post a Comment