လေဖြတ်ခံရသည့်လူနာများ၏ အခြေအနေတိုးတက် ကောင်းမွန်လာစေ .ရေးအတွက် သီချင်းများ နားထောင်ခြင်းက အကျိုးသက်ရောက်မှု ထင်ထင်ရှားရှားရှိကြောင်း လန်ဒန်ရှိပညာရှင်များက ပြောကြား လိုက်သည်။
လေဖြတ်မှုခံစားထားရသူများသည် တိတ်ဆိတ်နေမှုကို နှစ်ခြိုက်လေ့မရှိကြောင်း London Imperial Collegeမှ ဒေါက်တာ ဒေးဗစ် ဆော့တိုက ရှင်းပြခဲ့သည်။ အာရုံကြောအထူးကု တစ်ဦးဖြစ် သည့် ဒေါက်တာ ဆော့တို သည် လေဖြတ်ခံ လူနာများ အနေနှင့် အနှစ်သက်ဆုံး သီချင်းများကို ကြားရပါ က မည်သို့သော အကျိုး ကျေးဇူးများ ရရှိ နိုင်သည်ကို အသေးစိတ် လေ့လာသည့် သုတေသန အဖွဲ့အား ဦးဆောင်သူ တစ်ဦးလည်း ဖြစ်သည်။
လူတစ်ဦးချင်းစီအလိုက် အကြိုက်ကွာခြားသော သီချင်းများကို စမ်းဖွင့် ပေးခဲ့ပြီး မှတ်တမ်းမှတ်ရာများ စနစ်တကျ ပြုစုခဲ့ရာ လေဖြတ်မှု အခြေအနေမှ နာလံထလာသူများအတွက် စိတ်ကြိုက်သီချင်းများ နားထောင်ခွင့် ရခြင်းက အလွန် အကျိုး ကျေးဇူးများကြောင်း ဖော်ထုတ် နိုင်ခဲ့သည်။
ဒေါက်တာ ဆော့တိုက အချို့သော လူနာများသည် Kenya Rogers ကို နှစ်သက်ကြောင်း၊ အချို့ကလည်း Frank Sinatra၏ သီချင်းများကို သဘောကျကြောင်း၊ ၎င်းတို့အကြိုက် သီချင်းများအလိုက် နားဆင် ခွင့် ပေးခြင်းက အကျိုးထူးများ ပေါ်ပေါက် စေခဲ့ကြောင်း ရှင်းပြ ခဲ့သည်။
ဗြိတိန်နိုင်ငံတွင် နှစ်စဉ် လေဖြတ်သူ (၁၅၀၀၀၀) ခန့်ရှိပြီး ၎င်းတို့အနက် (၆၀) ရာခိုင်နှုန်းသည် အခြေ အနေ ဆိုးရွားလေ့ ရှိကြောင်း သိရသည်။ ဒေါက်တာ .ဆော့တို က သီချင်းဖွင့် ပေးရာတွင် လူနာ တစ်ဦး ချင်းစီ၏ ကြိုက်နှစ်သက်မှု အလိုက် ရွေးချယ်ရန် လိုအပ်ကြောင်း သတိ ပေးခဲ့သည်။ ကြိုက်နှစ် သက် .သော သီချင်းများကို နားထောင်ခွင့် ရခြင်းကြောင့် လူမမာ ဖြစ်သူ၏ ဦးနှောက်ကို လှုံ့ဆော် မှုများ ပေါ်ပေါက် လာစေပြီး ထိုအခြေအနေသည် ပျော်ရွှင် ကျေနပ်နေသော လူနာ အတွက် ရောဂါဝေဒနာ မှ သက်သာ ပျောက်ကင်း စေရေး အလွန် အရေးကြီးသော သော့ချက် တစ်ခု ဟု ညွှန်းဆိုသွားသည်။
AP News
From...မြ၀တီ
No comments:
Post a Comment