ကမ္ဘာ့ကျန်းမာရေးအဖွဲ့
WHO သည် တရုတ်နိုင်ငံသို့ သွားရောက်ကာ H7N9 တုပ်ကွေး ဗိုင်းရပ်စ် ကို
လေ့လာ စူးစမ်းမှု ပြုလုပ်ခဲ့ရာ ၄င်း H7N9 ဗိုင်းရပ်စ်သည် အခြားသော
တုပ်ကွေးဗိုင်းရပ်စ်များထက် လူအချင်းချင်း ကူးစက်မှုတွင်
ပိုမိုလျင်မြန်ကြောင်း တွေ့ရှိရသည်ဟူသော သတင်းထုတ်ပြန်ချက်ကို မေ ၁၈ ရက်က
ဆင်ဟွာ သတင်း၌ ဖော်ပြထားသည်။
ကမ္ဘာ့ကျန်းမာရေး အဖွဲ့အနေဖြင့် အဆိုပါ H7N9
ဗိုင်းရပ်စ်ကို ရက်သတ္တပတ်ကြာမျှ လေ့လာခဲ့ပြီးနောက် တရုတ်နိုင်ငံ
အမျိုးသားကျန်းမာရေးနှင့် မိသားစုစီမံကိန်းကော်မရှင်က အထက်ပါအတိုင်း
သတင်း ထုတ်ပြန် လိုက်ခြင်းဖြစ်သည်။ ယင်း H7N9 တုပ်ကွေး ဗိုင်းရပ်စ်သည်
အခြားသော ကြက်ငှက်တုပ်ကွေး ဗိုင်းရပ်စ်များနှင့်နှိုင်းယှဉ်ပါက
အချိန်တိုအတွင်း အမြန်ကူးစက်နိုင်သကဲ့သို့ အလွယ်တကူ ကူးစက်စေနိုင် သော
မျိုးဗီဇပြောင်းလဲမှုဖြစ်စဉ်လည်း ရှိသည်ဟုဆိုသည်။ နွေရာသီကာလတွင်
ဗိုင်းရပ်စ် စွမ်းအင်နှင့်ဖြစ်စဉ်များ အားနည်းသွားနိုင်သော်လည်း
စိုးရိမ်ဖွယ်ဘေးအန္တရာယ်ပေးနိုင်သည့် အနေအထား ကို အခြေခံကျကျ
မသိရသေးကြောင်း WHO က သတိပေး ထားသည်။ တရုတ်နိုင်ငံတွင် H7N9
ဗိုင်းရပ်စ်ကြောင့် သေဆုံးရသူ စုစုပေါင်း ၃၅ ဦးအထိရှိပြီး
ရောဂါဖြစ်ပွားခဲ့သူ ၅၇ ဦးမှာ ပြန်လည်ကောင်း မွန် လာသဖြင့် ဆေးရုံမှ
ဆင်းခွင့်ပေးလိုက်ကြောင်း သိရသည်။
ဆင်ဟွာ
No comments:
Post a Comment