Thursday, May 9, 2013

ရွန်နီကို ရောင်းမည် မဟုတ်ဟု မန်ယူကြေညာ

Photo: ရွန်နီကို ရောင်းမည် မဟုတ်ဟု မန်ယူကြေညာ
Thursday,May09,2013

မန်ချက်စတာ ယူနိုက်တက် အသင်းက မိမိတို့ အနေဖြင့် ဝိန်းရွန်နီကို ရောင်းထုတ်ရန် လုံးဝ စိတ်ကူး မရှိကြောင်း ပြောကြားလိုက်သည်။

အသင်းမှ မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန် အနားယူမည်ဟု အတည်ပြု ကြေညာခဲ့သည့်နောက် ရွန်နီသည်လည်း မန်ယူမှ ထွက်ခွာလိုကြောင်း ဖာဂူဆန်ထံ တောင်းဆိုခဲ့ပြီး ၎င်းကို ချယ်လ်ဆီးက ပေါင်စတာလင် (၂၅)သန်းဖြင့် ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း Daily Mailက ဖော်ပြလာခဲ့သည်။ အသက်(၂၇)နှစ်ရှိ တိုက်စစ်မှူး အနေဖြင့် ယခုရာသီ တစ်လျှောက်လုံးတွင် အသင်းမှ ထွက်ခွာရနိုင်ကြောင်း ခန့်မှန်းချက်များနှင့် လုံးထွေးနေခဲ့ရသူ ဖြစ်သည်။ လတ်တလောတွင် မန်ယူအသင်းသည် ကစားသမားများကို ဖာဂူဆန် အနားယူမှုနှင့် ပတ်သက်ပြီး Twitterတွင် တစ်စုံတစ်ရာ မှတ်ချက် မပေးရန် တားမြစ်ထားသည်။

သို့သော်လည်း ယခုအခါ မန်ယူအသင်းက ယင်းသတင်းများကို ငြင်းဆိုခဲ့သည်။ "ရွန်နီကို ရောင်းမှာမဟုတ်ပါဘူး"ဟု အသင်းမှ ထိပ်တန်း အရာရှိ တစ်ဦးက ပြောကြားခဲ့သည်။ ရွန်နီအား အိုးလ်ထရက်ဖို့ဒ်တွင် ဆက်လက် ထိန်းသိမ်းရေးသည် ဖာဂူဆန်၏ နေရာကို ဆက်ခံဖွယ်ရှိကြောင်း သတင်းပြေးနေသည့် အဲဗာတန် မန်နေဂျာ ဒေးဗစ်မိုယက်စ်အတွက် ပထမဆုံး စိန်ခေါ်မှုလည်း ဖြစ်လာဖွယ် ရှိနေသည်။ အခြားသော သတင်းများအရ မန်ယူသည် ရီးယဲလ်မက်ဒရစ်သို့ ရောင်းချခဲ့သည့် ၎င်းတို့၏ တိုက်စစ်မှူးဟောင်း ခရစ္စတီယာနို ရော်နယ်လ်ဒိုကိုလည်း ပြန်လည် ချိတ်ဆက်နေကြောင်း သိရှိရသည်။

soccermyanmar

နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင်  Myanmar Online News ကို like လုပ်ထားပါ

မန်ချက်စတာ ယူနိုက်တက်အသင်းက မိမိတို့အနေဖြင့် ဝိန်းရွန်နီကို ရောင်းထုတ်ရန် လုံးဝစိတ်ကူး မရှိကြောင်း ပြောကြားလိုက်သည်။

အသင်းမှ မန်နေဂျာဆာအဲလက်စ် ဖာဂူဆန်အနားယူမည်ဟု အတည်ပြု ကြေညာခဲ့သည့်နောက် ရွန်နီ သည်လည်း မန်ယူမှ ထွက်ခွာလိုကြောင်း ဖာဂူဆန်ထံ တောင်းဆိုခဲ့ပြီး ၎င်းကို ချယ်လ်ဆီး က ပေါင်စတာ လင် (၂၅)သန်းဖြင့် ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း Daily Mailက ဖော်ပြလာခဲ့သည်။ အသက်(၂၇)နှစ်ရှိ တိုက်စစ်မှူးအနေဖြင့် ယခုရာသီတစ်လျှောက်လုံးတွင် အသင်းမှထွက်ခွာရနိုင်ကြောင်း ခန့်မှန်းချက်များနှင့် လုံးထွေးနေခဲ့ရသူ ဖြစ်သည်။ လတ်တလောတွင် မန်ယူအသင်းသည် ကစားသမားများကို ဖာဂူဆန် အနားယူမှုနှင့် ပတ်သက်ပြီး Twitterတွင် တစ်စုံတစ်ရာ မှတ်ချက် မပေးရန် တားမြစ်ထားသည်။

သို့သော်လည်း ယခုအခါ မန်ယူအသင်းက ယင်းသတင်းများကို ငြင်းဆိုခဲ့သည်။ "ရွန်နီကို ရောင်းမှာ မဟုတ် ပါဘူး"ဟု အသင်းမှ ထိပ်တန်း အရာရှိ တစ်ဦးက ပြောကြားခဲ့သည်။ ရွန်နီအား အိုးလ်ထရက်ဖို့ဒ်တွင် ဆက်လက် ထိန်းသိမ်းရေးသည် ဖာဂူဆန်၏ နေရာကို ဆက်ခံဖွယ်ရှိကြောင်း သတင်းပြေးနေသည့် အဲဗာတန် မန်နေဂျာ ဒေးဗစ်မိုယက်စ်အတွက် ပထမဆုံး စိန်ခေါ်မှုလည်း ဖြစ်လာဖွယ် ရှိနေသည်။ အခြားသော သတင်းများအရ မန်ယူသည် ရီးယဲလ်မက်ဒရစ်သို့ ရောင်းချခဲ့သည့် ၎င်းတို့၏ တိုက်စစ် မှူးဟောင်း ခရစ္စတီယာနို ရော်နယ်လ်ဒိုကိုလည်း ပြန်လည် ချိတ်ဆက်နေကြောင်း သိရှိရသည်။

soccermyanmar

No comments:

Post a Comment