Thursday, May 9, 2013

ရန်ကုန်မြို့ စက်မှုဇုန်များအား ၂၄ နာရီ မီးဖြတ်တောက်လိုက်ခြင်းမှာ လူနေရပ်ကွက်များကို ပုံမှန်မီးပေးနိုင်ရန်ဖြစ်ပြီး အလှည့်ကျ မီးပေးစနစ် စတင်မည်ဆိုပါက ကြိုတင်အသိပေးမည်

Photo: ရန်ကုန်မြို့ စက်မှုဇုန်များအား ၂၄ နာရီ မီးဖြတ်တောက်လိုက်ခြင်းမှာ လူနေရပ်ကွက်များကို ပုံမှန်မီးပေးနိုင်ရန်ဖြစ်ပြီး အလှည့်ကျ မီးပေးစနစ် စတင်မည်ဆိုပါက ကြိုတင်အသိပေးမည်
Thursday,May09,2013

ရန်ကုန်မြို့ စက်မှုဇုန်များအား မေ ၅ ရက်အထိ တစ်နေ့ငါးနာရီ မီးပေးနေရာမှ မေ ၆ ရက်မှစ၍ ၂၄ နာရီ မီးလုံးဝ ဖြတ်တောက်ထားခြင်းမှာ လူနေရပ်ကွက်များအား ပုံမှန်မီးပေးနိုင်ရန် ဖြစ်ကြောင်းနှင့် အလှည့်ကျ မီးပေးစနစ်ကိုမူ လက်ရှိပြုလုပ်မည် မဟုတ်ဘဲ ပြုလုပ်ပါက ကြိုတင် အသိပေး ကြေညာသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ရေအားလျှပ်စစ် ရရှိမှုအပေါ် အဓိက အားကိုးနေရခြင်းဖြစ်ရာ ယခုကဲ့သို့ ရေအားလျှပ်စစ် ထုတ်လုပ်မှု လျှော့နည်းလာခြင်းကြောင့် လူနေရပ်ကွက်များတွင် မကြာခဏ လျှပ်စစ်ဓာတ်အား ပြတ်တောက်ခြင်းများ လက်ရှိတွင် ဆိုးဆိုးဝါးဝါး ဖြစ်ပေါ်လျက် ရှိသည်။ ရေအားလျှပ်စစ် ထုတ်လုပ်မှု လျော့နည်းချိန်၌ အခြားနည်းလမ်းဖြင့် လျှပ်စစ်မီးပေးနိုင်ရန်အတွက် ဓာတ်ငွေ့သုံးစက်များ ပြည်ပမှ ရောက်ရှိပြီး ဖြစ်သော်လည်း ချက်ချင်းလည်ပတ်၍ မရနိုင်ကြောင်း သိရသည်။

"ပြည်သူတွေက Complain တက်ကြတယ်။ ပြည်ပကနေ ဂက်စ်တာဘိုင်တွေ ရောက်နေပေမယ့် ဘာလို့ မီးတွေပျက်နေသလဲပေါ့။ လျှပ်စစ်ဓာတ်အား ပေးဖို့အတွက် ပြည်ပကနေ ဂက်စ်တာဘိုင်တွေ ရောက်နေတယ် ဆိုပေမယ့် အိမ်သုံးမီးစက်တွေလို ချက်ချင်း ဓာတ်ဆီထည့်ပြီး မောင်းလို့ရတာ မဟုတ်ဘူး။ ဒီစက်တွေ လည်ပတ်ဖို့အတွက် တပ်ဆင်ရတဲ့ အစိတ်အပိုင်းတွေ၊ တည်ဆောက်ရတဲ့ အပိုင်းတွေ ရှိသေးတဲ့အတွက် အချိန်အတိုင်းအတာ တစ်ခုအထိ စောင့်ရပါတယ်" ဟု ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့တာဝန်ရှိသူ တစ်ဦးက ပြောသည်။

လက်ရှိ ရန်ကုန်မြို့တော်တွင် လျှပ်စစ်မီးများ မကြာခဏ ပြတ်တောက်နေခြင်းကြောင့် ပြည်သူများမှ အလှည့်ကျ မီးပေးစနစ် စတင်နေပြီဟု ပြောနေကြရာ လက်ရှိတွင် အလှည့်ကျ မီးပေးစနစ် ပြုလုပ်ဦးမည် မဟုတ်ဘဲ ထိုသို့ပြုလုပ်မည် ဆိုပါကလည်း ပြည်သူသို့ ကြိုတင်အသိပေး ကြေညာသွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ယခုမေလအတွင်း ရန်ကုန်မြို့တော်၏ လျှပ်စစ်ဓာတ်အား ရရှိမှု အခြေအနေမှာ ရေအားလျှပ်စစ် ထုတ်လုပ်နိုင်မှုအပေါ် မူတည်နေပြီး လာမည့်လတွင်လည်း လျှပ်စစ်ဓာတ်အား ပုံမှန်ရနိုင်မှု၊ မရရှိနိုင်မှုမှာလည်း အတိအကျပြော၍ မရနိုင်သေးကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့မှ သိရသည်။ စက်မှုဇုန်များတွင် ၂၄ နာရီပတ်လုံး မီးမဖြတ်တောက်မီက တစ်နေ့ငါးနာရီ မီးရရှိသော်လည်း ငါးနာရီ ကာလအပိုင်းအခြား၌ပင် မကြာခဏ မီးပြတ်နေကြောင်း၊ လက်ရှိတွင် မီးလုံးဝ ဖြတ်တောက်ထားခြင်းကြောင့် ကုန်ထုတ်လုပ်မှု အပိုင်း၌ အခက်အခဲများစွာ ရှိနေကြောင်း သိရသည်။

Eleven Media Group
နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News  ကို like လုပ်ထားပါ

(ဓာတ်ပုံ - ရန်ကုန်မြို့လယ် ဗိုလ်ချုပ်လမ်းအနီး တစ်ဝိုက်အား မေလဆန်းပိုင်းက တွေ့ရစဉ်)
(ဓာတ်ပုံ - ရန်ကုန်မြို့လယ် ဗိုလ်ချုပ်လမ်းအနီး တစ်ဝိုက်အား မေလဆန်းပိုင်းက တွေ့ရစဉ်)
ရန်ကုန်မြို့ စက်မှုဇုန်များအား မေ ၅ ရက်အထိ တစ်နေ့ငါးနာရီ မီးပေးနေရာမှ မေ ၆ ရက်မှစ၍ ၂၄ နာရီ မီးလုံးဝ ဖြတ်တောက်ထားခြင်းမှာ လူနေရပ်ကွက်များအား ပုံမှန်မီးပေးနိုင်ရန် ဖြစ်ကြောင်းနှင့် အလှည့်ကျ မီးပေးစနစ်ကိုမူ လက်ရှိပြုလုပ်မည် မဟုတ်ဘဲ ပြုလုပ်ပါက ကြိုတင် အသိပေး ကြေညာသွား မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ရေအားလျှပ်စစ်ရရှိမှုအပေါ် အဓိကအားကိုးနေရခြင်းဖြစ်ရာ ယခုကဲ့သို့ ရေအားလျှပ်စစ် ထုတ်လုပ် မှု လျှော့နည်းလာခြင်းကြောင့် လူနေရပ်ကွက်များတွင် မကြာခဏ လျှပ်စစ်ဓာတ်အား ပြတ်တောက်ခြင်း များ လက်ရှိတွင် ဆိုးဆိုးဝါးဝါး ဖြစ်ပေါ်လျက် ရှိသည်။ ရေအားလျှပ်စစ်ထုတ်လုပ်မှု လျော့နည်းချိန်၌ အခြားနည်းလမ်းဖြင့် လျှပ်စစ်မီးပေးနိုင်ရန်အတွက် ဓာတ်ငွေ့သုံးစက်များ ပြည်ပမှ ရောက်ရှိပြီး ဖြစ်သော် လည်း ချက်ချင်းလည်ပတ်၍ မရနိုင်ကြောင်း သိရသည်။

"ပြည်သူတွေက Complain တက်ကြတယ်။ ပြည်ပကနေ ဂက်စ်တာဘိုင်တွေ ရောက်နေပေမယ့် ဘာလို့ မီးတွေပျက်နေသလဲပေါ့။ လျှပ်စစ်ဓာတ်အား ပေးဖို့အတွက် ပြည်ပကနေ ဂက်စ်တာဘိုင်တွေ ရောက်နေ တယ် ဆိုပေမယ့် အိမ်သုံးမီးစက်တွေလို ချက်ချင်း ဓာတ်ဆီထည့်ပြီး မောင်းလို့ရတာ မဟုတ်ဘူး။ ဒီစက်တွေ လည်ပတ်ဖို့အတွက် တပ်ဆင်ရတဲ့ အစိတ်အပိုင်းတွေ၊ တည်ဆောက်ရတဲ့ အပိုင်းတွေ ရှိသေးတဲ့အတွက် အချိန်အတိုင်းအတာ တစ်ခုအထိ စောင့်ရပါတယ်" ဟု ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့တာဝန်ရှိသူ တစ်ဦးက ပြောသည်။

လက်ရှိရန်ကုန်မြို့တော်တွင် လျှပ်စစ်မီးများ မကြာခဏ ပြတ်တောက်နေခြင်းကြောင့် ပြည်သူများမှ အလှည့်ကျ မီးပေးစနစ် စတင်နေပြီဟု ပြောနေကြရာ လက်ရှိတွင် အလှည့်ကျ မီးပေးစနစ် ပြုလုပ်ဦးမည် မဟုတ်ဘဲ ထိုသို့ပြုလုပ်မည် ဆိုပါကလည်း ပြည်သူသို့ ကြိုတင်အသိပေး ကြေညာသွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ယခုမေလအတွင်း ရန်ကုန်မြို့တော်၏လျှပ်စစ်ဓာတ်အားရရှိမှု အခြေအနေမှာ ရေအားလျှပ်စစ် ထုတ်လုပ်နိုင်မှုအပေါ်မူတည်နေပြီး လာမည့်လတွင်လည်း လျှပ်စစ်ဓာတ်အား ပုံမှန်ရနိုင်မှု၊ မရရှိနိုင် မှုမှာလည်း အတိအကျပြော၍ မရနိုင်သေးကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့မှ သိရသည်။ စက်မှုဇုန်များတွင် ၂၄ နာရီပတ်လုံး မီးမဖြတ်တောက်မီက တစ်နေ့ငါးနာရီ မီးရရှိသော်လည်း ငါးနာရီ ကာလအပိုင်းအခြား၌ပင် မကြာခဏ မီးပြတ်နေကြောင်း၊ လက်ရှိတွင် မီးလုံးဝ ဖြတ်တောက် ထားခြင်းကြောင့် ကုန်ထုတ်လုပ်မှု အပိုင်း၌ အခက်အခဲများစွာ ရှိနေကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment