Monday, May 20, 2013

အေးရှားဝေါလ်ကုမ္ပဏီမှ ကမ်းနားလမ်းသစ် ဖြတ်သန်းခ ကောက်ခံမှု တစ်လအတွင်း ကျပ် ၁၇၇၇ သိန်းကျော်ရရှိ၊ ငါးမိုင်သာရှိသောလမ်းမှ တစ်နှစ်လျှင် ပျမ်းမျှ ကျပ်သန်းပေါင်း ၂၁၀၀ ကျော်အထိ ပြန်ရမည်

Photo: အေးရှားဝေါလ်ကုမ္ပဏီမှ ကမ်းနားလမ်းသစ် ဖြတ်သန်းခ ကောက်ခံမှု တစ်လအတွင်း ကျပ် ၁၇၇၇ သိန်းကျော်ရရှိ၊ ငါးမိုင်သာရှိသောလမ်းမှ တစ်နှစ်လျှင် ပျမ်းမျှ ကျပ်သန်းပေါင်း ၂၁၀၀ ကျော်အထိ ပြန်ရမည်

အများပြည်သူပိုင် မြေပေါ်တွင် ဖောက်လုပ်ထားသော ရန်ကုန်မြို့ ကမ်းနားလမ်းသစ်အား လမ်းအသုံးပြုခ ကောက်ခံရာတွင် တစ်လအတွင်း၌ပင် ကျပ် ၁၇၇၇ သိန်းကျော် ရရှိခဲ့ကြောင်း သတင်းရရှိသည်။

အေးရှားဝေါလ် ကုမ္ပဏီနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီတို့ ပူးပေါင်းလုပ်ကိုင်ခြင်းဖြစ်ပြီး ကမ်းနားလမ်းသစ် အရှည်မှာ ကြည့်မြင်တိုင်မှ ဗားဂရာကမ်းနား ဒေသအထိ ၅ ဒသမ ၀၆၉ မိုင်သာ ရှိကြောင်း သိရသည်။

၂၀၁၃ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ ဧပြီလ ၃၀ ရက်နေ့အထိ တစ်လအတွင်း ကုန်ကားကြီး ၃၄၉၂၆ စီး ဖြတ်သန်းပြီး တစ်စီးလျှင် ၄၀၀၀ ကျပ်နှုန်းဖြင့် ကျပ် ၁၃၉၇ သိန်းကျော် ရရှိခဲ့ကြောင်း၊ ယာဉ်ငယ် ၂၅၃၄၇ စီးဖြတ်သန်းပြီး တစ်စီးလျှင် ၁၅၀၀ ကျပ်နှုန်းဖြင့် ကျပ်သိန်း ၃၈၀ ရရှိကြောင်း၊ စုစုပေါင်း ကျပ် ၁၇၇၇ ကျော် ရရှိခဲ့ ဖြစ်ကြောင်း သိရသည်။

ထို့အတွက် တစ်လ၀င်ငွေကျပ် ၁၇၇၇ သိန်းကျော်ဆိုပါက တစ်နှစ်လျှင် ပျမ်းမျှကျပ်သန်းပေါင်း ၂၁၀၀ ကျော်အထိ ရရှိနိုင်မည်ဖြစ်သည်။

အဆိုပါ ကမ်းနားလမ်းသစ်အား လမ်းအသုံးပြုခ ကောက်ခံခွင့်ကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ၇/၂၀၁၃ ကြိမ်မြောက် အစည်းအဝေးတွင် ခွင့်ပြုပေးခဲ့ခြင်း ဖြစ်ပြီး Virtue Land Co.,Ltd အမည်နှင့် BOT စနစ်ဖြင့် လမ်းပြုပြင်ဖောက်လုပ်၍ လမ်းအသုံးပြုခ ကောက်ခံခြင်း လုပ်ငန်းအဖြစ် ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။

စတင်မကောက်ခံမီက ကုန်ကားလုပ်ငန်း လုပ်ကိုင်သူများက ကုန်ကားကြီး တစ်စီး ၄၀၀၀ ကျပ် ဆိုသည်မှာ များပြားသည့် အတွက် ကျပ် ၂၀၀၀ သာ ကောက်ခံရန် အဆိုပြုခဲ့သော်လည်း တရားဝင် စတင်ကောက်ခံသည့် နေ့မှစ၍ ကျပ် ၄၀၀၀ ဖြင့်သာ ကောက်ခံခဲ့ခြင်း ဖြစ်သည်။

BOT စနစ်ဖြင့် လမ်းပြုပြင် ဖောက်လုပ်၍ လမ်းတံတားကြေး ကောက်ခံရာတွင် လုပ်ကိုင်ခွင့် ရရှိသူသည် စတင်ကောက်ခံသည့် ပထမ သုံးနှစ်တာကာလအတွက် အခွန်ကင်းလွတ်ခွင့် ရရှိပြီး လေးနှစ်မြောက်မှစ၍ ၁၃ နှစ်မြောက်အထိ ၁၀ နှစ်တာ ကာလအတွင်း ငါးရာခိုင်နှုန်းသာ ပေးသွင်းရန် ယခင်ကတည်းက သတ်မှတ်ထားသည်။

၎င်းအပြင် ၁၄ နှစ်မြောက်မှ ၂၃ နှစ်မြောက်အထိ နောက်ထပ် ၁၀ နှစ်အတွင်း၌လည်း ၁၀ ရာခိုင်နှုန်းသာ ပေးသွင်းရမည်ဖြစ်ပြီး ၂၄ နှစ်မြောက်မှ ၃၃ နှစ်မြောက်အထိ နောက်ထပ် ၁၀ နှစ်အတွင်း၌လည်း ၁၅ ရာခိုင်နှုန်းသာ ပေးသွင်းရန် လမ်းတံတားများအား BOT စနစ်ဖြင့် ပေးစဉ်က သတ်မှတ်ထားခဲ့ခြင်းဖြစ်သည်။

အချုပ်အားဖြင့်ဆိုသော် လုပ်ကိုင်ခွင့်ရမှု ၃၈ နှစ်ပြည့်သည်အထိ အခွန်ကို အများဆုံး ၂၀ ရာခိုင်နှုန်းသာ ပေးဆောင်ရပြီး ၃၈ နှစ်ကျော်လျှင်လည်း အပြည့်မဟုတ်ဘဲ နိုင်ငံတော်မှ သတ်မှတ်သည့်နှုန်းသာ ပေးဆောင်နိုင်သေးသည်။

ထို့အတွက် လုပ်ငန်းရှင် အများစုမှာ BOT စနစ်ဖြင့် လုပ်ကိုင်ခွင့်များကို ပိုမိုစိတ်ဝင်စားပြီး BOT စနစ်ဖြင့် မြေငှားရမ်းကာ စီးပွားဖြစ်လုပ်ခြင်း၊ လမ်းတံတားများ ပြုပြင်ထိန်းသိမ်းကာ လမ်းအသုံးပြုခ ကောက်ခြင်း၊ စက်ရုံများငှားရမ်း လုပ်ကိုင်ခြင်းကို တောက်လျှောက်ရယူ လုပ်ကိုင်ကြခြင်းဖြစ်သည်။

အခွန်လျော့ပေါ့မှုမှာ လုပ်ငန်းတစ်ခုနှင့်တစ်ခု မတူသော်လည်း ကင်းလွတ်ခွင့်အား မည်သူမဆို အနည်းနှင့်အများ ရရှိကြပြီး ပထမသုံးနှစ် အခွန်ကင်းလွတ်ခွင့်မှာ လူတိုင်းရရှိသည့် အခွင့်အရေးဖြစ်သည်။

သတ်မှတ်ထားချက်အတိုင်း ဆိုပါက ကမ်းနားလမ်းသစ်မှ ပျမ်းမျှရရှိနိုင်သည့် တစ်နှစ် ကျပ်သန်း ၂၁၀၀ ကျော်၊ သုံးနှစ် ကျပ်သန်း ၆၃၀၀ ကျော် ကောက်ခံပြီးသည့် အချိန်အထိ အခွန်ကင်းလွတ်ခွင့် ရရှိမည်ဖြစ်ပြီး နောက်ပိုင်းနှစ်များတွင်သာ အနည်းငယ် ပေးဆောင်ရမည် ဖြစ်သည်။

BOT စနစ်ဖြင့် လုပ်ကိုင်သူများ နိုင်ငံတော်သို့ အခွန်ပေးသွင်းရမည့် သတ်မှတ်ထားချက်များ

(၁)     စတင်ကောက်ခံသည့် ပထမ သုံးနှစ်တာ ကာလအတွက် နိုင်ငံတော်သို့ အခွန်ပေးသွင်းခြင်းကို ကင်းလွတ်ခွင့်ပြု

(၂)     လေးနှစ်မှ ၁၃ နှစ်မြောက်အထိ ၁၀ နှစ်တာကာလအတွင်း ငါးရာခိုင်နှုန်း ပေးသွင်းရန်

(၃)     ၁၄ နှစ်မြောက်မှ ၂၃ နှစ်မြောက်အထိ ၁၀ နှစ်တာ ကာလအတွင်း ၁၀ ရာခိုင်နှုန်းပေးသွင်းရန်

(၄)     ၂၄ နှစ်မြောက်မှ ၃၃ နှစ်မြောက်အထိ ၁၀ နှစ်တာ ကာလအတွင်း ၁၅ ရာခိုင်နှုန်းပေးသွင်းရန်

(၅)     ၃၄ နှစ်မြောက်မှ ၃၈ နှစ်မြောက် အထိ ငါးနှစ်တာ ကာလအတွင်း ၂၀ ရာခိုင်နှုန်းပေးသွင်းရန်

(၆)     ၃၈ နှစ်ကျော်ကာလအတွက် အချိန်တိုးမြှင့်ကောက်ခံခွင့် တင်ပြချိန်တွင် နိုင်ငံတော်မှ သတ်မှတ်ပေးသည့် ရာခိုင်နှုန်းအတိုင်း ပေးသွင်းရန်

(၇)     နှစ် ၄၀ ပြည့်ပြီးနောက် ဆက်လက်ဆောင်ရွက်လိုပါက ကောက်ခံမှု သက်တမ်းကာလကို တစ်ကြိမ်လျှင် ငါးနှစ်အထိ သုံးကြိမ်သက်တမ်းတိုးမြှင့် လုပ်ကိုင်ခွင့်ရရှိရေးကို နိုင်ငံတော်သို့ တင်ပြလျှောက်ထားရမည်။

ကမ်းနားလမ်းသစ်ရှိ လမ်းအသုံးပြုခ ကောက်ခံရေးစခန်းတစ်ခုကို တွေ့ရစဉ်။ (ဓာတ်ပုံ-အောင်မျိုးသန့်)
ကမ်းနားလမ်းသစ်ရှိ လမ်းအသုံးပြုခ ကောက်ခံရေးစခန်းတစ်ခုကို တွေ့ရစဉ်။ (ဓာတ်ပုံ-အောင်မျိုးသန့်)
အများပြည်သူပိုင် မြေပေါ်တွင် ဖောက်လုပ်ထားသော ရန်ကုန်မြို့ ကမ်းနားလမ်းသစ်အားလမ်း အသုံးပြု ခ ကောက်ခံရာတွင် တစ်လအတွင်း၌ပင် ကျပ် ၁၇၇၇ သိန်းကျော် ရရှိခဲ့ကြောင်း သတင်းရရှိသည်။
အေးရှားဝေါလ် ကုမ္ပဏီနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီတို့ ပူးပေါင်းလုပ်ကိုင်ခြင်းဖြစ်ပြီး ကမ်းနားလမ်းသစ် အရှည်မှာ ကြည့်မြင်တိုင်မှ ဗားဂရာကမ်းနား ဒေသအထိ ၅ ဒသမ ၀၆၉ မိုင်သာ ရှိကြောင်း သိရသည်။

၂၀၁၃ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ ဧပြီလ ၃၀ ရက်နေ့အထိ တစ်လအတွင်း ကုန်ကားကြီး ၃၄၉၂၆ စီး ဖြတ် သန်းပြီး တစ်စီးလျှင် ၄၀၀၀ ကျပ်နှုန်းဖြင့် ကျပ် ၁၃၉၇ သိန်းကျော် ရရှိခဲ့ကြောင်း၊ ယာဉ်ငယ် ၂၅၃၄၇ စီးဖြတ်သန်းပြီး တစ်စီးလျှင် ၁၅၀၀ ကျပ်နှုန်းဖြင့် ကျပ်သိန်း ၃၈၀ ရရှိကြောင်း၊ စုစုပေါင်း ကျပ် ၁၇၇၇ ကျော် ရရှိခဲ့ ဖြစ်ကြောင်း သိရသည်။

ထို့အတွက် တစ်လ၀င်ငွေကျပ် ၁၇၇၇ သိန်းကျော်ဆိုပါက တစ်နှစ်လျှင် ပျမ်းမျှကျပ်သန်းပေါင်း ၂၁၀၀ ကျော် အထိ ရရှိနိုင်မည်ဖြစ်သည်။

အဆိုပါ ကမ်းနားလမ်းသစ်အား လမ်းအသုံးပြုခ ကောက်ခံခွင့်ကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ၇/၂၀၁၃ ကြိမ်မြောက် အစည်းအဝေးတွင် ခွင့်ပြုပေးခဲ့ခြင်း ဖြစ်ပြီး Virtue Land Co.,Ltd အမည်နှင့် BOT စနစ်ဖြင့် လမ်းပြုပြင်ဖောက်လုပ်၍ လမ်းအသုံးပြုခ ကောက်ခံခြင်း လုပ်ငန်းအဖြစ် ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။

စတင်မကောက်ခံမီက ကုန်ကားလုပ်ငန်း လုပ်ကိုင်သူများက ကုန်ကားကြီး တစ်စီး ၄၀၀၀ ကျပ် ဆိုသည်မှာ များပြားသည့်အတွက် ကျပ် ၂၀၀၀ သာ ကောက်ခံရန် အဆိုပြုခဲ့သော်လည်း တရားဝင် စတင်ကောက်ခံ သည့် နေ့မှစ၍ ကျပ် ၄၀၀၀ ဖြင့်သာ ကောက်ခံခဲ့ခြင်း ဖြစ်သည်။

BOT စနစ်ဖြင့် လမ်းပြုပြင် ဖောက်လုပ်၍ လမ်းတံတားကြေး ကောက်ခံရာတွင် လုပ်ကိုင်ခွင့် ရရှိသူသည် စတင်ကောက်ခံသည့် ပထမ သုံးနှစ်တာကာလအတွက် အခွန်ကင်းလွတ်ခွင့် ရရှိပြီး လေးနှစ်မြောက်မှစ၍ ၁၃ နှစ်မြောက်အထိ ၁၀ နှစ်တာ ကာလအတွင်း ငါးရာခိုင်နှုန်းသာ ပေးသွင်းရန် ယခင်ကတည်းက သတ်မှတ်ထားသည်။

၎င်းအပြင် ၁၄ နှစ်မြောက်မှ ၂၃ နှစ်မြောက်အထိ နောက်ထပ် ၁၀ နှစ်အတွင်း၌လည်း ၁၀ ရာခိုင်နှုန်းသာ ပေးသွင်းရမည်ဖြစ်ပြီး ၂၄ နှစ်မြောက်မှ ၃၃ နှစ်မြောက်အထိ နောက်ထပ် ၁၀ နှစ်အတွင်း၌ လည်း ၁၅ ရာခိုင်နှုန်းသာ ပေးသွင်းရန် လမ်းတံတားများအား BOT စနစ်ဖြင့် ပေးစဉ်က သတ်မှတ်ထား ခဲ့ခြင်းဖြစ်သည်။

အချုပ်အားဖြင့်ဆိုသော် လုပ်ကိုင်ခွင့်ရမှု ၃၈ နှစ်ပြည့်သည်အထိ အခွန်ကို အများဆုံး ၂၀ ရာခိုင်နှုန်း သာ ပေးဆောင်ရပြီး ၃၈ နှစ်ကျော်လျှင်လည်း အပြည့်မဟုတ်ဘဲ နိုင်ငံတော်မှ သတ်မှတ်သည့်နှုန်း သာ ပေးဆောင်နိုင်သေးသည်။

ထို့အတွက် လုပ်ငန်းရှင် အများစုမှာ BOT စနစ်ဖြင့် လုပ်ကိုင်ခွင့်များကို ပိုမိုစိတ်ဝင်စားပြီး BOT စနစ်ဖြင့် မြေငှားရမ်းကာ စီးပွားဖြစ်လုပ်ခြင်း၊ လမ်းတံတားများ ပြုပြင်ထိန်းသိမ်းကာ လမ်းအသုံးပြု ခ ကောက်ခြင်း၊ စက်ရုံများငှားရမ်း လုပ်ကိုင်ခြင်းကို တောက်လျှောက်ရယူ လုပ်ကိုင်ကြခြင်းဖြစ်သည်။

အခွန်လျော့ပေါ့မှုမှာ လုပ်ငန်းတစ်ခုနှင့်တစ်ခု မတူသော်လည်း ကင်းလွတ်ခွင့်အား မည်သူမဆို အနည်းနှင့်အများ ရရှိကြပြီး ပထမသုံးနှစ် အခွန်ကင်းလွတ်ခွင့်မှာ လူတိုင်းရရှိသည့် အခွင့်အရေးဖြစ်သည်။

သတ်မှတ်ထားချက်အတိုင်း ဆိုပါက ကမ်းနားလမ်းသစ်မှ ပျမ်းမျှရရှိနိုင်သည့် တစ်နှစ် ကျပ်သန်း ၂၁၀၀ ကျော်၊ သုံးနှစ် ကျပ်သန်း ၆၃၀၀ ကျော် ကောက်ခံပြီးသည့် အချိန်အထိ အခွန်ကင်းလွတ်ခွင့် ရရှိမည်ဖြစ်ပြီး နောက်ပိုင်းနှစ်များတွင်သာ အနည်းငယ် ပေးဆောင်ရမည် ဖြစ်သည်။

BOT စနစ်ဖြင့် လုပ်ကိုင်သူများ နိုင်ငံတော်သို့ အခွန်ပေးသွင်းရမည့် သတ်မှတ်ထားချက်များ

(၁) စတင်ကောက်ခံသည့် ပထမ သုံးနှစ်တာ ကာလအတွက် နိုင်ငံတော်သို့ အခွန်ပေးသွင်းခြင်းကို ကင်းလွတ်ခွင့်ပြု

(၂) လေးနှစ်မှ ၁၃ နှစ်မြောက်အထိ ၁၀ နှစ်တာကာလအတွင်း ငါးရာခိုင်နှုန်း ပေးသွင်းရန်

(၃) ၁၄ နှစ်မြောက်မှ ၂၃ နှစ်မြောက်အထိ ၁၀ နှစ်တာ ကာလအတွင်း ၁၀ ရာခိုင်နှုန်းပေးသွင်းရန်

(၄) ၂၄ နှစ်မြောက်မှ ၃၃ နှစ်မြောက်အထိ ၁၀ နှစ်တာ ကာလအတွင်း ၁၅ ရာခိုင်နှုန်းပေးသွင်းရန်

(၅) ၃၄ နှစ်မြောက်မှ ၃၈ နှစ်မြောက် အထိ ငါးနှစ်တာ ကာလအတွင်း ၂၀ ရာခိုင်နှုန်းပေးသွင်းရန်

(၆) ၃၈ နှစ်ကျော်ကာလအတွက် အချိန်တိုးမြှင့်ကောက်ခံခွင့် တင်ပြချိန်တွင် နိုင်ငံတော်မှ သတ်မှတ်ပေးသည့် ရာခိုင်နှုန်းအတိုင်း ပေးသွင်းရန်

(၇) နှစ် ၄၀ ပြည့်ပြီးနောက် ဆက်လက်ဆောင်ရွက်လိုပါက ကောက်ခံမှု သက်တမ်းကာလကို တစ်ကြိမ်လျှင် ငါးနှစ်အထိ သုံးကြိမ်သက်တမ်းတိုးမြှင့် လုပ်ကိုင်ခွင့်ရရှိရေးကို နိုင်ငံတော်သို့ တင်ပြလျှောက်ထားရမည်။


Eleven Media Group

No comments:

Post a Comment