Monday, May 20, 2013

မဟာရန်ကုန် မြို့ပြသယ်ယူ ပို့ဆောင်ရေးအတွက် ရန်ကုန်မြို့တွင်း အများပြည်သူ ခရီးသွားလာမှုဆိုင်ရာ စစ်တမ်းကို အိမ်ထောင်စု ၁၂၀၀၀ ကျော်ထံမှ ကောက်မည်

Photo: မဟာရန်ကုန် မြို့ပြသယ်ယူ ပို့ဆောင်ရေးအတွက် ရန်ကုန်မြို့တွင်း အများပြည်သူ ခရီးသွားလာမှုဆိုင်ရာ စစ်တမ်းကို အိမ်ထောင်စု ၁၂၀၀၀ ကျော်ထံမှ ကောက်မည်

ရန်ကုန်မြို့တော်တွင်း အများပြည်သူ ခရီးသွားလာနေမှုနှင့် ပတ်သက်၍ ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ် ၃၉ မြို့နယ်နေ အိမ်ထောင်စုပေါင်း ၁၂၀၀၀ ကျော်ထံမှ အများပြည်သူ ခရီးသွားလာမှုဆိုင်ရာ စစ်တမ်းကို JICA လေ့လာရေးအဖွဲ့မှ စစ်တမ်းကောက်ယူ မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ယင်းစစ်တမ်း ကောက်ယူမှုမှာ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့နှင့် JICA တို့ ပူးပေါင်း အကောင်အထည် ဖော်နေသည့် 'မဟာရန်ကုန် မြို့ပြသယ်ယူပို့ဆောင်ရေး စီမံကိန်း' ကို အထောက်အကူ ပြုနိုင်မည့် အချက်အလက်များ ရရှိရန် ကောက်ယူခြင်းဖြစ်ကြောင်း၊ လာမည့် ဇွန်လအတွင်း စစ်တမ်းစကောက်ရန် စီစဉ်ထားပြီး သြဂုတ်လကုန်တွင် ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။

စစ်တမ်းကောက်ယူရာတွင် အိမ်ထောင်စုများအား မေးခွန်းများ မေးမြန်းမည်ဖြစ်ပြီး လူတစ်ဦး၏ တစ်နေ့ ခရီးသွားရောက်သည့် အကြိမ်အရေအတွက်၊ ခရီးသွားလျှင် အသုံးပြုသည့် လမ်းကြောင်း၊ ဘတ်စ်ကား စီးနင်းအသုံးပြုပါက ဘယ်နှဆင့် ပြောင်းစီးသလဲ၊ ရထားအသုံးပြုလျှင် မည်သည့်နေရာအထိ ရထားစီးနင်းကာ မည်သည့်နေရာမှ စတင်၍ နောက်တစ်ဆင့် ဘတ်စ်ကားပြောင်းစီးသလဲ စသဖြင့် မေးမြန်းသွားမည် ဖြစ်ကာ ယင်းသို့ မေးမြန်းချက်မှ ထွက်ရှိလာသော အချက်အလက်များအား JICA မှ ပညာရှင်များက တွက်ချက်သွားမည်ဖြစ်ပြီး ရရှိလာသော အဖြေများကို အသုံးပြုကာ Master Plan ရေးဆွဲသွားမည် ဖြစ်ကြောင်းနှင့် ခရီးသွားပြည်သူများ၏ လိုအပ်ချက်များကို ခန့်မှန်းကာ ရန်ကုန်မြို့ပြ သယ်ယူပို့ဆောင်ရေးနှင့် ပတ်သက်သည့် ဖြစ်နိုင်ခြေရှိသော စီမံကိန်းများကို အစိုးရအဖွဲ့သို့ တင်ပြသွားမည် ဖြစ်ကြောင်း သိရသည်။

'မဟာရန်ကုန် မြို့ပြသယ်ယူပို့ဆောင်ရေး စီမံကိန်း' တွင် ရန်ကုန်မြို့တော်တွင် နေထိုင်သောသူများနှင့် လူ့အဖွဲ့အစည်းများအား ထိရောက်ကောင်းမွန်၍ ရေရှည်ထိန်းထားနိုင်သော ပြည်သူ့သယ်ယူပို့ဆောင်ရေးစနစ်၊ လမ်းကွန်ရက်များနှင့်တကွ မော်တော်ယာဉ် စီမံခန့်ခွဲခြင်း နည်းစနစ်များဖြင့် မြို့ပြ၀န်ဆောင်မှုများတွင် ချောမွေ့စေရန် ဦးတည်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့တွင်း သွားလာနေသော ခရီးသည်တင် ဘက်စ်ကားတစ်စီးပေါ်တွင် ခရီးသည်များ ပြည့်ကျပ်စွာ လိုက်ပါစီးနင်း လာသည်ကို တွေ့ရစဉ်
ရန်ကုန်မြို့တွင်း သွားလာနေသော ခရီးသည်တင် ဘက်စ်ကားတစ်စီးပေါ်တွင် ခရီးသည်များ ပြည့်ကျပ်စွာ လိုက်ပါစီးနင်း လာသည်ကို တွေ့ရစဉ်
ရန်ကုန်မြို့တော်တွင်း အများပြည်သူ ခရီးသွားလာနေမှုနှင့် ပတ်သက်၍ ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ် ၃၉ မြို့နယ်နေ အိမ်ထောင်စုပေါင်း ၁၂၀၀၀ ကျော်ထံမှ အများပြည်သူ ခရီးသွားလာမှုဆိုင်ရာ စစ်တမ်းကို JICA လေ့လာရေးအဖွဲ့မှ စစ်တမ်းကောက်ယူ မည်ဖြစ်ကြောင်း သတင်းရရှိသည်။
ယင်းစစ်တမ်း ကောက်ယူမှုမှာ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့နှင့် JICA တို့ ပူးပေါင်း အကောင် အထည် ဖော်နေသည့် 'မဟာရန်ကုန် မြို့ပြသယ်ယူပို့ဆောင်ရေး စီမံကိန်း' ကို အထောက် အကူ ပြုနိုင်မည့် အချက်အလက်များ ရရှိရန် ကောက်ယူခြင်းဖြစ်ကြောင်း၊ လာမည့် ဇွန်လအတွင်း စစ်တမ်းစကောက်ရန် စီစဉ် ထားပြီး သြဂုတ်လကုန်တွင် ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။

စစ်တမ်းကောက်ယူရာတွင် အိမ်ထောင်စုများအား မေးခွန်းများ မေးမြန်းမည်ဖြစ်ပြီး လူတစ်ဦး၏ တစ်နေ့ ခရီးသွားရောက်သည့် အကြိမ်အရေအတွက်၊ ခရီးသွားလျှင် အသုံးပြုသည့် လမ်းကြောင်း၊ ဘတ်စ်ကား စီးနင်းအသုံးပြုပါက ဘယ်နှဆင့် ပြောင်းစီးသလဲ၊ ရထားအသုံးပြုလျှင် မည်သည့်နေရာအထိ ရထားစီးနင်းကာ မည်သည့်နေရာမှ စတင်၍ နောက်တစ်ဆင့် ဘတ်စ်ကားပြောင်းစီးသလဲ စသဖြင့် မေးမြန်းသွားမည် ဖြစ်ကာ ယင်းသို့ မေးမြန်းချက်မှ ထွက်ရှိလာသော အချက်အလက်များအား JICA မှ ပညာရှင်များက တွက်ချက် သွားမည်ဖြစ်ပြီး ရရှိလာသော အဖြေများကို အသုံးပြုကာ Master Plan ရေးဆွဲ သွားမည် ဖြစ်ကြောင်းနှင့် ခရီးသွားပြည်သူများ၏ လိုအပ်ချက်များကို ခန့်မှန်းကာ ရန်ကုန်မြို့ပြ သယ်ယူပို့ဆောင်ရေးနှင့် ပတ်သက် သည့် ဖြစ်နိုင်ခြေရှိသော စီမံကိန်းများကို အစိုးရအဖွဲ့သို့ တင်ပြသွားမည် ဖြစ်ကြောင်း သိရသည်။

'မဟာရန်ကုန် မြို့ပြသယ်ယူပို့ဆောင်ရေး စီမံကိန်း' တွင် ရန်ကုန်မြို့တော်တွင် နေထိုင်သောသူများနှင့် လူ့အဖွဲ့အစည်းများအားထိရောက်ကောင်းမွန်၍ ရေရှည်ထိန်းထားနိုင်သော ပြည်သူ့သယ်ယူပို့ဆောင်ရေးစနစ်၊ လမ်းကွန်ရက်များနှင့်တကွ မော်တော်ယာဉ် စီမံခန့်ခွဲခြင်း နည်းစနစ်များဖြင့် မြို့ပြ၀န်ဆောင်မှု များ တွင် ချောမွေ့စေရန် ဦးတည်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
From...Eleven

No comments:

Post a Comment