Thursday, May 2, 2013

နိုင်ငံ့စွမ်းဆောင်ရည်ဆု ချီးမြှင့်ပွဲ အခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ပြောကြားသည့် မိန့်ခွန်း

နိုင်ငံ့စွမ်းဆောင်ရည်ဆု ချီးမြှင့်ပွဲ အခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ပြောကြားသည့် 
မိန့်ခွန်း
===================================================
ယနေ့ အခမ်းအနားကို ကြွရောက်ချီးမြှင့်ကြသူများ အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေဟု ဆုမွန်ကောင်း တောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါကြောင်း။

ယခု အခမ်းအနားသည် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူတို့၏ လူမှုစီးပွားဘဝ တိုးတက်ရေးအတွက် မိမိတို့ကျရာ အခန်းကဏ္ဍမှ စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြသည့် ပုဂ္ဂိုလ်များကို နိုင်ငံတော်အနေဖြင့် နိုင်ငံ့စွမ်းဆောင်ရည်ဆုများကို ချီးမြှင့်အပ်နှင်း သွားမည့် အခမ်းအနား ဖြစ်ပါကြောင်း။

နိုင်ငံ့စွမ်းဆောင်ရည်ဆုကို နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူတို့၏ လူမှုစီးပွားဘဝ တိုးတက်အောင် စွမ်းဆောင်ကြမည့် စီးပွားရေး စွမ်းဆောင်ရှင်များ၊ လူမှုရေး စွမ်းဆောင်ရှင်များ တိုးပွား ပေါ်ထွန်းလာစေရန်နှင့် ဈေးကွက် စီးပွားရေး စနစ်နှင့်အညီ ပုဂ္ဂလိက ကဏ္ဍ ပြောင်းလဲတိုးတက်ဖွံ့ဖြိုးရေး အားပေးမြှင့်တင် ဆောင်ရွက်ရန်ရည်ရွယ်ပြီး ချီးမြှင့်ခြင်း ဖြစ်ပါကြောင်း။

အခမ်းအနားတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ ထုတ်လုပ်သူ တောင်သူ လယ်သမားအဆင့်မှ လုပ်ငန်းရှင်များ အဆင့်အထိ စွမ်းဆောင်ရှင်များ၊ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူများမှ ပို့ကုန်လုပ်ငန်းရှင်များအထိ စွမ်းဆောင်ရှင်များ၊ အခွန်ပေးဆောင်မှု တာဝန်အကျေဆုံး လုပ်ငန်းရှင်များ၊ အများပြည်သူအတွက် သက်စွန့်ကြိုးပမ်း စွမ်းဆောင် ခဲ့ကြသူများ၊ နိုင်ငံ့ဂုဏ်ဆောင် ထူးချွန်အားကစားသမား စွမ်းဆောင်ရှင်များကို စိစစ်ရွေးချယ်ပြီး နိုင်ငံတော်သမ္မတ၏ နိုင်ငံ့စွမ်းဆောင် ရည်ဆု ချီးမြှင့်သွားမည် ဖြစ်ပါကြောင်း။

ထို့ပြင် အထူးအစီအစဉ်အနေဖြင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေကြသော ဘာသာပေါင်းစုံ အဖွဲ့အစည်းအပါအဝင် ဘာသာရေးအတွက် သာမက လူမှုရေးအတွက်ပါ အားသွန်ခွန်စိုက် မနားမနေ ကြိုးစားဆောင်ရွက် နေသည့် ရဟန်းသံဃာများ၊ ဆင်းရဲနွမ်းပါးသူများနှင့် ကိုယ်လက်အင်္ဂါ ချို့တဲ့သူများကို စောင့်ရှောက် ကူညီပေးနေသည့် ရဟန်းသံဃာနှင့် လူပုဂ္ဂိုလ် အဖွဲ့အစည်းများကိုလည်း နိုင်ငံတော်က ဂုဏ်ပြုသည့်အနေဖြင့် ဂုဏ်ပြုလက်မှတ်များ ချီးမြှင့်ပေးအပ်သွားမည် ဖြစ်ပါကြောင်း။

မိမိတို့အစိုးရသည် ဒီမိုကရေစီ နိုင်ငံတော်သစ်အဖြစ် ပြုပြင်ပြောင်းလဲ တည်ဆောက်ရမည့် နိုင်ငံရေး ပြုပြင်ပြောင်းလဲရေး တာဝန်ကြီးကို ပြည်သူများနှင့်အတူ လက်တွဲ ပူးပေါင်း ဆောင်ရွက်ခဲ့ကြသည့်အတွက် ကမ္ဘာ့နိုင်ငံများက မြန်မာကို အသိအမှတ်ပြု လေးစား ဆက်ဆံလာကြပြီး ကမ္ဘာ့မျက်နှာစာတွင် မြန်မာတို့၏ ဂုဏ်သိက္ခာကို မြှင့်တင် နိုင်ခဲ့ကြ ပါကြောင်း။

တစ်ချိန်တည်း၌ပင် ဒုတိယအဆင့်ဖြစ်သော စီးပွားရေးပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်များကို အခြားနိုင်ငံများနည်းတူ ကာလတို၊ ကာလရှည် စီမံကိန်းများရေးဆွဲပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဤသို့ ဆောင်ရွက်ရာတွင် အစိုးရက ဆောင်ရွက် ပေးရမည့်အပိုင်း၊ ပုဂ္ဂလိကကဏ္ဍက ကြိုးပမ်းဆောင်ရွက်ရမည့်အပိုင်း၊ အစိုးရနှင့်  ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ရမည့်အပိုင်း၊ နိုင်ငံတကာနှင့် ဆက်ဆံဆောင်ရွက်ရမည့် အပိုင်းများ ပါဝင်သည့်အတွက် သူ့အပိုင်းနှင့် သူ ထိထိရောက်ရောက် ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း။

စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အစိုးရက လိုအပ်သည့် မူဝါဒနှင့် စီမံကိန်းများ၊ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်းများ ရေးဆွဲပြီး တိုင်းရင်းသားလုပ်ငန်းရှင်များ လုပ်သာ ကိုင်သာ ရှိအောင် ဖြေလျှော့စီမံပေးရမည် ဖြစ်သကဲ့သို့ လက်တွေ့အကောင်အထည်ဖော် ရာတွင်လည်း ငွေကြေးအရင်းအနှီးနှင့် နည်းပညာ ရရှိရေး၊ စွမ်းဆောင်ရည် ပြည့်ဝသည့် လူ့အရင်းအမြစ် လေ့ကျင့်ပြုစုပျိုးထောင်ရေးနှင့် ဈေးကွက်ဝင်ရောက် ယှဉ်ပြိုင်နိုင်စွမ်း ရှိရေးတို့ကို ကြိုးပမ်းဆောင်ရွက် သွားရမည် ဖြစ်ပါကြောင်း။

လက်ရှိ မြန်မာနိုင်ငံစီးပွားရေးတွင် ပုဂ္ဂလိကပိုင် အခန်းကဏ္ဍ၊ သမဝါယမ အဖွဲ့အစည်း အခန်းကဏ္ဍနှင့် နိုင်ငံပိုင် အခန်းကဏ္ဍတို့၏ ပါဝင်မှု အချိုးအစားကိုကြည့်လျှင် အသားတင် ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး စုစုပေါင်းတွင် ပုဂ္ဂလိကပိုင် ၉၁ ဒသမ ၇ ရာခိုင်နှုန်း၊ သမဝါယမ အဖွဲ့အစည်း ၁ ဒသမ ၂ ရာခိုင်နှုန်း၊ နိုင်ငံပိုင် ၇ ဒသမ ၁ ရာခိုင်နှုန်း ပါဝင်သည်ကို တွေ့ရှိရပါကြောင်း။

ပုဂ္ဂလိကကဏ္ဍသည် နိုင်ငံ့စီးပွားရေးတွင် အများဆုံးပါဝင်နေသည့် အတွက် ပုဂ္ဂလိက ကဏ္ဍစွမ်းဆောင်ရည် မြင့်မားလာအောင် အားပေးမြှင့်တင် ဆောင်ရွက်ပေးရမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယနေ့ နိုင်ငံ့စွမ်းဆောင်ရည်ဆု ချီးမြှင့်ခြင်းသည် ပုဂ္ဂလိက ကဏ္ဍအတွက် အနာဂတ် စွမ်းဆောင်ရည်ပြည့်ဝသော လူ့အရင်းအမြစ်များ တိုးပွားလာအောင် အားပေး မြှင့်တင်ရန်နှင့် ပြည်သူ့စွမ်းအားဖြင့် နိုင်ငံတော်ကို တည်ဆောက်သွားနိုင်ရန်ပင် ဖြစ်ပါကြောင်း။

ကောင်းမွန်သော စီးပွားရေးဝန်းကျင် ဖန်တီးရေးနှင့် မေခရို စီးပွားရေး တိုးတက် ကောင်းမွန်ရန်၊ ကုန်ပစ္စည်း ဈေးကွက်နှင့် ငွေကြေး အရင်းအနှီး ဈေးကွက် ကောင်းမွန်စွာ လည်ပတ်ရေး လိုအပ်ခြင်းကြောင့် ဈေးကွက် ဖွံ့ဖြိုးတိုးတက်မှုကို အလေးထား စီမံဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း။

လက်ရှိ မြန်မာ့ကုန်ပစ္စည်း ဈေးကွက်ကို လေ့လာသုံးသပ်လျှင် ကုန်သွယ်မှုတွင် တရားဝင် တင်သွင်းခွင့် ပေးထားပြီး ဖြစ်သော ပစ္စည်းများကို မမှန်မကန် အကျိုးအမြတ်ရလိုမှုနှင့် အခွန် တိမ်းရှောင် မှောင်ခိုတင်သွင်းမှုများကြောင့် မှန်မှန်ကန်ကန် အခွန်ဆောင် တင်သွင်းသူများ အနေဖြင့် ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်း မရှိတော့ဘဲ ဈေးကွက် ပျက်ပြားနေသည့် အခြေအနေများ၊ တင်သွင်းလာသော ကုန်ပစ္စည်း အရည်အသွေး မမှန်ကန်သဖြင့် စားသုံးသူ ပြည်သူ ကျန်းမာရေးထိခိုက်စေမည့် အန္တရာယ်များ ရှိနေခြင်းကြောင့် ယှဉ်ပြိုင်မှု ဥပဒေ၊ စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေများ ရေးဆွဲပြဋ္ဌာန်းရန်နှင့် အခွန်စနစ် ခေတ်မီတိုးတက်ရေး စီစဉ်နေသကဲ့သို့ ပုဂ္ဂလိက ကဏ္ဍ၌လည်း စီးပွားရေးကျင့်ဝတ်နှင့် စည်းမျဉ်းဥပဒေ လေးစားလိုက်နာတတ်ပြီး ပူးပေါင်းဆောင်ရွက်တတ်သည့် စိတ်ဓာတ်မျိုး ရှိလာအောင် စိတ်ထား (Mindset) များ ပြုပြင်ပြောင်းလဲရေးအတွက် ပုဂ္ဂလိက ကဏ္ဍ ပြောင်းလဲတိုးတက် ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်ကို စနစ်တကျ စီမံဆောင်ရွက်သွားရန် လိုအပ်လာပြီဖြစ်ပါကြောင်း။

လက်ရှိအခြေအနေတွင်မူ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ စိုက်ပျိုးမွေးမြူ ထုတ်လုပ်မှုကဏ္ဍ အရှိန်အဟုန် နှေးကွေး ရခြင်း၏ အကြောင်းတစ်ရပ်သည် ဈေးကွက် ဖွံ့ဖြိုးမှုမရှိခြင်းပင် ဖြစ်ပါကြောင်း၊ အလားတူ ထုတ်လုပ်ကုန်ကျစရိတ်နှင့် အကျိုးအမြတ် တွက်ခြေမကိုက်ရသည့် အကြောင်းတစ်ရပ်သည် ကြားအဆင့်ဆင့် ကုန်ကျမှု (Transaction Cost) များနေမှုကြောင့် ဈေးကွက် ပေါက်ဈေးအတိုင်း ငွေကြေး ရသင့်သလောက်မရသည့် အချက်ဖြစ်ပါကြောင်း၊ ယင်းကိစ္စများနှင့် ပတ်သက်၍ ထုတ်လုပ်မှု ကွင်းဆက် အချိတ်အဆက်မိအောင် ကန်ထရိုက်ထုတ်လုပ်မှု၊ ပုံမှန်ရောင်းသူ ဝယ်သူ ချိတ်ဆက်မှုများကို ဖြစ်နိုင်ခြေရှိသည့် လုပ်ငန်းနယ်ပယ်၊ ဖြစ်နိုင်ခြေရှိသည့် ဇုန်များ ထူထောင်ပြီး ပြုပြင်ပြောင်းလဲ ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း။

မိမိတို့ အစိုးရတာဝန်ယူခဲ့သည့် နှစ်နှစ်တာကာလတွင် နိုင်ငံစီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု အတွက် နိုင်ငံတကာ ဆက်ဆံရေးတွင် သာမက စီးပွားရေးကဏ္ဍကိုပါ တံခါးဖွင့်ပေးထားခဲ့ပြီး ဖြစ်သော်လည်း မိမိတို့၏ ပုဂ္ဂလိကကဏ္ဍသည် ဤနှစ်နှစ် အတွင်းတွင် အားယူနေရဆဲ အခြေအနေ၌ပင် ရှိနေသေးသည်ကို တွေ့ရမည် ဖြစ်ပါကြောင်း။

ကမ္ဘာ့အခြေအနေနှင့် မြန်မာ့အခြေအနေ လျင်မြန်စွာ ပြောင်းလဲဖြစ်ပေါ်မှုသည် ပုဂ္ဂလိကကဏ္ဍ အသင့်ဖြစ်မှုနှင့် ကြိုးစားအားထုတ် လုပ်ကိုင်နိုင်မှု စွမ်းဆောင်ရည်ကို ပြန်လည်သုံးသပ်စီမံရန် တွန်းအားများ ဖြစ်ပေါ်လာခဲ့ပါကြောင်း၊ ထိုတွန်းအားများမှာ ယခင် တံခါးပိတ်နေခဲ့ရာမှ တံခါးဖွင့်လိုက်သည့်အချိန်တွင် နိုင်ငံတကာကို ထွက်ပြီး ကူးလူးဆက်ဆံ စီးပွားရှာနိုင်အောင် ကြိုးစား ကြရမည် ဖြစ်သကဲ့သို့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရန် လိုအပ်သော အရင်းအနှီးနှင့် နည်းပညာ စီးဝင်လာရေးအတွက် နိုင်ငံတကာက ဝင်ရောက်လာသည့် ရင်းနှီးမြှုပ်နှံ ကုန်သွယ်မှုကို လက်ခံဆောင်ရွက်ကြရမည့် အချိန်အခါ ဖြစ်ပါကြောင်း။

ဒေသတွင်း၌လည်း အာဆီယံ လွတ်လပ်သော ကုန်သွယ်မှုအတွက် တိုင်းရင်းသား လုပ်ငန်းရှင်များ ထိခိုက်မှု မရှိအောင်နှင့် ဈေးကွက် ယှဉ်ပြိုင်နိုင်စွမ်းရှိအောင် ပြင်ဆင် ကြိုးပမ်းရမည့် အချိန်ကာလသည်လည်း နီးကပ်နေပြီ ဖြစ်ပါကြောင်း၊ စီးပွားရေး ပိတ်ဆို့မှု ရှိစဉ်က ထုတ်လုပ်တင်ပို့ ရောင်းချခြင်းကို မြှင့်တင်နိုင်ခြင်း မရှိခဲ့သော်လည်း ယခုအခါ စီးပွားရေး ပိတ်ဆို့မှုများ အဆင့်လိုက် ရုပ်သိမ်းပေးနေပြီဖြစ်သဖြင့် ယင်းအခွင့်အရေးကို အကျိုးရှိစွာ အသုံးပြုပြီး ထုတ်လုပ်မှု မြှင့်တင်ရေးနှင့် ချိတ်ဆက် တင်ပို့ရောင်ချနိုင်မှု ရှိရေး အသင့်ရှိအောင် ပြင်ဆင်ဆောင်ရွက်ရန် အချိန်ရောက်နေပြီ ဖြစ်ပါကြောင်း။

ဤသို့ လျင်မြန်စွာပြောင်းလဲနေသော အခြေအနေအပေါ်တွင် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးကို အရှိန်အဟုန်ဖြင့် စနစ်တကျစီမံ အားပေးမြှင့်တင်ဆောင်ရွက်ရန် လိုအပ်လာခြင်းကြောင့် နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်နေစဉ် တစ်ပြိုင်တည်းတွင် ပုဂ္ဂလိကကဏ္ဍပြောင်းလဲ တိုးတက်ဖွံ့ဖြိုးရေး (Private Sector Development Reform) လုပ်ငန်းစဉ်ကို မိမိတို့ အစိုးရ၏ စတုတ္ထအဆင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်အဖြစ် သတ်မှတ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် လုပ်ငန်းကဏ္ဍအသီးသီး ဖွံ့ဖြိုးတိုးတက်ရေး တာဝန်ယူထားသော ဝန်ကြီးဌာန အသီးသီးနှင့် ဒေသဖွံ့ဖြိုး တိုးတက်ရေး တာဝန်ယူထားသော တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအသီးသီးက စီမံပံ့ပိုးရမည့် လုပ်ငန်းများရှိသကဲ့သို့ အစိုးရဌာနများနှင့် ပုဂ္ဂလိကပူးပေါင်း ဆောင်ရွက်ရမည့် လုပ်ငန်းများစွာ ပါဝင်သည့်အတွက် အစိုးရဌာနများက ကမကထပြုပြီး ပုဂ္ဂလိကကဏ္ဍ ပြောင်းလဲတိုးတက်ဖွံ့ဖြိုးရေးဆိုင်ရာ အစိုးရ၊ ပုဂ္ဂလိက ညှိနှိုင်း ဆွေးနွေးမှုများကို အမြန်ဆောင်ရွက်ကြရန်နှင့် အားပေးမြှင့်တင် ဆောင်ရွက်မည့် အစီအမံများ ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် တိုက်တွန်းအပ် ပါကြောင်း။

စီးပွားရေးနှင့်လူမှုရေး ပြုပြင်ပြောင်းလဲမှု အခြေခံမူဘောင်ကို မူဝါဒချမှတ်ရေးဆွဲထားပြီး ဖြစ်ပါကြောင်း၊ ယင်းအခြေခံ မူဘောင်ထဲတွင် ပြည်သူဗဟိုပြု ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏ ပူးပေါင်းပါဝင် ဆောင်ရွက်မှုကို အလေးထား စီမံ ဆောင်ရွက်မည် ဖြစ်သည့်အတိုင်း ယခုဆိုလျှင် ကောင်းမွန်သော အုပ်ချုပ်မှုစနစ် ဖြစ်ပေါ်ရောက်ရှိအောင် အစိုးရ ယန္တရား ပြုပြင်ပြောင်းလဲမှု အစိတ်အပိုင်းတစ်ရပ်အဖြစ် မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအဆင့်ထိ မြို့မိမြို့ဖ၊ ရပ်မိရပ်ဖများ ပူးပေါင်းပါဝင်ဆောင်ရွက်သည့် ပြည်သူလူထု ဗဟိုပြုအုပ်ချုပ်မှုစနစ်ကို စတင်အကောင်အထည်ဖော်နေပြီ ဖြစ်ပါကြောင်း၊ ထိုသို့ ပြည်သူလူထုဗဟိုပြုသည့် မူဝါဒလုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်ရသည့် အကြောင်း အရင်းမှာ တိုင်းရင်းသား လူမျိုးပေါင်းစုံ၊ ဘာသာမျိုးစုံ မှီတင်းနေထိုင်ကြသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး၏ နိုင်ငံသားအားလုံး ပါဝင် ဆောင်ရွက်နိုင်ရန် ဖြစ်ပါကြောင်း။

အစိုးရအနေဖြင့် တရားဥပဒေ စိုးမိုးရေးကို ထိရောက်စွာ ကိုင်တွယ် ဆောင်ရွက်နေသကဲ့သို့ ပြည်သူများကလည်း ဥပဒေကို လေးစားလိုက်နာ ကြရမည်ဖြစ်ပါကြောင်း၊ လူအုပ်စုဖွဲ့ အကြမ်းဖက်မှုများနှင့် တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် သွေးထိုးလှုံ့ဆော်မှုများကိုလည်း ပြည်သူများက ဝိုင်းဝန်းဆန့်ကျင်ကြရန်နှင့် ပြည်သူ့ဘဝ လုံခြုံမှုအတွက် ဝိုင်းဝန်းပါဝင် ဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း။

မိမိတို့နိုင်ငံသည် အဘက်ဘက်တွင် များစွာနောက်ကျကျန်နေပါကြောင်း၊ သို့သော်လည်း အချိန်မနှောင်းသေးပါကြောင်း၊ မိမိတို့နိုင်ငံ တည်ငြိမ်အေးချမ်းရန်၊ မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန်၊ မိမိတို့ကိုယ်တိုင် စည်းစည်းလုံးလုံးဖြင့် ကြိုးစားအလုပ် လုပ်ကြမှသာ အခြားနိုင်ငံများကို ရင်ပေါင်တန်းနိုင်မည် ဖြစ်ပါကြောင်း၊ ပြင်းထန်သည့် စိတ်ဓာတ် အစွဲများကို ပဋိပက္ခဖြစ်မည့် နေရာများတွင် မသုံးဘဲ ညီညီညွတ်ညွတ်ဖြင့် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှုအတွက် အသုံးချမည်ဆိုလျှင် မိမိတို့အမြန်တိုးတက်မည် ဖြစ်ပါကြောင်း၊ မတော် လောဘရလိုသည့် စိတ်များ၊ အချောင်ရလိုသည့် စိတ်များကို ဖျောက်ကြ ရမည် ဖြစ်ပါကြောင်း။

နိုင်ငံ့စွမ်းဆောင်ရည်ဆုနှင့် နိုင်ငံ့စွမ်းဆောင်ရည် ဂုဏ်ပြုလက်မှတ် ချီးမြှင့်ခြင်း ခံရသူများကလည်း မိမိတို့ နယ်ပယ်ဒေသ အလိုက် ဖွံ့ဖြိုးတိုးတက်မှုတွင် စံနမူနာပြ ဦးဆောင်ကြရန်၊ မိမိတို့ လုပ်ဖော်ကိုင်ဖက်များ တိုးပွားလာအောင်၊ စုပေါင်းလုပ် ဆောင်တတ်သည့် အလေ့အကျင့်များ ပွားများအောင် ကြိုးပမ်းဆောင်ရွက် ပေးကြရန်နှင့် ပြည်သူ့စွမ်းအားဖြင့် နိုင်ငံတော်ကို တည်ဆောက်ကြပါစို့ဟု ပြောကြားရင်း နိဂုံးချုပ်အပ်ပါ ကြောင်း။

Read More : http://www.president-office.gov.mm/zg/briefing-room/news/2013/04/30/id-3201

ယနေ့ အခမ်းအနားကို ကြွရောက်ချီးမြှင့်ကြသူများ အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေဟု ဆုမွန်ကောင်း တောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါကြောင်း။

ယခု အခမ်းအနားသည် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူတို့၏ လူမှုစီးပွားဘဝ တိုးတက်ရေးအတွက် မိမိတို့ကျရာ အခန်းကဏ္ဍမှ စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြသည့် ပုဂ္ဂိုလ်များကို နိုင်ငံတော်အနေဖြင့် နိုင်ငံ့ စွမ်းဆောင်ရည်ဆုများကို ချီးမြှင့်အပ်နှင်း သွားမည့် အခမ်းအနား ဖြစ်ပါကြောင်း။

နိုင်ငံ့စွမ်းဆောင်ရည်ဆုကို နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူတို့၏ လူမှုစီးပွားဘဝ တိုးတက်အောင် စွမ်းဆောင်ကြမည့် စီးပွားရေးစွမ်းဆောင်ရှင်များ၊ လူမှုရေး စွမ်းဆောင်ရှင်များတိုးပွားပေါ်ထွန်း လာစေ ရန်နှင့် ဈေးကွက် စီးပွားရေး စနစ်နှင့်အညီ ပုဂ္ဂလိက ကဏ္ဍ ပြောင်းလဲတိုးတက်ဖွံ့ဖြိုးရေး အားပေး မြှင့်တင် ဆောင်ရွက်ရန်ရည်ရွယ်ပြီး ချီးမြှင့်ခြင်း ဖြစ်ပါကြောင်း။

အခမ်းအနားတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ ထုတ်လုပ်သူ တောင်သူ လယ်သမားအဆင့်မှ လုပ်ငန်းရှင်များ အဆင့်အထိ စွမ်းဆောင်ရှင်များ၊ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်း လုပ်ကိုင် သူများမှ ပို့ကုန်လုပ်ငန်းရှင်များအထိ စွမ်းဆောင်ရှင်များ၊ အခွန်ပေးဆောင်မှု တာဝန်အကျေဆုံး လုပ်ငန်း ရှင်များ၊ အများပြည်သူအတွက် သက်စွန့်ကြိုးပမ်း စွမ်းဆောင် ခဲ့ကြသူများ၊ နိုင်ငံ့ဂုဏ်ဆောင် ထူးချွန် အားကစားသမား စွမ်းဆောင်ရှင်များကို စိစစ်ရွေးချယ်ပြီး နိုင်ငံတော်သမ္မတ၏ နိုင်ငံ့စွမ်းဆောင် ရည်ဆု ချီးမြှင့် သွားမည် ဖြစ်ပါကြောင်း။

ထို့ပြင် အထူးအစီအစဉ်အနေဖြင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေ ကြသော ဘာသာပေါင်းစုံ အဖွဲ့အစည်းအပါအဝင် ဘာသာရေးအတွက် သာမက လူမှုရေးအတွက်ပါ အားသွန် ခွန်စိုက် မနားမနေ ကြိုးစားဆောင်ရွက် နေသည့် ရဟန်းသံဃာများ၊ ဆင်းရဲနွမ်းပါးသူများနှင့် ကိုယ်လက်အင်္ဂါ ချို့တဲ့သူများကို စောင့်ရှောက် ကူညီပေးနေသည့် ရဟန်းသံဃာနှင့် လူပုဂ္ဂိုလ် အဖွဲ့အစည်းများကိုလည်း နိုင်ငံတော်က ဂုဏ်ပြုသည့်အနေဖြင့် ဂုဏ်ပြုလက်မှတ်များ ချီးမြှင့်ပေးအပ်သွားမည် ဖြစ်ပါကြောင်း။

မိမိတို့အစိုးရသည် ဒီမိုကရေစီ နိုင်ငံတော်သစ်အဖြစ် ပြုပြင်ပြောင်းလဲ တည်ဆောက်ရမည့် နိုင်ငံရေး ပြုပြင်ပြောင်းလဲရေး တာဝန်ကြီးကို ပြည်သူများနှင့်အတူ လက်တွဲ ပူးပေါင်း ဆောင်ရွက်ခဲ့ကြသည့်အတွက် ကမ္ဘာ့နိုင်ငံများက မြန်မာကို အသိအမှတ်ပြု လေးစား ဆက်ဆံလာကြပြီး ကမ္ဘာ့မျက်နှာစာတွင် မြန်မာတို့၏ ဂုဏ်သိက္ခာကို မြှင့်တင် နိုင်ခဲ့ကြ ပါကြောင်း။

တစ်ချိန်တည်း၌ပင် ဒုတိယအဆင့်ဖြစ်သော စီးပွားရေးပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်များကို အခြား နိုင်ငံများ နည်းတူ ကာလတို၊ ကာလရှည် စီမံကိန်းများရေးဆွဲပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဤသို့ ဆောင်ရွက်ရာတွင် အစိုးရက ဆောင်ရွက် ပေးရမည့်အပိုင်း၊ ပုဂ္ဂလိကကဏ္ဍက ကြိုးပမ်းဆောင် ရွက် ရမည့်အပိုင်း၊ အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ရမည့်အပိုင်း၊ နိုင်ငံတကာနှင့် ဆက်ဆံဆောင်ရွက်ရမည့် အပိုင်းများ ပါဝင်သည့်အတွက် သူ့အပိုင်းနှင့် သူ ထိထိရောက်ရောက် ဆောင်ရွက် သွားရန် လိုအပ်ပါကြောင်း။

စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အစိုးရကလိုအပ်သည့် မူဝါဒနှင့် စီမံကိန်းများ၊ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်းများ ရေးဆွဲပြီး တိုင်းရင်းသားလုပ်ငန်းရှင်များ လုပ်သာကိုင်သာရှိအောင် ဖြေလျှော့ စီမံပေးရမည် ဖြစ်သကဲ့သို့ လက်တွေ့အကောင်အထည်ဖော် ရာတွင်လည်း ငွေကြေး အရင်းအနှီးနှင့် နည်းပညာ ရရှိရေး၊ စွမ်းဆောင်ရည် ပြည့်ဝသည့် လူ့အရင်းအမြစ် လေ့ကျင့်ပြုစုပျိုးထောင်ရေးနှင့် ဈေးကွက် ဝင်ရောက် ယှဉ်ပြိုင်နိုင်စွမ်း ရှိရေးတို့ကို ကြိုးပမ်းဆောင်ရွက် သွားရမည် ဖြစ်ပါကြောင်း။

လက်ရှိ မြန်မာနိုင်ငံစီးပွားရေးတွင် ပုဂ္ဂလိကပိုင် အခန်းကဏ္ဍ၊ သမဝါယမ အဖွဲ့အစည်း အခန်းကဏ္ဍနှင့် နိုင်ငံပိုင် အခန်းကဏ္ဍတို့၏ ပါဝင်မှု အချိုးအစားကိုကြည့်လျှင် အသားတင် ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး စုစုပေါင်းတွင် ပုဂ္ဂလိကပိုင် ၉၁ ဒသမ ၇ ရာခိုင်နှုန်း၊ သမဝါယမ အဖွဲ့အစည်း ၁ ဒသမ ၂ ရာခိုင်နှုန်း၊ နိုင်ငံပိုင် ၇ ဒသမ ၁ ရာခိုင်နှုန်း ပါဝင်သည်ကို တွေ့ရှိရပါကြောင်း။

ပုဂ္ဂလိကကဏ္ဍသည် နိုင်ငံ့စီးပွားရေးတွင် အများဆုံးပါဝင်နေသည့် အတွက် ပုဂ္ဂလိက ကဏ္ဍစွမ်းဆောင်ရည် မြင့်မားလာအောင် အားပေးမြှင့်တင် ဆောင်ရွက်ပေးရမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယနေ့ နိုင်ငံ့ စွမ်းဆောင် ရည်ဆု ချီးမြှင့်ခြင်းသည် ပုဂ္ဂလိက ကဏ္ဍအတွက် အနာဂတ် စွမ်းဆောင်ရည်ပြည့်ဝသော လူ့အရင်းအမြစ်များ တိုးပွားလာအောင် အားပေး မြှင့်တင်ရန်နှင့် ပြည်သူ့စွမ်းအားဖြင့် နိုင်ငံတော်ကို တည်ဆောက်သွားနိုင်ရန်ပင် ဖြစ်ပါကြောင်း။

ကောင်းမွန်သော စီးပွားရေးဝန်းကျင် ဖန်တီးရေးနှင့် မေခရို စီးပွားရေး တိုးတက် ကောင်းမွန်ရန်၊ ကုန် ပစ္စည်း ဈေးကွက်နှင့် ငွေကြေး အရင်းအနှီး ဈေးကွက် ကောင်းမွန်စွာ လည်ပတ်ရေး လိုအပ် ခြင်းကြောင့် ဈေးကွက် ဖွံ့ဖြိုးတိုးတက်မှုကို အလေးထား စီမံဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း။

လက်ရှိ မြန်မာ့ကုန်ပစ္စည်း ဈေးကွက်ကို လေ့လာသုံးသပ်လျှင် ကုန်သွယ်မှုတွင် တရားဝင်တင်သွင်း ခွင့် ပေးထားပြီး ဖြစ်သောပစ္စည်းများကို မမှန်မကန်အကျိုးအမြတ်ရလိုမှုနှင့် အခွန်တိမ်းရှောင် မှောင်ခို တင်သွင်းမှုများကြောင့် မှန်မှန်ကန်ကန် အခွန်ဆောင် တင်သွင်းသူများ အနေဖြင့် ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်း မရှိတော့ဘဲ ဈေးကွက် ပျက်ပြားနေသည့် အခြေအနေများ၊ တင်သွင်းလာသော ကုန်ပစ္စည်း အရည်အသွေး မမှန်ကန်သဖြင့် စားသုံးသူ ပြည်သူ ကျန်းမာရေးထိခိုက်စေမည့် အန္တရာယ်များ ရှိနေခြင်းကြောင့် ယှဉ်ပြိုင်မှု ဥပဒေ၊ စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေများ ရေးဆွဲပြဋ္ဌာန်းရန်နှင့် အခွန်စနစ် ခေတ်မီတိုးတက်ရေး စီစဉ်နေသကဲ့သို့ ပုဂ္ဂလိက ကဏ္ဍ၌လည်း စီးပွားရေးကျင့်ဝတ်နှင့် စည်းမျဉ်းဥပဒေ လေးစားလိုက်နာတတ်ပြီး ပူးပေါင်းဆောင်ရွက်တတ်သည့် စိတ်ဓာတ်မျိုး ရှိလာအောင် စိတ်ထား (Mindset) များ ပြုပြင်ပြောင်းလဲရေး အတွက် ပုဂ္ဂလိက ကဏ္ဍ ပြောင်းလဲတိုးတက် ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်ကို စနစ်တကျ စီမံဆောင်ရွက်သွားရန် လိုအပ်လာပြီဖြစ်ပါကြောင်း။

လက်ရှိအခြေအနေတွင်မူ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ စိုက်ပျိုးမွေးမြူ ထုတ်လုပ်မှုကဏ္ဍ အရှိန် အဟုန် နှေးကွေး ရခြင်း၏ အကြောင်းတစ်ရပ်သည် ဈေးကွက် ဖွံ့ဖြိုးမှုမရှိခြင်းပင် ဖြစ်ပါကြောင်း၊ အလားတူ ထုတ်လုပ်ကုန်ကျစရိတ်နှင့် အကျိုးအမြတ် တွက်ခြေမကိုက်ရသည့် အကြောင်းတစ်ရပ်သည် ကြား အဆင့်ဆင့် ကုန်ကျမှု (Transaction Cost) များနေမှုကြောင့် ဈေးကွက် ပေါက်ဈေးအတိုင်း ငွေကြေး ရသင့် သလောက်မရသည့် အချက်ဖြစ်ပါကြောင်း၊ ယင်းကိစ္စများနှင့် ပတ်သက်၍ ထုတ်လုပ်မှု ကွင်းဆက် အချိတ်အဆက်မိအောင် ကန်ထရိုက်ထုတ်လုပ်မှု၊ ပုံမှန်ရောင်းသူ ဝယ်သူ ချိတ်ဆက်မှုများကို ဖြစ်နိုင်ခြေ ရှိသည့် လုပ်ငန်းနယ်ပယ်၊ ဖြစ်နိုင်ခြေရှိသည့် ဇုန်များ ထူထောင်ပြီး ပြုပြင်ပြောင်းလဲ ဆောင်ရွက် သွားရမည် ဖြစ်ပါကြောင်း။

မိမိတို့ အစိုးရတာဝန်ယူခဲ့သည့် နှစ်နှစ်တာကာလတွင် နိုင်ငံစီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု အတွက် နိုင်ငံတကာ ဆက်ဆံရေးတွင် သာမက စီးပွားရေးကဏ္ဍကိုပါ တံခါးဖွင့်ပေးထားခဲ့ပြီး ဖြစ်သော်လည်း မိမိတို့၏ ပုဂ္ဂလိကကဏ္ဍသည် ဤနှစ်နှစ် အတွင်းတွင် အားယူနေရဆဲ အခြေအနေ၌ပင် ရှိနေသေးသည်ကို တွေ့ရမည် ဖြစ်ပါကြောင်း။

ကမ္ဘာ့အခြေအနေနှင့် မြန်မာ့အခြေအနေ လျင်မြန်စွာ ပြောင်းလဲဖြစ်ပေါ်မှုသည် ပုဂ္ဂလိကကဏ္ဍ အသင့်ဖြစ်မှုနှင့် ကြိုးစားအားထုတ် လုပ်ကိုင်နိုင်မှု စွမ်းဆောင်ရည်ကို ပြန်လည်သုံးသပ်စီမံရန် တွန်းအားများ ဖြစ်ပေါ်လာ ခဲ့ပါကြောင်း၊ ထိုတွန်းအားများမှာ ယခင် တံခါးပိတ်နေခဲ့ရာမှ တံခါးဖွင့်လိုက်သည့်အချိန်တွင် နိုင်ငံတကာကို ထွက်ပြီး ကူးလူးဆက်ဆံ စီးပွားရှာနိုင်အောင် ကြိုးစား ကြရမည် ဖြစ်သကဲ့သို့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရန် လိုအပ်သော အရင်းအနှီးနှင့် နည်းပညာ စီးဝင်လာရေးအတွက် နိုင်ငံတကာက ဝင်ရောက်လာသည့် ရင်းနှီးမြှုပ်နှံ ကုန်သွယ်မှုကို လက်ခံဆောင်ရွက်ကြရမည့် အချိန်အခါ ဖြစ်ပါကြောင်း။

ဒေသတွင်း၌လည်း အာဆီယံ လွတ်လပ်သော ကုန်သွယ်မှုအတွက် တိုင်းရင်းသား လုပ်ငန်းရှင်များ ထိခိုက်မှု မရှိအောင်နှင့် ဈေးကွက် ယှဉ်ပြိုင်နိုင်စွမ်းရှိအောင် ပြင်ဆင် ကြိုးပမ်းရမည့် အချိန်ကာလသည်လည်း နီးကပ်နေပြီ ဖြစ်ပါကြောင်း၊ စီးပွားရေး ပိတ်ဆို့မှု ရှိစဉ်က ထုတ်လုပ်တင်ပို့ ရောင်းချခြင်းကို မြှင့်တင်နိုင်ခြင်း မရှိခဲ့သော်လည်း ယခုအခါ စီးပွားရေး ပိတ်ဆို့မှုများ အဆင့်လိုက် ရုပ်သိမ်းပေးနေပြီဖြစ်သဖြင့် ယင်းအခွင့်အရေးကို အကျိုးရှိစွာ အသုံးပြုပြီး ထုတ်လုပ်မှု မြှင့်တင်ရေးနှင့် ချိတ်ဆက် တင်ပို့ရောင်ချနိုင်မှု ရှိရေး အသင့်ရှိအောင် ပြင်ဆင်ဆောင်ရွက်ရန် အချိန်ရောက်နေပြီ ဖြစ်ပါကြောင်း။

ဤသို့ လျင်မြန်စွာပြောင်းလဲနေသော အခြေအနေအပေါ်တွင် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးကို အရှိန်အဟုန်ဖြင့် စနစ်တကျစီမံ အားပေးမြှင့်တင်ဆောင်ရွက်ရန် လိုအပ်လာခြင်းကြောင့် နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်နေစဉ် တစ်ပြိုင်တည်းတွင် ပုဂ္ဂလိကကဏ္ဍပြောင်းလဲ တိုးတက် ဖွံ့ဖြိုးရေး (Private Sector Development Reform) လုပ်ငန်းစဉ်ကို မိမိတို့ အစိုးရ၏ စတုတ္ထအဆင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်အဖြစ် သတ်မှတ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် လုပ်ငန်းကဏ္ဍအသီးသီး ဖွံ့ဖြိုးတိုးတက်ရေး တာဝန်ယူထားသော ဝန်ကြီးဌာန အသီးသီးနှင့် ဒေသဖွံ့ဖြိုး တိုးတက်ရေး တာဝန်ယူထားသော တိုင်းဒေသ ကြီး၊ ပြည်နယ်အစိုးရအသီးသီးက စီမံပံ့ပိုးရမည့် လုပ်ငန်းများရှိသကဲ့သို့ အစိုးရဌာနများနှင့် ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်ရမည့် လုပ်ငန်းများစွာ ပါဝင်သည့်အတွက် အစိုးရဌာနများက ကမကထပြုပြီး ပုဂ္ဂလိက ကဏ္ဍ ပြောင်းလဲတိုးတက်ဖွံ့ဖြိုးရေးဆိုင်ရာ အစိုးရ၊ ပုဂ္ဂလိက ညှိနှိုင်း ဆွေးနွေးမှုများကို အမြန်ဆောင်ရွက် ကြရန်နှင့် အားပေးမြှင့်တင် ဆောင်ရွက်မည့် အစီအမံများ ရေးဆွဲ အကောင် အထည်ဖော် ဆောင်ရွက် သွားကြရန် တိုက်တွန်းအပ် ပါကြောင်း။

စီးပွားရေးနှင့်လူမှုရေး ပြုပြင်ပြောင်းလဲမှု အခြေခံမူဘောင်ကို မူဝါဒချမှတ်ရေးဆွဲထားပြီး ဖြစ်ပါကြောင်း၊ ယင်း အခြေခံ မူဘောင်ထဲတွင် ပြည်သူဗဟိုပြု ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏ ပူးပေါင်း ပါဝင် ဆောင်ရွက်မှုကို အလေးထား စီမံ ဆောင်ရွက်မည် ဖြစ်သည့်အတိုင်း ယခုဆိုလျှင် ကောင်းမွန်သော အုပ်ချုပ်မှုစနစ် ဖြစ်ပေါ်ရောက်ရှိအောင် အစိုးရ ယန္တရား ပြုပြင်ပြောင်းလဲမှု အစိတ်အပိုင်းတစ်ရပ်အဖြစ် မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအဆင့်ထိ မြို့မိမြို့ဖ၊ ရပ်မိရပ်ဖများ ပူးပေါင်းပါဝင်ဆောင်ရွက်သည့် ပြည်သူလူထု ဗဟိုပြု အုပ်ချုပ်မှုစနစ်ကို စတင်အကောင်အထည်ဖော်နေပြီ ဖြစ်ပါကြောင်း၊ ထိုသို့ ပြည်သူလူထုဗဟိုပြုသည့် မူဝါဒလုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်ရသည့် အကြောင်း အရင်းမှာ တိုင်းရင်းသား လူမျိုးပေါင်းစုံ၊ ဘာသာ မျိုးစုံ မှီတင်းနေထိုင်ကြသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး၏ နိုင်ငံသားအားလုံး ပါဝင် ဆောင် ရွက်နိုင်ရန် ဖြစ်ပါကြောင်း။

အစိုးရအနေဖြင့် တရားဥပဒေ စိုးမိုးရေးကို ထိရောက်စွာ ကိုင်တွယ် ဆောင်ရွက်နေသကဲ့သို့ ပြည်သူများ ကလည်း ဥပဒေကို လေးစားလိုက်နာ ကြရမည်ဖြစ်ပါကြောင်း၊ လူအုပ်စုဖွဲ့ အကြမ်းဖက်မှုများနှင့် တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် သွေးထိုးလှုံ့ဆော်မှုများကိုလည်း ပြည်သူများက ဝိုင်းဝန်း ဆန့်ကျင်ကြ ရန်နှင့် ပြည်သူ့ဘဝ လုံခြုံမှုအတွက် ဝိုင်းဝန်းပါဝင် ဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း။

မိမိတို့နိုင်ငံသည် အဘက်ဘက်တွင် များစွာနောက်ကျကျန်နေပါကြောင်း၊ သို့သော်လည်း အချိန်မနှောင်းသေး ပါကြောင်း၊ မိမိတို့နိုင်ငံ တည်ငြိမ်အေးချမ်းရန်၊ မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန်၊ မိမိတို့ကိုယ်တိုင် စည်းစည်း လုံးလုံးဖြင့် ကြိုးစားအလုပ် လုပ်ကြမှသာ အခြားနိုင်ငံများကို ရင်ပေါင်တန်းနိုင်မည် ဖြစ်ပါကြောင်း၊ ပြင်းထန် သည့် စိတ်ဓာတ် အစွဲများကို ပဋိပက္ခဖြစ်မည့် နေရာများတွင် မသုံးဘဲ ညီညီညွတ်ညွတ်ဖြင့် တိုင်းပြည် ဖွံ့ဖြိုး တိုးတက်မှုအတွက် အသုံးချမည်ဆိုလျှင် မိမိတို့အမြန်တိုးတက်မည် ဖြစ်ပါကြောင်း၊ မတော် လောဘရ လို သည့် စိတ်များ၊ အချောင်ရလိုသည့် စိတ်များကို ဖျောက်ကြ ရမည် ဖြစ်ပါကြောင်း။

နိုင်ငံ့စွမ်းဆောင်ရည်ဆုနှင့် နိုင်ငံ့စွမ်းဆောင်ရည် ဂုဏ်ပြုလက်မှတ် ချီးမြှင့်ခြင်း ခံရသူများကလည်း မိမိတို့ နယ်ပယ်ဒေသ အလိုက် ဖွံ့ဖြိုးတိုးတက်မှုတွင် စံနမူနာပြ ဦးဆောင်ကြရန်၊ မိမိတို့ လုပ်ဖော်ကိုင်ဖက်များ တိုးပွားလာအောင်၊ စုပေါင်းလုပ်ဆောင်တတ်သည့် အလေ့အကျင့်များ ပွားများအောင် ကြိုးပမ်းဆောင် ရွက် ပေးကြရန်နှင့် ပြည်သူ့စွမ်းအားဖြင့် နိုင်ငံတော်ကို တည်ဆောက်ကြပါစို့ဟု ပြောကြားရင်း နိဂုံးချုပ် အပ်ပါ ကြောင်း။

From...Hmuu Zaw

No comments:

Post a Comment