Thursday, May 2, 2013

ရန်ကုန် ဒုတိယ စီးပွားရေး မြို့တော် စီမံကိန်း အကြမ်းရေးဆွဲ လျက်ရှိ

ရန်ကုန် ဒုတိယ စီးပွားရေး မြို့တော် စီမံကိန်း အကြမ်းရေးဆွဲ လျက်ရှိ 
( MRTV 4 )

ရန်ကုန်မြို့ မင်းဓမ္မပန်းဥယျာဉ်မှာ ဆောက်လုပ် သွားမယ့် ဒုတိယ စီးပွားရေး မြို့တော်ကို လက်ရှိမှာ စီမံကိန်းများ အကြမ်းရေးဆွဲ လျက်ရှိတယ်လို့

ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အခုလို ဆောင်ရွက်မယ့် ဒုတိယ စီးပွားရေး မြို့တော် မှာတော့ ဟိုတယ်များ၊ Shopping Mall များ၊ ရုပ်ရှင်ရုံများ၊ ကုမ္ပဏီ ရုံးခန်းများ ပါဝင်မှာဖြစ်ပြီး စီးပွားရေး မြို့တော်ဖြစ်တဲ့ အတွက် လူနေ တိုက်ခန်းများ ပါဝင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။

လက်ရှိ မှာတော့ အဆိုပါ စီမံကိန်းနဲ့ ပတ်သက်တဲ့ ဒီဇိုင်း ကိုတော့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ပညာရှင် များက ရေးဆွဲ လျက်ရှိတာ ဖြစ်ပြီး ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ကို တင်ပြဖို့ အတွက် စီစဉ်လျက် ရှိတာ ဖြစ်ပါတယ်။ အခုလို ဒုတိယ စီးပွားရေး မြို့တော် တည်ဆောက်ဖို့ အတွက် ကိုတော့ မင်းဓမ္မပန်းဥယျာဉ်ရှိ ဆိုင်ခန်းများကို သာကေတ မြို့နယ်သို့ပြောင်းရွှေ့ ဖွင့်လှစ် ခိုင်းထားတာ ဖြစ်ပါတယ်။ ယခုလက်ရှိ ပြောင်းရွှေ့ရာ မှာလည်း ဆိုင်ခန်း ၅၀၀ ကျော်ထဲမှ တစ်ဝက်ကျော်သာ ပြောင်းရွှေ့ ဖွင့်လှစ် သေးတာ ဖြစ်ပါတယ်။

ဆိုင်ခန်းများ ပြောင်းရွှေ့ နေရာချထား ပေးမယ့်နေရာ မှာလည်း ယခင် မင်းဓမ္မပန်း ဥယျာဉ်မှာရှိတဲ့ ဆိုင်ခန်း အရေအတွက် တိုင်းသာ ပြန်လည် နေရာချထား ပေးတာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ မင်းဓမ္မပန်းဥယျာဉ်ဟာ ရန်ကုန်မြို့ ဒုတိယ စီးပွားရေးမြို့တော် တည်ဆောက်ဖို့ အတွက် ဧက ၂၀ ကျော်ရှိတာ ဖြစ်တယ်လို့ သိရပါတယ်။

http://www.mrtv4.com.mm/news/local/business/detail/item%3A16474

ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အခုလို ဆောင်ရွက်မယ့် ဒုတိယ စီးပွားရေး မြို့တော် မှာတော့ ဟိုတယ်များ၊ Shopping Mall များ၊ ရုပ်ရှင်ရုံများ၊ ကုမ္ပဏီ ရုံးခန်းများ ပါဝင်မှာဖြစ်ပြီး စီးပွားရေး မြို့တော်ဖြစ် တဲ့အတွက် လူနေတိုက်ခန်းများပါဝင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။


လက်ရှိမှာတော့ အဆိုပါစီမံကိန်းနဲ့ ပတ်သက်တဲ့ ဒီဇိုင်းကိုတော့ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ ပညာရှင်များက ရေးဆွဲလျက်ရှိတာ ဖြစ်ပြီး ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ကို တင်ပြဖို့အတွက် စီစဉ်လျက်ရှိတာ ဖြစ်ပါတယ်။ အခုလို ဒုတိယစီးပွားရေး မြို့တော် တည်ဆောက်ဖို့အတွက် ကိုတော့ မင်းဓမ္မပန်းဥယျာဉ်ရှိ ဆိုင်ခန်းများကို သာကေတ မြို့နယ် သို့ပြောင်းရွှေ့ ဖွင့်လှစ်ခိုင်းထားတာ ဖြစ်ပါတယ်။ ယခုလက် ရှိ ပြောင်းရွှေ့ရာ မှာလည်း ဆိုင်ခန်း ၅၀၀ ကျော်ထဲမှ တစ်ဝက်ကျော်သာ ပြောင်းရွှေ့ ဖွင့်လှစ် သေးတာ ဖြစ်ပါတယ်။


ဆိုင်ခန်းများ ပြောင်းရွှေ့ နေရာချထား ပေးမယ့်နေရာ မှာလည်း ယခင် မင်းဓမ္မပန်း ဥယျာဉ်မှာ ရှိတဲ့ ဆိုင်ခန်း အရေအတွက် တိုင်းသာပြန်လည် နေရာချထား ပေးတာ ဖြစ်တယ်လို့ သိရပါ တယ်။ အဆိုပါ မင်းဓမ္မပန်းဥယျာဉ်ဟာ ရန်ကုန်မြို့ ဒုတိယစီးပွားရေးမြို့တော် တည်ဆောက်ဖို့ အတွက် ဧက ၂၀ ကျော်ရှိတာ ဖြစ်တယ်လို့ သိရပါတယ်။

From...( MRTV 4 )

No comments:

Post a Comment