Thursday, May 2, 2013

သောက်သုံးရေ ရှားပါးသည့် ကျေးရွာ များသို့ နယ်မြေခံ တပ်မတော်သား များက သောက်သုံး ရေများ ဖြန့်ဝေ လှူဒါန်းပြီး သောက်သုံး ရေကန်များ တူးဖော် ဆယ်တင်ပေး


သောက်သုံးရေ ရှားပါးသည့် ကျေးရွာ များသို့ နယ်မြေခံ တပ်မတော်သား များက သောက်သုံး ရေများ ဖြန့်ဝေ လှူဒါန်းပြီး သောက်သုံး ရေကန်များ တူးဖော် ဆယ်တင်ပေး

ဧပြီ ၂၈ ရက်နှင့် ၂၉ ရက်များတွင် ပဲခူးတိုင်း ဒေသကြီး၊ သဲကုန်းမြို့နယ်၊ ငှက်တော်မြီး ကျေးရွာ၊ ချောင်းကမ်းကြီး ကျေးရွာ၊ ချောင်းကမ်းလေး ကျေးရွာနှင့် ကူနီကန် ကျေးရွာများရှိ စုစုပေါင်း  အိမ်ထောင်စု  ၂၄၆ စု အတွက် သောက်သုံး ရေဂါလန် ၃၆ဝဝအား နယ်မြေခံ တပ်မတော် သားများက တပ်ပိုင် ရေသယ်ယာဉ် များဖြင့် ဖြန့်ဝေ လှူဒါန်းပြီး သဲကုန်းမြို့နယ်၊ ပေါင်းတည်မြို့နယ်၊ ဇီးကုန်း မြို့နယ်၊ အုတ်ဖိုမြို့နယ်နှင့် နတ်တလင်း မြို့နယ်များမှ ကျေးရွာများရှိ သောက်သုံး ရေကန်များအား တူးဖော် ဆယ်တင်ခြင်းနှင့် ရေသွယ်မြောင်းများ ဖောက်လုပ် ပေးခြင်း တို့အား ကျေးရွာ လူထုနှင့် အတူ  ဝိုင်းဝန်းကူညီ ဆောင်ရွက် ပေးသည်။ ထို့အတူ ဧပြီ ၃ဝ ရက် နံနက်ပိုင်းက  ရမည်းသင်း မြို့နယ် ဆည်ကြီး အုပ်စု အတွင်းရှိ အိမ်ထောင်စု ၅၂ဝ စု၊ စုစု ပေါင်း လူဦးရေ ၂၈၆၈ ဦးနေထိုင်သော ညောင်အိုင် ကျေးရွာသို့ နယ်မြေခံ တပ်မတော်သား များက   တပ်ပိုင် ရေသယ်ယာဉ် များဖြင့် စုစုပေါင်း ဂါလန် ၁၅ဝဝဝ အား ဖြန့်ဝေ လှူဒါန်း ပေးသည်။ 

ထိုသို့  နယ်မြေခံ တပ်မတော်သား များမှ ဒေသခံ ကျေးလက်နေ ပြည်သူ များအား  သောက်သုံးရေ ဖြန့်ဝေ လှူဒါန်းနေမှု အခြေအနေ များကို အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညိုစောက လိုက်လံ ကြည့်ရှု အားပေးသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန် ရှိသူများသည် ကျေးရွာအတွင်း စက်ရေတွင်း တူးဖော်နေမှုနှင့် သောက်သုံးရေကန် တူးဖော် ဆယ်တင်မည့် နေရာများအား ကြည့်ရှု စစ်ဆေးပြီး ရွှေနံပေါ် ကျေးရွာ၊ ရွှေမြင်တင် တောင် တော်မြတ် အနီးရှိ သောက်သုံး ရေကန်အား   နယ်မြေခံ တပ်မတော်သား များက တူးဖော် ဆယ်တင်ခြင်း၊ ကန်ပေါင် မြေဖို့မြှင့်တင်ခြင်း တို့အား ကူညီ ဆောင်ရွက် ပေးနေမှု များကို ကြည့်ရှု အားပေးသည်။

 အလားတူ မေ ၁ ရက်တွင် နေပြည်တော် ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိ မြို့နယ် သစ်ယာကုန်း ကျေးရွာရှိ အိမ်ထောင်စု ၃၅ဝ စု၊ လူဦးရေ ၈ဝ၃ ဦးတို့ အတွက် သောက်သုံး ရေဂါလန် ၁၆ဝဝ၊ ဇေယျာ သီရိမြို့နယ် လေသာမြောက် ကျေးရွာရှိ အိမ်ထောင်စု ၂၇ဝ၊ လူဦးရေ ၉၈၂ ဦး အတွက် သောက်သုံး ရေဂါလန် ၂ဝဝ နှင့် ဥတ္တရသီရိ မြို့နယ် တက်သိမ်း ကျေးရွာနှင့် ဇလောင်းမြောက် ကျေးရွာရှိ အိမ်ထောင်စု ၄၇၆ စု၊ လူဦးရေ ၁၇၁၂ ဦး တို့အား သောက်ရေသန့် တစ်လီတာဆံ့ ဘူး ၉ဝ နှင့် သောက်သုံးရေဂါလန် ၂၄ဝဝ တို့အား နယ်မြေခံ တပ်မတော်သား များက အသီးသီး ဖြန့်ဝေ လှူဒါန်းခဲ့ ကြောင်း သတင်း ရရှိသည်။

http://bit.ly/18e5kUt


ဧပြီ ၂၈ ရက်နှင့် ၂၉ ရက်များတွင် ပဲခူးတိုင်း ဒေသကြီး၊ သဲကုန်းမြို့နယ်၊ ငှက်တော်မြီး ကျေးရွာ ၊ ချောင်း ကမ်းကြီး ကျေးရွာ၊ ချောင်းကမ်းလေး ကျေးရွာနှင့် ကူနီကန် ကျေးရွာများရှိ စုစုပေါင်း အိမ်ထောင်စု ၂၄၆ စု အတွက် သောက်သုံး ရေဂါလန် ၃၆ဝဝအား နယ်မြေခံ တပ်မတော် သားများက တပ်ပိုင် ရေသယ် ယာဉ် များဖြင့် ဖြန့်ဝေ လှူဒါန်းပြီး သဲကုန်းမြို့နယ်၊ ပေါင်းတည်မြို့နယ်၊ ဇီးကုန်း မြို့နယ်၊ အုတ်ဖိုမြို့ နယ်နှင့် နတ်တလင်းမြို့နယ်များမှ ကျေးရွာများရှိ သောက်သုံး ရေကန်များအားတူးဖော် ဆယ်တင်ခြင်းနှင့် ရေသွယ်မြောင်းများ ဖောက်လုပ် ပေးခြင်း တို့အား ကျေးရွာ လူထုနှင့် အတူ ဝိုင်းဝန်း ကူညီ ဆောင်ရွက် ပေးသည်။ ထို့အတူ ဧပြီ ၃ဝ ရက် နံနက်ပိုင်းက ရမည်းသင်း မြို့နယ် ဆည်ကြီး အုပ်စု အတွင်းရှိ အိမ်ထောင်စု ၅၂ဝ စု၊ စုစု ပေါင်း လူဦးရေ ၂၈၆၈ ဦးနေထိုင်သော ညောင်အိုင် ကျေးရွာသို့ နယ်မြေခံ တပ်မတော်သား များက တပ်ပိုင် ရေသယ်ယာဉ် များဖြင့် စုစုပေါင်း ဂါလန် ၁၅ဝဝဝ အား ဖြန့်ဝေ လှူဒါန်း ပေးသည်။


ထိုသို့ နယ်မြေခံတပ်မတော်သား များမှ ဒေသခံ ကျေးလက်နေ ပြည်သူများအား သောက် သုံးရေ ဖြန့်ဝေ လှူဒါန်းနေမှု အခြေအနေများကို အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ညိုစောက လိုက်လံ ကြည့်ရှုအားပေးသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ကျေးရွာအတွင်း စက်ရေတွင်း တူးဖော်နေမှုနှင့် သောက်သုံးရေကန် တူးဖော်ဆယ်တင်မည့် နေရာများအား ကြည့်ရှု စစ်ဆေးပြီး ရွှေ နံပေါ် ကျေးရွာ၊ ရွှေမြင်တင် တောင် တော်မြတ် အနီးရှိ သောက်သုံး ရေကန်အား နယ်မြေခံ တပ်မတော် သားများက တူးဖော်ဆယ်တင်ခြင်း၊ ကန်ပေါင်မြေဖို့မြှင့်တင်ခြင်း တို့အား ကူညီ ဆောင်ရွက် ပေးနေမှု များကို ကြည့်ရှု အားပေးသည်။


အလားတူ မေ ၁ ရက်တွင် နေပြည်တော် ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိ မြို့နယ် သစ်ယာကုန်း ကျေးရွာရှိ အိမ်ထောင်စု ၃၅ဝ စု၊ လူဦးရေ ၈ဝ၃ ဦးတို့ အတွက် သောက်သုံး ရေဂါလန် ၁၆ဝဝ၊ ဇေယျာ သီရိမြို့ နယ် လေသာမြောက် ကျေးရွာရှိ အိမ်ထောင်စု ၂၇ဝ၊ လူဦးရေ ၉၈၂ ဦး အတွက် သောက် သုံး ရေဂါလန် ၂ဝဝ နှင့် ဥတ္တရသီရိ မြို့နယ် တက်သိမ်း ကျေးရွာနှင့် ဇလောင်းမြောက် ကျေးရွာရှိ အိမ်ထောင်စု ၄၇၆ စု၊ လူဦးရေ ၁၇၁၂ ဦး တို့အား သောက်ရေသန့် တစ်လီတာဆံ့ ဘူး ၉ဝ နှင့် သောက်သုံးရေဂါလန် ၂၄ဝဝ တို့အား နယ်မြေခံ တပ်မတော်သား များက အသီးသီး ဖြန့်ဝေ လှူဒါန်းခဲ့ ကြောင်း သတင်း ရရှိသည်။
From....မြ၀တီ



No comments:

Post a Comment