Monday, May 13, 2013

သမ္မတ ဦးသိန်းစိန် အိုဘာမားထံ သွားရောက် တွေ့ဆုံမည်

အမေရိကန် သမ္မတ၏ တရားဝင်ဖိတ်ကြားချက်အရ မကြာမီရက်ပိုင်းအတွင်း သမ္မတ ဦးသိန်းစိန် အမေရိကန်ပြည်ထောင်စုသို့ သွားရောက်မည်ဟု နိုင်ငံပိုင်ရုပ်/သံက မေလ ၁၃ ရက် ညတွင် ထုတ်ပြန်ကြေညာ လိုက်သည်။
ယခုခရီးစဉ်သည် သမ္မတဦးသိန်းစိန်အတွက် အမေရိကန်သမ္မတက တရားဝင်ဖိတ်သည့် ပထမဆုံး ခရီးစဉ်ဖြစ်ပြီး “အလုပ်သဘော” သွားရောက်ခြင်း ဖြစ်သည်ဟုလည်း ကြေညာသွားသည်။

သို့သော် မည်သည့်နေ့တွင် အမေရိကန်သို့ စထွက်မည်၊ မည်သည့် အကြောင်းအရင်းကို အဓိက ထားဆွေးနွေး မည်ကိုမူ အစိုးရက ထုတ်ပြန်ခြင်း မရှိသေးပေ။

ဦးသိန်းစိန်နှင့် အိုဘားမားတို့သည် ကမ္ဘောဒီးယားနိုင်ငံတွင် တကြိမ်၊ အင်ဒိုနီးရှားနိုင်ငံတွင် တကြိမ်၊မြန်မာနိုင်ငံ တွင် တကြိမ် စုစုပေါင်း သုံးကြိမ်တိုင် တွေ့ဆုံခဲ့ကြဖူးပြီး ဖြစ်သည်။

ယခုအခါ မြန်မာနိုင်ငံသည် အမေရိကန်အပါအဝင် အနောက်နိုင်ငံများနှင့် ဆယ်စုနှစ်များစွာအတွင်း အကောင်းဆုံး ဆက်ဆံရေးကို တည်ဆောက်နိုင်လာနေသော်လည်း အခြားတဖက်တွင် အိမ်နီးချင်း တရုတ်နိုင်ငံ နှင့်ဆက်ဆံရေးကို သတိထားကိုင်တွယ်သင့်ကြောင်း နိုင်ငံရေး လေ့လာသူများ၏ သုံးသပ်မှု များ ရှိနေသည်။

လွန်ခဲ့သည့်နှစ်ရက်ကလည်း တရုတ် သတင်းစာ China Daily က မြန်မာနိုင်ငံသည် အနောက်အုပ်စုနှင့် ပူးပေါင်းနေသော်လည်း တရုတ်နှင့် ထိပ်တိုက်တွေ့မည့် လုပ်ရပ်များကိုမူ ရှောင်ကြဉ်မည်ဟု ယူဆကြောင်း
ရေးသားခဲ့သည်။

အမေရိကန်အစိုးရသည် ယခင်က ပိတ်ထားခဲ့သည့် မြန်မာအစိုးရထိပ်တန်း အရာရှိကြီးများကို အမေရိကန် သို့ ပြည်ဝင်ခွင့် ပြန်ပေး လိုက်သော်လည်း မြန်မာနိုင်ငံအပေါ် စီးပွားရေးအရပိတ်ဆို့ ထားမှုကိုမူ တနှစ် သက်တမ်း တိုးထားသည်။

ထိုသို့ စီးပွားရေး ပိတ်ဆို့မှု သက်တမ်းတိုးလိုက်၍ မြန်မာစီးပွားရေးသမားများ မျှော်လင့်နေသော အမေရိ ကန် ၏ ကုန်သွယ် ခွန် သက်သာကင်းလွတ်ခွင့်မှာ ဆုံးရှုံးခဲ့ရသည်။

VOA

No comments:

Post a Comment