Monday, May 13, 2013

မူဆယ် ခရိုင် မန်နို လုံရွာ တွင် ရွာသား ၂ ဦးအား SSA(ယွတ်ဆစ်) မှ ပစ်ခတ်

Photo: မူဆယ်ခရိုင် မန်နိုလုံရွာတွင်ရွာသား ၂ ဦးအား SSA(ယွတ်ဆစ်) မှပစ်ခတ်
Monday, May 13, 2013

မူဆယ်ခရိုင်၊ ကြူကုတ်မြို့နယ်ရှိ မန်နိုလုံရွာ တွင်နေထိုင်သော ဒေသခံ၂ဦးအား နေအိမ်တွင် နေထိုင်စဉ် SSA ယွတ်ဆစ်အဖွဲ့မှ ယမန်နေ့ ညနေ ၈ နာရီခွဲခန့်တွင် ပစ်ခတ်သွားကြောင်းသိရှိရပါသည်။

မန်နိုလုံ ရွာသို့ ယမန်နေ့ည ၈နာရီခန့်တွင်လက်နက်များကိုင်ဆောင်ထားသော လူ(၅)ဦး ရောက်ရှိလာပြီး၊ နေအိမ်တွင် နေထိုင်သော ကို ကိုကိုနိုင်နှင့်အတူနေတို့ ၂ ဦးအား သေနတ်ဖြင့် ပစ်ခတ်သွားကြောင်း၊ ၎င်းရွာသား ၂ ဦးအား မူဆယ်ဆေးရုံသို့ပို့ဆောင်စဉ် လမ်းတွင် သေဆုံးသွားကြောင်း မန်နိုလုံရွာသား တစ်ဦးမှ ပြောကြား ခဲ့သည်။ ၎င်းသတင်းနှင့် ပတ်သတ်၍ မူဆယ်မြို့နယ် အုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူတစ်ဦးအားမေးမြန်းရာ အရပ်သား ၂ဦး အသတ်ခံရသည်မှာ မှန်ကန်ကြောင်း ပြောဆိုခဲ့ပါသည်။

SSA (ယွတ်ဆစ်) အဖွဲ့သည် ထိုင်းနယ်စပ် လွယ်တိုင်းလျံဒေသတွင် ဌာနချုပ်အဖြစ်ထားရှိရန်၊ အစိုးရ နှင့် ငြိမ်းချမ်းရေးဆွေးနွေးစဉ် သဘောတူထားပြီးဖြစ်သည်။ ယခုအခါ ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်နယ်စပ် သို့ ၎င်းတပ်များ ရောက်ရှိကာ စစ်စခန်းများ တည်ဆောက်နေသဖြင့် အစိုးရတပ်များမှ ၀င်ရောက် ရှင်းလင်း ခဲ့သည်။

ယခုပစ်ခတ်မှုဖြစ်ပွားခဲ့သော မူဆယ်ခရိုင်၊ မန်နိုလုံရွာသည် SSAဌာနချုပ် လွယ်တိုင်းလျံမှ မိုင် ၂၀၀ကျော် ဝေးကြောင်း၊ SSA(ယွတ်ဆစ်) အဖွဲ့သည် အစိုးရနှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုပြုလုပ် ထားသော အဖွဲ့ဖြစ် သော်လည်း အခြားသော ရှမ်းတိုင်းရင်းသား အဖွဲ့အစည်းများ၊ “၀” နှင့် မိုင်းလားအဖွဲများ၏ နယ်မြေကိုကျော်ကာ ကချင်နယ်စပ် အနီးသို့ ရောက်ရှိနေကာ အစိုးရ တပ်များနှင့် တိုက်ပွဲများဖြစ်ပွား နေကြောင်းသိရှိရပါသည်။

Shan News
မူဆယ်ခရိုင်၊ ကြူကုတ်မြို့နယ်ရှိ မန်နိုလုံရွာ တွင်နေထိုင်သော ဒေသခံ၂ဦးအား နေအိမ်တွင် နေထိုင်စဉ် SSA ယွတ်ဆစ်အဖွဲ့မှ ယမန်နေ့ ညနေ ၈ နာရီခွဲခန့်တွင် ပစ်ခတ်သွားကြောင်းသိရှိရပါသည်။ မန်နိုလုံ ရွာသို့ ယမန်နေ့ည ၈နာရီခန့်တွင်လက်နက်များကိုင်ဆောင်ထားသော လူ(၅)ဦး ရောက်ရှိ လာပြီး၊ နေအိမ်တွင် နေထိုင်သော ကို ကိုကိုနိုင်နှင့်အတူနေတို့ ၂ ဦးအား သေနတ်ဖြင့် ပစ်ခတ် သွားကြောင်း၊ ၎င်းရွာသား ၂ ဦးအား မူဆယ်ဆေးရုံသို့ပို့ဆောင်စဉ် လမ်းတွင် သေဆုံးသွားကြောင်း မန်နိုလုံ ရွာသား တစ်ဦးမှ ပြောကြား ခဲ့သည်။ ၎င်းသတင်းနှင့် ပတ်သတ်၍ မူဆယ်မြို့နယ် အုပ်ချုပ်ရေးရုံးမှ တာဝန် ရှိသူတစ်ဦးအားမေးမြန်းရာ အရပ်သား ၂ဦး အသတ်ခံရသည်မှာ မှန်ကန်ကြောင်း ပြောဆိုခဲ့ပါသည်။

SSA (ယွတ်ဆစ်) အဖွဲ့သည် ထိုင်းနယ်စပ် လွယ်တိုင်းလျံဒေသတွင် ဌာနချုပ်အဖြစ်ထားရှိရန်၊ အစိုးရ နှင့် ငြိမ်းချမ်းရေးဆွေးနွေးစဉ် သဘောတူထားပြီးဖြစ်သည်။ ယခုအခါ ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်နယ်စပ် သို့ ၎င်းတပ်များ ရောက်ရှိကာ စစ်စခန်းများ တည်ဆောက်နေသဖြင့် အစိုးရတပ်များမှ ၀င်ရောက် ရှင်းလင်း ခဲ့သည်။

ယခုပစ်ခတ်မှုဖြစ်ပွားခဲ့သော မူဆယ်ခရိုင်၊ မန်နိုလုံရွာသည် SSAဌာနချုပ် လွယ်တိုင်းလျံမှ မိုင် ၂၀၀ကျော်ဝေးကြောင်း၊ SSA(ယွတ်ဆစ်)အဖွဲ့သည် အစိုးရနှင့်ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေး မှုပြုလုပ်ထားသော အဖွဲ့ဖြစ် သော်လည်း အခြားသော ရှမ်းတိုင်းရင်းသား အဖွဲ့အစည်း များ၊ “၀” နှင့် မိုင်းလားအဖွဲများ၏ နယ်မြေကိုကျော်ကာ ကချင်နယ်စပ် အနီးသို့ ရောက်ရှိနေကာ အစိုးရ တပ်များနှင့် တိုက်ပွဲများဖြစ်ပွား နေကြောင်းသိရှိရပါသည်။

Shan News

No comments:

Post a Comment