Tuesday, May 7, 2013

မရှိဆင်းရဲသားပညာဥာဏ်နည်းသောသူများကို အခကြေးငွေပေးကာ ပဋိပက္ခများ ဖန်တီးနေဟုဆို



Photo: မရှိဆင်းရဲသားပညာဥာဏ်နည်းသောသူများကို အခကြေးငွေပေးကာ ပဋိပက္ခများ ဖန်တီးနေဟုဆို

မန္တလေး-မေ၇
 ဖြစ်ပွားခဲ့သော ပဋိပက္ခများမှာ မြို့နှင့်အလှမ်းဝေးသည့် ကျေးရွာများမှ ပညာဥာဏ်နည်းသော မရှိဆင်းရဲသားများကို အခကြေးငွေပေးပြီး လှုံ့ဆော်ဖန်တီးနေကြောင်း ပဋိပက္ခဖန်တီးမှုများ ကြိုတင်ကာကွယ် တားဆီးရေးဆပ်ကော်မတီ(မန္တလေး)မှ တရားလွှတ်တော် ရှေ့နေ ဦးမြင့်သွင်က ပြောသည်။ 
ပဋိပက္ခဖန်တီးမှုများ ကြိုတင်ကာကွယ် တားဆီးရေးဆပ်ကော်မတီ(မန္တလေး)၏ လိုအပ်ချက်များနှင့် ရှေ့ဆက်လုပ်ဆောင်မည့် ကိစ္စများအား ဆွေးနွေးတိုင်ပင်ပွဲကိုယနေ့ နေလည့်က ဗြဟ္မစိုရ် အသင်းတိုက်တွင် ပြုလုပ်ခဲ့ပြီး ဘာသာအသီးသီးမှ ဘာသာရေးခေါင်းဆောင်များ၊ လူမှုရေး အသင်းဖွဲ့များ၊ ပါတီအသီးသီးမှ ပါတီဝင်များတက်ရောက်ခဲံ့ပြီး အသင်းလို့အပ်သည်များကို ဆွေးနွေးတိုင်ပင် ခဲ့ကြသည်။
 ပဋိပက္ခဖြစ်ပွားသည့်နေရာတိုင်းတွင် ၀င်ရောက်ဖျက်ဆီးသူများမှ မြို့ခံများဟုတ်ဘဲ မျက်နှာစိမ်းများဖြစ် နေခြင်း၊ အသုံးပြုသည့် တုတ်များမှ ဆင်တူများဖြစ်နေခြင်း၊ ဖြစ်ပွားသည့်နေရာများသို့ လူခြေတိတ်ချိန်တွင် ကားနှစ်စီးသုံးစီးခန့်ဖြင့် အုပ်စုလိုက်ရောက်လာကာ ဈေးဆိုင်များ၊ ဗလီများ၊ အိမ်များကို ၀င်ရောက်ဖျက်ဆီးခြင်း များကို ခြုံငုံသုံးသပ်ကာ အုပ်စုဖွဲ့၍ပဋိပက္ခဖန်တီးမှုများရှိနေကြောင်း အဆိုပါကော်မတီမှ တရားလွှတ်တော် ရှေ့နေ ဦးမြင့်သွင်က ပြောသည်။ ဖိုးလပြည့်
ဖြစ်ပွားခဲ့သော ပဋိပက္ခများမှာ မြို့နှင့်အလှမ်းဝေးသည့် ကျေးရွာများမှ ပညာဥာဏ်နည်းသော မရှိဆင်းရဲ သား များကို အခကြေးငွေပေးပြီး လှုံ့ဆော်ဖန်တီးနေကြောင်း ပဋိပက္ခဖန်တီးမှုများ ကြိုတင်ကာကွယ် တားဆီးရေး ဆပ်ကော်မတီ(မန္တလေး)မှ တရားလွှတ်တော် ရှေ့နေ ဦးမြင့်သွင်က ပြောသည်။

ပဋိပက္ခဖန်တီးမှုများ ကြိုတင်ကာကွယ် တားဆီးရေးဆပ်ကော်မတီ(မန္တလေး)၏ လိုအပ်ချက်များနှင့် ရှေ့ဆက် လုပ်ဆောင်မည့် ကိစ္စများအား ဆွေးနွေးတိုင်ပင်ပွဲကိုယနေ့ နေလည့်က ဗြဟ္မစိုရ် အသင်းတိုက်တွင် ပြုလုပ် ခဲ့ပြီး ဘာသာအသီးသီးမှ ဘာသာရေးခေါင်းဆောင်များ၊ လူမှုရေးအသင်းဖွဲ့များ၊ ပါတီအသီးသီးမှ ပါတီဝင် များတက်ရောက်ခဲံ့ပြီး အသင်းလို့အပ်သည်များကို ဆွေးနွေးတိုင်ပင် ခဲ့ကြသည်။
ပဋိပက္ခဖြစ်ပွားသည့်နေရာတိုင်းတွင် ၀င်ရောက်ဖျက်ဆီးသူများမှ မြို့ခံများဟုတ်ဘဲ မျက်နှာစိမ်း များဖြစ် နေခြင်း၊ အသုံးပြုသည့် တုတ်များမှ ဆင်တူများဖြစ်နေခြင်း၊ ဖြစ်ပွားသည့်နေရာများသို့ လူခြေတိတ် ချိန်တွင် ကားနှစ်စီးသုံးစီးခန့်ဖြင့် အုပ်စုလိုက်ရောက်လာကာ ဈေးဆိုင်များ၊ ဗလီများ၊ အိမ်များကို ၀င်ရောက် ဖျက်ဆီးခြင်းများကို ခြုံငုံသုံးသပ်ကာ အုပ်စုဖွဲ့၍ပဋိပက္ခဖန်တီးမှုများရှိနေကြောင်း အဆိုပါကော်မတီမှ တရား လွှတ်တော် ရှေ့နေ ဦးမြင့်သွင်က ပြောသည်။ 
ဖိုးလပြည့်
From....Popular Myanmar News Journal

No comments:

Post a Comment