Tuesday, May 7, 2013

မစိုးရိမ်ဆရာတော် ဦးဝီရသူနဲ့အစ္စလာမ်ဘာသာဝင် ဦးရွှေကြည် ဆွေးနွေး"

မစိုးရိမ်ဆရာတော် ဦးဝီရသူနဲ့အစ္စလာမ်ဘာသာဝင် ဦးရွှေကြည် ဆွေးနွေး"
Tuesday, May 07 ,2013

မန္တလေး၊မစိုးရိမ် ကျောင်းတိုက်ရဲ့ နာယက ဆရာတော်ဦးဝီရသူနဲ့ အစ္စလာမ်ဘာသာဝင် ဒိုင်းမွန်းရွှေကြည်ကုမ္ပဏီပိုင်ရှင် ဦးရွှေကြည်တို့ ဘာသာရေးအရညှိနှိုင်းဆွေးနွေးမှုတစ်ရပ်ကိုရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်က မကွေးပရိယတ္တိ စာသင်တိုက်မှာ မနေ့ ညနေပိုင်းက ကျင်းပခဲ့ပါတယ်။

အခုလို နှစ်ဘက် တွေ့ဆုံဆွေးနွေးပွဲကနေ တစ်ဘက်နဲ့ တစ်ဘက် နားလည်မှုရှိလာတယ်လို့ ဆရာတော် ဦးဝီရသူက RFAကို မိန့်ကြားပါတယ်။

"ဦးဇင်းတို့ ဒီလိုမျိုးတွေ မဖြစ်အောင် ဘယ်လိုလုပ်ကြမလဲ ဆိုတာတွေ သိလာတယ်။ဒီလိုပဲ ရင်းနှီး၊ထိတွေ့မယ်ဆိုရင် ဦးရွှေကြည်ဘက်ကလည်း ရင်းနှီးချင်တဲ့သူတွေ၊ဦးဇင်းတို့ဘက်ကလည်း ထိတွေ့ချင်တဲ့သူတွေ တိုးပွားလာမယ်။ အပြန်အလှန် နားလည်မှုတွေ ရလာမယ်ဆိုရင်တော့ မြန်မာပြည်ထာဝရ ငြိမ်းချမ်းမယ်လို့ ဦးဇင်းပြောနိုင်ပါတယ်"

ဒါ့အပြင် နှစ်ဘာသာငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး၊ နိုင်ငံတွင်း ပြည်သူတွေ အထိတ်တလန့်မဖြစ်ဘဲ ငြိမ်းငြိမ်းချမ်းချမ်းရှိရေး စတဲ့အချက်တွေကို ဆရာတော်ဦးဝီရသူက အဓိကထား ဆွေးနွေးခဲ့ကြောင်း မိန့်ကြား ပါတယ်။

ဦးရွှေကြည်ကလည်း မြန်မာနိုင်ငံတွင်း ဗုဒ္ဓဘာသာနဲ့ အစ္စလာမ် ဘာသာအကြား ငြိမ်းချမ်းမှုရှိပြီး ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံဖြစ်ဖို့ အခုလို တွေ့ဆုံဆွေးနွေးကြတာဖြစ်တယ်လို့ ပြောပါတယ်။

"ဒီတွေ့ဆုံမှုက သာမန်တွေ့ဆုံမှုတော့ မဟုတ်ဘူး။ အကြမ်းဖက် ခံရတာတွေ၊ အိုးအိမ်ဖျက်စီးခံရတာတွေကို အများဆုံးကူညီပေးတာ ရဟန်းတော်တွေလေ၊ရဲထက်တောင် အများဆုံး ကူညီပေးတယ်လေ။မြန်မာလူမျိုးတွေ တိုးတက်ချင်တယ်။တိုင်းရင်းသား အားလုံးစည်းလုံးညီညွတ်ပြီး အောင်မြင်ချင်တယ်၊ဒီတော့ လက်တွေ့ကျကျ အလုပ်လုပ်မှ ရမယ်လေ"

ဒီဆွေးနွေးပွဲကို ဦးရွှေကြည်ဘက်က ဖိတ်ကြားခဲ့တာဖြစ်ပြီး မကွေးကျောင်းတိုက်ဆရာတော် ဦးပေါမောက္ခ က စီစဉ်ပေးခဲ့တာလို့ သိရပါတယ်။
RFA Burmese

နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် @[459386844101959:274:Myanmar Online News] ကို like လုပ်ထားပါ
မန္တလေး၊မစိုးရိမ် ကျောင်းတိုက်ရဲ့ နာယက ဆရာတော်ဦးဝီရသူနဲ့ အစ္စလာမ်ဘာသာဝင် ဒိုင်းမွန်းရွှေကြည် ကုမ္ပဏီပိုင်ရှင် ဦးရွှေကြည်တို့ ဘာသာရေးအရညှိနှိုင်းဆွေးနွေးမှုတစ်ရပ်ကိုရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်က မကွေးပရိယတ္တိ စာသင်တိုက်မှာ မနေ့ ညနေပိုင်းက ကျင်းပခဲ့ပါတယ်။

အခုလို နှစ်ဘက် တွေ့ဆုံဆွေးနွေးပွဲကနေ တစ်ဘက်နဲ့ တစ်ဘက် နားလည်မှုရှိလာတယ်လို့ ဆရာတော် ဦးဝီရသူက RFAကို မိန့်ကြားပါတယ်။

"ဦးဇင်းတို့ ဒီလိုမျိုးတွေ မဖြစ်အောင် ဘယ်လိုလုပ်ကြမလဲ ဆိုတာတွေ သိလာတယ်။ဒီလိုပဲ ရင်းနှီး၊ ထိတွေ့ မယ်ဆိုရင် ဦးရွှေကြည်ဘက်ကလည်း ရင်းနှီးချင်တဲ့သူတွေ၊ဦးဇင်းတို့ဘက်ကလည်း ထိတွေ့ချင်တဲ့သူတွေ တိုးပွားလာမယ်။ အပြန်အလှန် နားလည်မှုတွေ ရလာမယ်ဆိုရင်တော့ မြန်မာပြည်ထာဝရ ငြိမ်းချမ်းမယ်လို့ ဦးဇင်းပြောနိုင်ပါတယ်"

ဒါ့အပြင် နှစ်ဘာသာငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး၊ နိုင်ငံတွင်း ပြည်သူတွေ အထိတ်တလန့်မဖြစ်ဘဲ ငြိမ်းငြိမ်းချမ်းချမ်းရှိရေး စတဲ့အချက်တွေကို ဆရာတော်ဦးဝီရသူက အဓိကထား ဆွေးနွေးခဲ့ကြောင်း မိန့်ကြား ပါတယ်။

ဦးရွှေကြည်ကလည်း မြန်မာနိုင်ငံတွင်း ဗုဒ္ဓဘာသာနဲ့အစ္စလာမ်ဘာသာအကြား ငြိမ်းချမ်းမှုရှိပြီးဖွံ့ဖြိုးတိုး တက်တဲ့ နိုင်ငံဖြစ်ဖို့ အခုလို တွေ့ဆုံဆွေးနွေးကြတာဖြစ်တယ်လို့ ပြောပါတယ်။

"ဒီတွေ့ဆုံမှုက သာမန်တွေ့ဆုံမှုတော့ မဟုတ်ဘူး။ အကြမ်းဖက် ခံရတာတွေ၊ အိုးအိမ်ဖျက်စီးခံရတာတွေကို အများဆုံးကူညီပေးတာ ရဟန်းတော်တွေလေ၊ရဲထက်တောင် အများဆုံး ကူညီပေးတယ်လေ။မြန်မာ လူမျိုးတွေ တိုးတက်ချင်တယ်။တိုင်းရင်းသား အားလုံးစည်းလုံးညီညွတ်ပြီး အောင်မြင်ချင်တယ်၊ဒီတော့ လက်တွေ့ကျကျ အလုပ်လုပ်မှ ရမယ်လေ"

ဒီဆွေးနွေးပွဲကို ဦးရွှေကြည်ဘက်က ဖိတ်ကြားခဲ့တာဖြစ်ပြီး မကွေးကျောင်းတိုက်ဆရာတော် ဦးပေါမောက္ခ က စီစဉ်ပေးခဲ့တာလို့ သိရပါတယ်။
RFA Burmese


No comments:

Post a Comment