ပြီးခဲ့တဲ့ ဧပြီလ ၅ ရက်နေ့က ရခိုင်ပြည်နယ် အမ်းမြို့နယ်မှာ
ဖမ်းဆီးရမိခဲ့တဲ့ သံဃာအယောင်ဆောင် မူဆလင် ၈ ဦးထဲက ၆ ဦးကို
အမ်းမြို့နယ်တရားရုံးမှာ လူဝင်မှုကြီးကြပ်ရေးဥပဒေအရ ရုံးတင်စစ်ဆေးနေပြီး
ကျန် ၂ ဦးကိုလည်း ထပ်မံအရေးယူဆောင်ရွက်နေပြီလို့ သိရပါတယ်။
ကျန် ၂ ဦးကို တရားစွဲဆိုနေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး အမ်းမြို့နယ် လဝကဦးစီးမှူး ဦးအောင်ကျော်မြင့်က RFA ကို ဒီကနေ့ ပြောပါတယ်။
အခုထပ်မံတရားစွဲဆိုတဲ့ ၂ ဦးထဲက ၁ ဦးမှာ အစိုးရကထုတ်ပေးထားတဲ့ အဖြူရောင် ယာယီသက်သေခံ လက်မှတ် ပါရှိတဲ့အတွက
ပြီးခဲ့တဲ့ ဧပြီလ ၅ ရက်နေ့က အမ်းမြို့နယ်၊ ပဲပဒုံစစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးရမိခဲ့တဲ့ သင်္ကန်းဝတ် သံဃာအယောင်ဆောင် မူဆလင် ၈ ဦးဟာ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် အလယ်ကျွန်းကျေးရွာ နဲ့ ခေါင်းတုတ်ကျေးရွာတွေမှာ နေထိုင်တဲ့သူတွေဖြစ်ပြီး ရခိုင်ပြည်နယ်ကနေ ရန်ကုန်ဘက်ကို သွားရောက်ဖို့ CRW ကား အမျိုးအစားနဲ့ စီးနင်းလိုက်ပါလာစဉ် ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။
သူတို့ကို စစ်ဆေးချက်အရ ရခိုင်ပြည်နယ်ကနေ ရန်ကုန်အရောက် ပွဲစားခ ကျပ်ငွေ ၁၅ သိန်းပေးဆောင်ပြီး သွားရောက်တာဖြစ်တယ်လို့ အမ်းမြို့နယ် လဝကမှူးက ဆိုပါတယ်။
RFA Burmese
No comments:
Post a Comment