Saturday, May 11, 2013

လုပ်သား၊ အလုပ်ရှင်အခွင့်အရေး လေ့လာရေးကော်မတီ စက်ရုံ ၅၀ ကျော်ကို ကွင်းဆင်း စစ်ဆေးမည်

Photo: လုပ်သား၊ အလုပ်ရှင်အခွင့်အရေး လေ့လာရေးကော်မတီ စက်ရုံ ၅၀ ကျော်ကို ကွင်းဆင်း စစ်ဆေးမည်
Saturday, May 11, 2013

အလုပ်ရှင်၊ အလုပ်သမားများကြား ဖြစ်ပွားနေသည့် ပြဿနာ ဇာစ်မြစ်ကို ရှာဖွေ ရန် လွှတ်တော်ကိုယ်စားလှယ် များဖြင့် ဖွဲ့စည်းထားသော အလုပ်သမား၊ အလုပ်ရှင် အခွင့်အရေး လေ့လာရေးကော်မတီ စက်ရုံ၊ အလုပ်ရုံပေါင်း ၅၀ နီးပါးကို မေလတတိယ ပတ်တွင် ကွင်းဆင်း စစ်ဆေးသွားမည်ဖြစ် ကြောင်း အဆိုပါကော်မတီမှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင် ကပြောကြားသည်။

ကနဦးအနေနှင့် လက်ရှိလုပ်ငန်း အခြေအနေကို သိရှိနိုင်ရန် စက်ရုံပေါင်း ၅၀ ကျော်ကို အလုပ်ရှင်၊ အလုပ်သမားများထံသို့ စာဖြင့် မေးခွန်းပို့ထားပြီး ရရှိလာသော အဖြေများကို သုံးသပ်ကာ အဖွဲ့သုံးဖွဲ့ ခွဲ၍ ကွင်းဆင်းစစ်ဆေးမှု များကို စတင်မည်ဖြစ်ကြောင်း ၄င်းကဆိုသည်။

ကွင်းဆင်းစစ်ဆေးရာတွင် လှိုင်သာယာ၊ ရွှေပြည်သာစသည့် စက်ရုံလုပ်ငန်း အများအပြား ရှိသောနေရာများကို သွားရောက်စစ်ဆေးမည် ဖြစ်ပြီး အထည်ချုပ်၊ အအေးခန်းအပါအဝင် လုပ်ငန်းစုံကို ကွင်းဆင်းစစ်ဆေး သွားမည်ဖြစ်ကြောင်း အဆိုပါကော်မတီထံမှ သိရှိရသည်။
"အလုပ်ရှင်၊ အလုပ်သမားကြား ပဋိပက္ခမဖြစ်အောင် မျှခြေတစ်ခုကို ဖန်တီးပေးသွားဖို့ လုပ်တာပါ" ဟု ဦးဖုန်းမြင့်အောင် ကပြောကြားသည်။

ကွင်းဆင်း စစ်ဆေးပြီးပါက အလုပ်ရှင်၊ အလုပ်သမား ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားပြီး စစ်ဆေး တွေ့ရှိချက်များကို မေလ ၃၁ ရက်နေ့တွင် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌထံ တင်ပြရမည် ဖြစ်ကြောင်း ဥပဒေပညာရှင်များ၊ လွှတ်တော် ကိုယ်စားလှယ် များဖြင့် ဖွဲ့စည်းထားသော အလုပ်သမား၊ အလုပ်ရှင် အခွင့်အရေး လေ့လာရေးကော်မတီ ထံမှ သိရှိရသည်။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လုပ်သားများ ပါဝင်ကာ ဖေဖော်ဝါရီလ ၁၆ ရက်နှင့် ၁၇ ရက်နေ့ တို့တွင် ပြုလုပ်ခဲ့သော အလုပ်ရုံ ဆွေးနွေးပွဲမှ ဆွေးနွေးချက်များကို အမျိုးသား လွှတ်တော်ကို ပေးပို့ခဲ့သဖြင့် ယခုကဲ့သို့ အကောင်အထည်ဖော် လုပ်ဆောင်ရန် စီစဉ်ခြင်းဖြစ်သည်။
The Voice Weekly

နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News ကို like လုပ်ထားပါ

၂၀၁၂ ခုနှစ်တွင် ဆန္ဒပြမူ ဖြစ်ခဲ့တဲ့ Hi-Mo ဆံပင်တုကုမ္ပဏီက ဆန္ဒပြအလုပ်သမားများ
၂၀၁၂ ခုနှစ်တွင် ဆန္ဒပြမူ ဖြစ်ခဲ့တဲ့ Hi-Mo ဆံပင်တုကုမ္ပဏီက ဆန္ဒပြအလုပ်သမားများ
အလုပ်ရှင်၊ အလုပ်သမားများကြား ဖြစ်ပွားနေသည့် ပြဿနာ ဇာစ်မြစ်ကို ရှာဖွေ ရန် လွှတ်တော်ကိုယ်စားလှယ် များဖြင့် ဖွဲ့စည်းထားသော အလုပ်သမား၊ အလုပ်ရှင် အခွင့်အရေး လေ့လာရေးကော်မတီ စက်ရုံ၊ အလုပ်ရုံပေါင်း ၅၀ နီးပါးကို မေလတတိယ ပတ်တွင် ကွင်းဆင်း စစ်ဆေးသွားမည်ဖြစ် ကြောင်း အဆိုပါကော်မတီမှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင် ကပြောကြားသည်။ ကနဦးအနေနှင့် လက်ရှိလုပ်ငန်း အခြေအနေကို သိရှိနိုင်ရန် စက်ရုံပေါင်း ၅၀ ကျော်ကို အလုပ်ရှင်၊ အလုပ်သမားများထံသို့ စာဖြင့် မေးခွန်းပို့ထားပြီး ရရှိလာသော အဖြေများကို သုံးသပ်ကာ အဖွဲ့သုံးဖွဲ့ ခွဲ၍ ကွင်းဆင်းစစ်ဆေးမှု များကို စတင်မည်ဖြစ်ကြောင်း ၄င်းကဆိုသည်။

ကွင်းဆင်းစစ်ဆေးရာတွင် လှိုင်သာယာ၊ ရွှေပြည်သာစသည့် စက်ရုံလုပ်ငန်း အများအပြား ရှိသောနေရာများကို သွားရောက်စစ်ဆေးမည် ဖြစ်ပြီး အထည်ချုပ်၊ အအေးခန်းအပါအဝင် လုပ်ငန်းစုံကို ကွင်းဆင်းစစ်ဆေး သွားမည်ဖြစ်ကြောင်း အဆိုပါကော်မတီထံမှ သိရှိရသည်။ "အလုပ်ရှင်၊ အလုပ်သမားကြား ပဋိပက္ခမဖြစ်အောင် မျှခြေတစ်ခုကို ဖန်တီးပေးသွားဖို့ လုပ်တာပါ" ဟု ဦးဖုန်းမြင့်အောင် ကပြောကြားသည်။

ကွင်းဆင်း စစ်ဆေးပြီးပါက အလုပ်ရှင်၊ အလုပ်သမား ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားပြီး စစ်ဆေး တွေ့ရှိချက်များကို မေလ ၃၁ ရက်နေ့တွင် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌထံ တင်ပြရမည် ဖြစ်ကြောင်း ဥပဒေပညာရှင်များ၊ လွှတ်တော် ကိုယ်စားလှယ် များဖြင့် ဖွဲ့စည်းထားသော အလုပ်သမား၊ အလုပ်ရှင် အခွင့်အရေး လေ့လာရေးကော်မတီ ထံမှ သိရှိရသည်။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လုပ်သားများ ပါဝင်ကာ ဖေဖော်ဝါရီလ ၁၆ ရက်နှင့် ၁၇ ရက်နေ့ တို့တွင် ပြုလုပ်ခဲ့သော အလုပ်ရုံ ဆွေးနွေးပွဲမှ ဆွေးနွေးချက်များကို အမျိုးသား လွှတ်တော်ကို ပေးပို့ခဲ့သဖြင့် ယခုကဲ့သို့ အကောင်အထည်ဖော် လုပ်ဆောင်ရန် စီစဉ်ခြင်းဖြစ်သည်။

The Voice Weekly

No comments:

Post a Comment