Monday, May 6, 2013

မန္တလေးတိုင်းအတွင်း ကျေးရွာ ၄၀၀၀ ကျော် ရေလိုအပ်နေ

Photo: မန္တလေးတိုင်းအတွင်း ကျေးရွာ ၄၀၀၀ ကျော် ရေလိုအပ်နေ

မြန်မာနိုင်ငံ၏ မိုး နည်းရေရှားရပ်ဝန်းတွင် ပါဝင်သောမန္တလေးတိုင်းဒေသကြီးတွင် ကျေးရွာပေါင်း ၄၇၈၀ ရှိသည့်အနက် ၄၁၀၀ ခန့်ရှိသော ကျေးရွာများမှာ နွေရာသီတွင် ရေလိုအပ်ချက်များ ရှိနေကြောင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးရဲမြင့်က ပြောကြားသည်။
	
စစ်ကိုင်း၊ မကွေးနှင့် မန္တလေးတိုင်းဒေသကြီးများအနက် မန္တလေးတိုင်းဒေသကြီးသည် ရေလိုအပ် ချက်အကြီးမားဆုံးဖြစ်ပြီး ရေတစ်ထမ်းအတွက် အချိန်များစွာပေးနေရသော ကျေးရွာများနှင့် ပတ်သက်၍ “အစိုးရအဖွဲ့က ကွင်းဆင်းလေ့လာတော့ ပြည်သူကရေပဲပူဆာကြတယ်”ဟူ၍ နေပြည်တော် MICC ခန်းမတွင် မေ ၃ ရက်ကကျင်းပသော သောက်သုံးရေအတွက် ငွေလှူဒါန်းပွဲတွင်  ဦးရဲမြင့်က ပြောကြားသည်။
	
ဒေသ၏ မိုးရွာသွန်းမှုနှင့် မိုးရေချိန်ရရှိမှုမှာလည်း ယခင်နှစ်များက ၅၁ ရက်ရွာပြီး ၃၄ လက်မရရှိ ခဲ့ကြောင်း၊ ယမန်နှစ်တွင် ၄၅ ရက် ရွာသွန်းပြီး ၂၉ လက်မသာရရှိခဲ့ကြောင်း၊ ယမန်နှစ်ကရေရရှိရေးအတွက် ကျပ်သန်း ၁၂၀၀ သုံးစွဲခဲ့ကြောင်းလည်း ၀န်ကြီးချုပ်က ထပ်မံပြောကြားခဲ့သည်။
	
ယမန်နှစ်က မိုးနည်း၍ ရေရှားပါးသော အခြေအနေနှင့် ပတ်သက် ပြီး မိတ္ထီလာမြို့နယ်မှ တောင်သူတစ်ဦးဖြစ်သူ ဦးကျော်လင်းကလည်း “တစ်နှစ်မှ ရေမခန်းဖူးတဲ့ ကန်တွေတောင် ဒီနှစ်ရေခန်းတယ်”ဟုဆိုသည်။ ၎င်းတို့အပြင် မန္တလေး မြို့ပေါ်ကနေ ဦးသောင်းတင်ဝင်းကလည်း “ရပ်ဝေးက သူငယ်ချင်းတွေ အလည်လာမယ်ဆိုရင်တောင် မလာစေချင်ဘူး။ ရေရှားလို့”ဟုမြို့ပေါ်အခြေအနေကိုပြောဆိုသည်။
	
အဆိုပါတိုင်းဒေသကြီးတွင် ရေကန် ၂၀၆ ကန်နှင့် ရေတွင်း ၂၃၀ တွင်းတူးနေကြောင်း၊ တွင်းနက် ၆၆ တွင်းပါဝင်သော်လည်း ရေထွက်ချင်မှ ထွက်မည်ဖြစ်ကြောင်း၊ ရေငန်လည်း ဖြစ်ကောင်းဖြစ်နိုင်ကြောင်း ၀န်ကြီးချုပ်ဦးရဲမြင့်က ပြောသည်။ 

အဆိုပါ တိုင်းဒေသကြီး ၃ ခုအပြင် တစ်နိုင်ငံလုံး၌ ၁၉၉၀ခုနှစ်က ကွင်းဆင်းကောက်ယူမှုအရ ရေလိုအပ်သော ကျေးရွာပေါင်း ၂၃၂၂၅ရွာ အတွက် ဆောင်ရွက်ပေးရန် လိုအပ် ကြောင်း သမ္မတရုံးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွန့်က ပြောသည်။
	
ယင်းလိုအပ်ချက်အရ ၂၀၀၀ မှ ၂၀၁၀ ပြည့်နှစ်အထိ ဆယ်နှစ်အတွင်း တွင်းတိမ် ၁၈၀၀၄၊ တွင်းအနက် ၆၆၈၄ တွင်း၊ စုစုပေါင်း ၂၄၆၈၇ တွင်းကို ရေရရှိရေးတူးဖော်ပေးခဲ့ ကြောင်း၊ ဘဏ္ဍာငွေ သုံးစွဲမှုအဖြစ် နိုင်ငံတော်မှ ကောက်ခံငွေ ကျပ် ၁၀၄၀၇.၆၂  သန်း၊ စည်ပင်ရန်ပုံငွေ ၁၀၄၈၅.၂၀ သန်း၊ ပြည်တွင်း ပြည်ပအလှူငွေကျပ် ၂၆၉၆.၉၂ သန်းနှင့် ကန်ဒေါ်လာ ၈၈၇၄၃၊ နိုင်ငံတာကာနှင့် ပူးပေါင်းဆောင်ရွက်မှုအဖြစ် ကန်ဒေါ်လာ ၇.၂၆ သန်း၊ ဂျပန်ယန်း ၁၃၉၉.၆၂ သန်း သုံးစွဲခဲ့ကြောင်းလည်း ဦးသိန်းညွန့်က ပြောသည်။

အဆိုပါဒေသများတွင် ရေအတွက် အချိန်များစွာပေးရသည့်သဖြင့် ၀မ်းပျက်၊ ၀မ်းလျှော၊ မျက်စိတိမ်စွဲစသည့် ရောဂါများပါဖြစ်ပွားသောကြောင့် နိုင်ငံတော်အတွင်း ငွေကြေးနှင့် လုပ်သားများစွာ ဆုံးရှုံးရကြောင်းလည်း ဦးသိန်းညွန့်က ပြောကြားခဲ့သည်။

ဓာတ်ပုံ- ဝေမိုး



မြန်မာနိုင်ငံ၏ မိုး နည်းရေရှားရပ်ဝန်းတွင် ပါဝင်သောမန္တလေးတိုင်းဒေသကြီးတွင် ကျေးရွာပေါင်း ၄၇၈၀ ရှိသည့်အနက် ၄၁၀၀ ခန့်ရှိသော ကျေးရွာများမှာ နွေရာသီတွင် ရေလိုအပ်ချက်များ ရှိနေကြောင်း တိုင်းဒေသ ကြီးဝန်ကြီးချုပ်ဦးရဲမြင့်က ပြောကြားသည်။


စစ်ကိုင်း၊ မကွေးနှင့် မန္တလေးတိုင်းဒေသကြီးများအနက် မန္တလေးတိုင်းဒေသကြီးသည် ရေလိုအပ် ချက် အကြီးမားဆုံးဖြစ်ပြီး ရေတစ်ထမ်းအတွက် အချိန်များစွာပေးနေရသော ကျေးရွာများနှင့် ပတ်သက်၍ “အစိုးရ အဖွဲ့က ကွင်းဆင်းလေ့လာတော့ ပြည်သူကရေပဲပူဆာကြတယ်”ဟူ၍ နေပြည်တော် MICC ခန်းမ တွင် မေ ၃ ရက်ကကျင်းပသော သောက်သုံးရေအတွက် ငွေလှူဒါန်းပွဲတွင် ဦးရဲမြင့်က ပြောကြားသည်။

ဒေသ၏ မိုးရွာသွန်းမှုနှင့် မိုးရေချိန်ရရှိမှုမှာလည်း ယခင်နှစ်များက ၅၁ ရက်ရွာပြီး ၃၄ လက်မရရှိ ခဲ့ကြောင်း၊ ယမန်နှစ်တွင် ၄၅ ရက် ရွာသွန်းပြီး ၂၉ လက်မသာရရှိခဲ့ကြောင်း၊ ယမန်နှစ်ကရေရရှိရေးအတွက် ကျပ်သန်း ၁၂၀၀ သုံးစွဲခဲ့ကြောင်းလည်း ၀န်ကြီးချုပ်က ထပ်မံပြောကြားခဲ့သည်။

ယမန်နှစ်က မိုးနည်း၍ ရေရှားပါးသောအခြေအနေနှင့် ပတ်သက်ပြီး မိတ္ထီလာမြို့နယ်မှ တောင်သူ တစ်ဦးဖြစ်သူ ဦးကျော်လင်းကလည်း “တစ်နှစ်မှ ရေမခန်းဖူးတဲ့ ကန်တွေတောင် ဒီနှစ်ရေခန်းတယ်” ဟုဆိုသည်။ ၎င်းတို့အပြင် မန္တလေး မြို့ပေါ်ကနေ ဦးသောင်းတင်ဝင်းကလည်း “ရပ်ဝေးက သူငယ်ချင်းတွေ အလည်လာမယ်ဆိုရင်တောင် မလာစေချင်ဘူး။ ရေရှားလို့”ဟုမြို့ပေါ်အခြေအနေကိုပြောဆိုသည်။

အဆိုပါတိုင်းဒေသကြီးတွင် ရေကန် ၂၀၆ ကန်နှင့် ရေတွင်း ၂၃၀ တွင်းတူးနေကြောင်း၊ တွင်းနက် ၆၆ တွင်းပါဝင်သော်လည်း ရေထွက်ချင်မှ ထွက်မည်ဖြစ်ကြောင်း၊ ရေငန်လည်း ဖြစ်ကောင်းဖြစ်နိုင်ကြောင်း ၀န်ကြီးချုပ်ဦးရဲမြင့်က ပြောသည်။

အဆိုပါ တိုင်းဒေသကြီး ၃ ခုအပြင် တစ်နိုင်ငံလုံး၌ ၁၉၉၀ခုနှစ်က ကွင်းဆင်းကောက်ယူမှု အရ ရေလို အပ်သော ကျေးရွာပေါင်း ၂၃၂၂၅ရွာ အတွက် ဆောင်ရွက်ပေးရန် လိုအပ် ကြောင်း သမ္မတရုံးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွန့်က ပြောသည်။

ယင်းလိုအပ်ချက်အရ ၂၀၀၀ မှ ၂၀၁၀ ပြည့်နှစ်အထိ ဆယ်နှစ်အတွင်း တွင်းတိမ် ၁၈၀၀၄၊ တွင်းအနက် ၆၆၈၄ တွင်း၊ စုစုပေါင်း ၂၄၆၈၇ တွင်းကို ရေရရှိရေးတူးဖော်ပေးခဲ့ ကြောင်း၊ ဘဏ္ဍာငွေ သုံးစွဲမှု အဖြစ် နိုင်ငံတော် မှ ကောက်ခံငွေ ကျပ် ၁၀၄၀၇.၆၂ သန်း၊ စည်ပင်ရန်ပုံငွေ ၁၀၄၈၅.၂၀ သန်း၊ ပြည်တွင်း ပြည်ပအလှူငွေကျပ် ၂၆၉၆.၉၂ သန်းနှင့် ကန်ဒေါ်လာ ၈၈၇၄၃၊ နိုင်ငံတာကာနှင့် ပူးပေါင်းဆောင်ရွက်မှုအဖြစ် ကန်ဒေါ်လာ ၇.၂၆ သန်း၊ ဂျပန်ယန်း ၁၃၉၉.၆၂ သန်း သုံးစွဲခဲ့ကြောင်းလည်း ဦးသိန်းညွန့်က ပြောသည်။

အဆိုပါဒေသများတွင် ရေအတွက် အချိန်များစွာပေးရသည့်သဖြင့် ၀မ်းပျက်၊ ၀မ်းလျှော၊ မျက်စိ တိမ်စွဲ စသည့် ရောဂါများပါဖြစ်ပွားသောကြောင့် နိုင်ငံတော်အတွင်း ငွေကြေးနှင့် လုပ်သားများစွာ ဆုံးရှုံးရကြောင်း လည်း ဦးသိန်းညွန့်က ပြောကြားခဲ့သည်။
From...7Day News Journal

No comments:

Post a Comment