Monday, May 6, 2013

ဘာသာမတူကွဲပြားမှုတွေကို အလေးထားတဲ့ ဒုဗိုလ်မှူးကြီး သိန်းစိန်

Photo: ဘာသာမတူကွဲပြားမှုတွေကို အလေးထားတဲ့ ဒုဗိုလ်မှူးကြီး သိန်းစိန်
Monday, May06, 2013

အခုအချိန်မှာ သမ္မတဦးသိန်းစိန် လုပ်ကိုင်နေတဲ့ ဘာသာမတူကွဲပြားမှုတွေကို အလေးထားပြီး ဆောင်ရွက်နေတာတွေကို ကြားသိရတဲ့အခါ ကလေးမြို့မှာ တပ်ရင်းမှူးဘဝနဲ့ အတူနေခဲ့ဘူးတဲ့ နာဂတိုင်းရင်းသား တပ်ကြပ်ကြီး (အဲဒီတုန်းကတော့ ရဲဘော်လေးပေါ့) နိကွန်ရဲ့ ပြောကြားချက်ကို မိတ်ဆွေတွေ သိရှိရအောင် ပြန်ပြောင်း ပြောပြချင်ပါတယ်။

ခလရ(၈၉)မှာ တပ်ရင်းမှူး လုပ်ခဲ့တာပါ။ အခု လယ်ထဲဆင်းနေတဲ့ ဦးသိန်းစိန်ဟာ တပ်ရင်းမှူးဘ၀မှာလည်း မြေ(၁၀၈)ဧကမှာ စိုက်ခင်းတွေအပြည့်၊ ကျွဲ၊ နွားတွေ မွေး၊ ငါးကန်တွေ ဖော်ပြီး လုပ်ကိုင်ခဲ့ပါတယ်။ အဲဒီတုန်းက ကလေးမြို့မှာ ငါးဆိုတာ ရှားပါးပါ။ ဈေးထဲမှာ ၀ယ်ရင် ငါး(၁)ပိဿာကို (၁၅)ကျပ် ဈေးပေါက်ပါတယ်။ ဦးသိန်းစိန်က သူမွေးထားတဲ့ ငါးတွေကို တစ်ပိဿာ(၅)ကျပ်နဲ့ ဈေးထဲမှာ ရောင်းပေးခဲ့တာပါ။ အဲ...တပ်မိသားစုတွေကတော့ ဦးဦးဖျားဖျား ဝေပေးတာပေါ့။

ပြီးတော့ စိုက်ပျိုးရေး၊ မွေးမြုရေးက ရလာတဲ့ ငွေတွေကို ဘာသာရေးပွဲလမ်းတွေမှာ ရက်ရက်ရောရော သုံးစွဲပါတယ်။ ဘာသာရေးပွဲလမ်း ဆိုလို့ ဗုဒ္ဓဘာသာပွဲလမ်းတွေချည်းပဲ မထင်ပါနဲ့။ ခရစ်ယာန်ပွဲလမ်းတွေ ဖြစ်တဲ့ ခရစ္စမတ်တို့၊ နယူးရီးယားတို့လည်း ခမ်းခမ်းနားနားလုပ်တယ်။ ဟိန္ဒူပွဲတွေ ရှိတယ်။ နတ်ပွဲတွေ ရှိတယ်။

အဲဒီတုန်းက ခလရ(၈၉)က ရဲဘော်တွေထဲမှာ ချင်းတွေ၊ နာဂတွေ၊ ကယားတွေ၊ ရခိုင်တွေ အများကြီး ရှိတာ။ ဗမာစစ်သားက နည်းတယ်။ စုပေါင်းရှင်ပြုဆိုရင် ကိုရင်က အပါး(၈၀)လောက်၊ ရဟန်းက ၉ ပါး ၁၀ ပါး လောက်ပါတယ်။ ပြီးတော့ တပ်ရင်းမှူးဦးသိန်းစိန်က ဘာလုပ်သလဲ ဆိုတော့ ကလေးမြို့က သွားရလာရ ဝေးတယ်၊ ပွဲလမ်းတွေဆိုလည်း နည်းတယ်၊ ရဲဘော်တွေသာမက မြို့လူထုပါ ဆင်နွှဲနိုင်အောင် ဆိုပြီး မန္တလေးက လမင်းတစ်ရာအငြိမ့်ကို ရအောင်ငှားခိုင်းတယ်။ ပြီးတော့ ဆိုင်းဝိုင်းဆိုရင်လည်း နာမည်ကြီးမိုးဇာဗျောကို ရအောင် ငှားခိုင်းတယ်။

အဲဒီခေတ်ကဆိုရင် သိန်း(၂၀)လောက် ကုန်မယ် ထင်တယ်။ ဒါတွေက စိုက်ပျိုးရေး၊ မွေးမြူရေးက ရတဲ့ ငွေတွေနဲ့ အကုန်အကျခံခဲ့တာ။ ဘာပြောကောင်းမလဲ ရဲဘော်တွေ ဆိုရင် ပွဲကြီးပွဲကောင်းပေါ့။ ကလေးမြို့လူထုလည်း လာကြတာမှ အများကြီး။

အဲဒီတုန်းက သိပ်ကိုပျှော်ဖို့ ကောင်းတာလို့ တပ်ကြပ်ကြီးနိကွန်က ပြောပြပါတယ်။ ခရစ်ယာန်တွေရော၊ ဟိန္ဒူတွေရော၊ နတ်ကိုးကွယ်တဲ့ရဲဘော်တွေရော အားလုံးတစ်ပြေးညီပဲ။ ပွဲတော်တွေ လုပ်ပေးတယ်။ ဘာသာပေါင်းစုံညီညွတ်ရေးဆိုတာ အဲဒီကလေးတပ်မှာ ဦးသိန်းစိန်ကိုယ်တိုင် လုပ်ခဲ့တာပေါ့။

ပြီးတော့ နာဂရဲဘော်တွေကို ခွင့်ပေးတာကလည်း တစ်ခါတစ်ခါပေးရင် (၁)လခွဲပဲ။ သွား၇တာလည်း ဝေးတာကိုး။ နိကွန်တို့နာဂရဲဘော်တွေက ဘာဖြစ်လို့ ခွင့်ပြန်ကြတယ် ထင်သလဲ။ တစ်ခြားတော့ မဟုတ်ဘူး - မိန်းမယူဖို့။ လမ်းစရိတ်တွေယူပြီး ခွင့်ပြန်ကြတယ်။ ကြိုက်တဲ့မိန်းမတောင်း တပ်ကိုခေါ်သွားကြပေါ့။ နာဂရဲဘော်တွေ ခွင့်ပြန်ရောက်တော့ ပါးရဲထိုးထား တဲ့ နာဂအမျိုးသမီးတွေ ပါလာကြတယ်။

တပ်ရင်းမှူးဒုဗိုလ်မှူးကြီးသိန်းစိန်လက်ထက် အမှတ်တရတွေ အများကြီးပါ။ အဲဒီတုန်းက နာဂအမျိုးသမီးတွေက အင်္ကျီဝတ်တဲ့ အကျင့် မရှိကြသေးဘူး။ တပ်ရင်းမှူးက တပ်ရေးဗိုလ်ကြီးကို ခေါ်ပြီး နာဂအမျိုးသမီးတွေ အင်္ကျီ မ၀တ်မနေရ ၀တ်ခိုင်းရတာပေါ့။ အဲဒီတော့ နိကွန်ကတော်လည်း တီရှပ်နဲ့ ဘာနဲ့ ဟန်ကျပန်ကျပေါ့။

အဲဒီတုန်းက နိကွန် ယူတဲ့ မိန်းမက (၁)နှစ်လောက်ကြာတော့ ကလေး မမွေးလို့ တပ်ရင်းမှူးကို သတင်းပို့တော့ တပ်ရင်းမှူး အံ့သြလို့။ ဘာဖြစ်လို့လဲ ဆိုတော့ ခွင့်ပြန်ပြီး မိန်းမ သွားလဲမလို့ တဲ့။ နိကွန်တို့ နာဂမှာ အဲဒီတုန်းက အဲဒီလို မိန်းမ ပြန်လဲတာတွေ တစ်ကယ် ရှိခဲ့ပါတယ်။ (အခုတော့ အဲဒီလို မဟုတ်တော့ပါဘူး။)

တပ်ရင်းမှူးကတော် ဒေါ်ခင်ခင်ဝင်း မာဇဒါဂျစ်လေး စီးပြီးတော့ ဈေးသွားတဲ့အခါ မျက်လုံးပြူးသွားပါရော။ စစ်သည်ရဲမေ နာဂအမျိုးသမီးတွေက တန်းစီပြီး ချီတက်လာကြတဲ့အခါမှာ မရိုသေ့စကား ဘော်လီတွေ၊ ဘရာဇီယာတွေ လုံးဝ မပါဘူး။ လမ်းလျှောက်ပြီး သွားကြတော့ ချွေးကလေးဘာလေးထွက်လာတော့ တီရှပ်ကို အပေါ်မလိုက် ပြန်ချလိုက်နဲ့ တီရှပ်နဲ့ ယပ်ခတ်နေကြတာလေ။ တီရှပ်တွေ ဘတ်လတ် ဘတ်လတ်နဲ့ ယပ်ခတ်ရင်း လျှောက်လာကြတာ။ ခေါင်းပေါ်မှာတော့ ဈေးခြင်းတောင်းကြီး ရွက်လို့။ နာဂရဲမေတွေ လမ်းလျှောက်လာတာ နို့ကြီးတွေ ပြူးလို့- တပ်ရင်းမှူးကတော် ဒေါ်ခင်ခင်ဝင်းလည်း မျက်လုံးကြီးတွေ ပြူးလို့။

ဒီတော့ ဘာဆက်လုပ်ရသလဲ ဆိုတော့ ဘော်လီ ၀ယ်ပေး၊ မ၀တ်မနေရ အမိန့်ထုတ်နဲ့ ပေါ့။ ပျှော်စရာလည်း သိပ်ကောင်းခဲ့ပါတယ်။ ဘာသာမတူပေမယ့် ရဲဘော်ရဲဘက်စိတ် အပြည့်နဲ့ ခရစ်ယာန်ပွဲဆိုရင် ဗမာတွေရော ဟိန္ဒူတွေရော နာဂတွေရော အကုန်လာ။ ပျှော်ကြ။ ဟိန္ဒူပွဲလည်း ဒီအတိုင်း၊ ဗမာပွဲလည်း ဒီအတိုင်း။ တပ်ရင်းမှူးလင်မယားကိုယ်တိုင် လာပြီး တက်ရောက်ကြတာ။

တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးသိန်းစိန်က ဘာသာခြားရဲဘော်တွေဆို ပိုပြီး ဂရုစိုက်တယ်။ ဘာသာရေးပွဲတွေ မမေ့မလျော့ လုပ်ပေးတယ်။ အခု သမ္မတကြီး ဖြစ်နေပြီ ဖြစ်တဲ့ ဦးသိန်းစိန်ဟာ ဘာသာမတူကွဲပြားမှုတွေ ရှိပေမယ့် အေးချမ်းတဲ့ နိုင်ငံသားတွေ ဖြစ်အောင် လုပ်ကိုင်နေတာတွေ မြင်တွေ့ရတဲ့အခါ ကလေးတပ်ရင်းတုန်းက အဖြစ်အပျက်တွေ ပြန်ပြောင်းသတိရမိလိမ့်မယ်လို့ တစ်ထစ်ချ ယုံကြည်မိပါတယ်။

အဲဒီတုန်းက အရမ်းပျှော်ဖို့ကောင်းတာ လို့ တပ်ကြပ်ကြီးနိကွန်က ငေးငေးလေး ပြောပါတယ်။ သူ့ကြည့်ရတာ တပ်ရင်းမှူးဦးသိန်းစိန်နဲ့ အတူနေခဲ့တဲ့ကာလကို ပြန်ပြီး လွမ်းဆွတ်နေတယ် ထင်ပါရဲ့။

ဘာသာမတူ ကွဲပြားမှုတွေကို အလေးထားတဲ့ ဦးသိန်းစိန် ငယ်ဘ၀ကို မိတ်ဆွေအပေါင်း သိရှိစေဖို့ We Love True က ရှာဖွေဖော်ထုတ် တင်ဆက်လိုက်ပါတယ်။

We Love True 

နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News ကို like လုပ်ထားပါ
အခုအချိန်မှာ သမ္မတဦးသိန်းစိန် လုပ်ကိုင်နေတဲ့ ဘာသာမတူကွဲပြားမှုတွေကို အလေး ထားပြီး ဆောင်ရွက်နေတာတွေကို ကြားသိရတဲ့အခါ ကလေးမြို့မှာ တပ်ရင်းမှူးဘဝနဲ့ အတူနေခဲ့ဘူးတဲ့ နာဂတိုင်းရင်းသား တပ်ကြပ်ကြီး (အဲဒီတုန်းကတော့ ရဲဘော်လေးပေါ့) နိကွန်ရဲ့ ပြောကြားချက်ကို မိတ်ဆွေတွေ သိရှိရအောင် ပြန်ပြောင်း ပြောပြချင်ပါတယ်။ ခလရ(၈၉) မှာ တပ်ရင်းမှူးလုပ်ခဲ့တာပါ။ အခု လယ်ထဲဆင်းနေတဲ့ ဦးသိန်းစိန်ဟာ တပ်ရင်းမှူး ဘ၀မှာလည်း မြေ(၁၀၈)ဧကမှာ စိုက်ခင်းတွေအပြည့်၊ ကျွဲ၊ နွားတွေ မွေး၊ ငါးကန်တွေ ဖော်ပြီး လုပ်ကိုင်ခဲ့ပါတယ်။ အဲဒီတုန်းက ကလေးမြို့မှာ ငါးဆိုတာ ရှားပါးပါ။ ဈေးထဲမှာ ၀ယ်ရင် ငါး(၁)ပိဿာကို (၁၅)ကျပ် ဈေးပေါက်ပါတယ်။ ဦးသိန်းစိန်က သူမွေးထားတဲ့ ငါးတွေကို တစ်ပိဿာ(၅)ကျပ် နဲ့ ဈေးထဲမှာ ရောင်းပေးခဲ့တာပါ။ အဲ...တပ်မိသားစုတွေကတော့ ဦးဦးဖျားဖျား ဝေပေးတာပေါ့။

ပြီးတော့ စိုက်ပျိုးရေး၊ မွေးမြုရေးက ရလာတဲ့ ငွေတွေကို ဘာသာရေးပွဲလမ်းတွေမှာ ရက်ရက်ရောရော သုံးစွဲပါတယ်။ ဘာသာရေးပွဲလမ်းဆိုလို့ ဗုဒ္ဓဘာသာပွဲလမ်းတွေချည်းပဲ မထင်ပါနဲ့။ ခရစ်ယာန်ပွဲ လမ်းတွေ ဖြစ်တဲ့ ခရစ္စမတ်တို့၊ နယူးရီးယားတို့လည်း ခမ်းခမ်းနားနားလုပ်တယ်။ ဟိန္ဒူပွဲတွေ ရှိတယ်။ နတ်ပွဲတွေ ရှိတယ်။

အဲဒီတုန်းက ခလရ(၈၉)က ရဲဘော်တွေထဲမှာ ချင်းတွေ၊ နာဂတွေ၊ ကယားတွေ၊ ရခိုင်တွေ အများကြီး ရှိတာ။ ဗမာစစ်သားက နည်းတယ်။ စုပေါင်းရှင်ပြုဆိုရင် ကိုရင်က အပါး(၈၀)လောက်၊ ရဟန်းက ၉ ပါး ၁၀ ပါး လောက်ပါတယ်။ ပြီးတော့ တပ်ရင်းမှူးဦးသိန်းစိန်က ဘာလုပ်သလဲ ဆိုတော့ ကလေးမြို့က သွားရလာရ ဝေးတယ်၊ ပွဲလမ်းတွေဆိုလည်း နည်းတယ်၊ ရဲဘော်တွေသာမက မြို့လူထုပါ ဆင်နွှဲနိုင်အောင် ဆိုပြီး မန္တလေးက လမင်းတစ်ရာအငြိမ့်ကို ရအောင်ငှားခိုင်းတယ်။ ပြီးတော့ ဆိုင်းဝိုင်း ဆိုရင်လည်း နာမည်ကြီးမိုးဇာဗျောကို ရအောင် ငှားခိုင်းတယ်။

အဲဒီခေတ်ကဆိုရင် သိန်း(၂၀)လောက် ကုန်မယ် ထင်တယ်။ ဒါတွေက စိုက်ပျိုးရေး၊ မွေးမြူရေးက ရတဲ့ ငွေတွေနဲ့ အကုန်အကျခံခဲ့တာ။ ဘာပြောကောင်းမလဲ ရဲဘော်တွေ ဆိုရင် ပွဲကြီးပွဲကောင်းပေါ့။ ကလေးမြို့လူထုလည်း လာကြတာမှ အများကြီး။

အဲဒီတုန်းက သိပ်ကိုပျှော်ဖို့ ကောင်းတာလို့ တပ်ကြပ်ကြီးနိကွန်က ပြောပြပါတယ်။ ခရစ်ယာန်တွေရော၊ ဟိန္ဒူတွေရော၊ နတ်ကိုးကွယ်တဲ့ရဲဘော်တွေရော အားလုံးတစ်ပြေးညီပဲ။ ပွဲတော်တွေ လုပ်ပေးတယ်။ ဘာသာပေါင်းစုံညီညွတ်ရေးဆိုတာ အဲဒီကလေးတပ်မှာ ဦးသိန်းစိန်ကိုယ်တိုင် လုပ်ခဲ့တာပေါ့။

ပြီးတော့ နာဂရဲဘော်တွေကို ခွင့်ပေးတာကလည်း တစ်ခါတစ်ခါပေးရင် (၁)လခွဲပဲ။ သွား၇တာ လည်း ဝေးတာကိုး။ နိကွန်တို့နာဂရဲဘော်တွေက ဘာဖြစ်လို့ ခွင့်ပြန်ကြတယ် ထင်သလဲ။ တစ်ခြားတော့ မဟုတ်ဘူး - မိန်းမယူဖို့။ လမ်းစရိတ်တွေယူပြီး ခွင့်ပြန်ကြတယ်။ ကြိုက်တဲ့မိန်းမတောင်း တပ်ကိုခေါ်သွားကြပေါ့။ နာဂရဲဘော်တွေ ခွင့်ပြန်ရောက်တော့ ပါးရဲထိုးထား တဲ့ နာဂအမျိုးသမီးတွေ ပါလာကြတယ်။

တပ်ရင်းမှူးဒုဗိုလ်မှူးကြီးသိန်းစိန်လက်ထက် အမှတ်တရတွေ အများကြီးပါ။ အဲဒီတုန်းက နာဂအမျိုး သမီးတွေက အင်္ကျီဝတ်တဲ့ အကျင့်မရှိကြသေးဘူး။ တပ်ရင်းမှူးက တပ်ရေးဗိုလ်ကြီးကို ခေါ်ပြီး နာဂ အမျိုးသမီးတွေ အင်္ကျီမ၀တ်မနေရ ၀တ်ခိုင်းရတာပေါ့။ အဲဒီတော့ နိကွန်ကတော်လည်း တီရှပ်နဲ့ ဘာနဲ့ ဟန်ကျပန်ကျပေါ့။

အဲဒီတုန်းက နိကွန်ယူတဲ့ မိန်းမက (၁)နှစ်လောက်ကြာတော့ ကလေးမမွေးလို့ တပ်ရင်းမှူးကို သတင်းပို့တော့ တပ်ရင်းမှူး အံ့သြလို့။ ဘာဖြစ်လို့လဲ ဆိုတော့ ခွင့်ပြန်ပြီး မိန်းမ သွားလဲမလို့ တဲ့။ နိကွန်တို့ နာဂမှာ အဲဒီတုန်းက အဲဒီလို မိန်းမ ပြန်လဲတာတွေ တစ်ကယ် ရှိခဲ့ပါတယ်။ (အခုတော့ အဲဒီလို မဟုတ်တော့ပါဘူး။)

တပ်ရင်းမှူးကတော် ဒေါ်ခင်ခင်ဝင်း မာဇဒါဂျစ်လေး စီးပြီးတော့ ဈေးသွားတဲ့အခါ မျက်လုံးပြူး သွားပါရော။ စစ်သည်ရဲမေ နာဂအမျိုးသမီးတွေက တန်းစီပြီးချီတက်လာကြတဲ့အခါမှာ မရိုသေ့ စကား ဘော်လီတွေ၊ ဘရာဇီယာတွေ လုံးဝမပါဘူး။ လမ်းလျှောက်ပြီး သွားကြတော့ ချွေးကလေး ဘာလေးထွက်လာတော့ တီရှပ်ကို အပေါ်မလိုက် ပြန်ချလိုက်နဲ့ တီရှပ်နဲ့ ယပ်ခတ်နေကြတာလေ။ တီရှပ်တွေ ဘတ်လတ် ဘတ်လတ်နဲ့ ယပ်ခတ်ရင်း လျှောက်လာကြတာ။ ခေါင်းပေါ် မှာတော့ ဈေးခြင်းတောင်းကြီး ရွက်လို့။ နာဂရဲမေတွေ လမ်းလျှောက်လာတာ နို့ကြီးတွေ ပြူးလို့- တပ်ရင်းမှူးကတော် ဒေါ်ခင်ခင်ဝင်းလည်း မျက်လုံးကြီးတွေ ပြူးလို့။

ဒီတော့ ဘာဆက်လုပ်ရသလဲ ဆိုတော့ ဘော်လီ ၀ယ်ပေး၊ မ၀တ်မနေရ အမိန့်ထုတ်နဲ့ ပေါ့။ ပျှော် စရာလည်း သိပ်ကောင်းခဲ့ပါတယ်။ ဘာသာမတူပေမယ့် ရဲဘော်ရဲဘက်စိတ် အပြည့်နဲ့ ခရစ်ယာန်ပွဲဆိုရင် ဗမာတွေရော ဟိန္ဒူတွေရော နာဂတွေရော အကုန်လာ။ ပျှော်ကြ။ ဟိန္ဒူပွဲလည်း ဒီအတိုင်း၊ ဗမာပွဲလည်း ဒီအတိုင်း။ တပ်ရင်းမှူးလင်မယားကိုယ်တိုင် လာပြီး တက်ရောက်ကြတာ။

တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးသိန်းစိန်က ဘာသာခြားရဲဘော်တွေဆို ပိုပြီး ဂရုစိုက်တယ်။ ဘာသာရေးပွဲတွေ မမေ့မလျော့ လုပ်ပေးတယ်။ အခု သမ္မတကြီး ဖြစ်နေပြီ ဖြစ်တဲ့ ဦးသိန်းစိန်ဟာ ဘာသာမတူကွဲပြားမှုတွေ ရှိပေမယ့် အေးချမ်းတဲ့ နိုင်ငံသားတွေ ဖြစ်အောင် လုပ်ကိုင်နေတာတွေ မြင်တွေ့ရတဲ့အခါ ကလေး တပ်ရင်းတုန်းက အဖြစ်အပျက်တွေ ပြန်ပြောင်းသတိရမိလိမ့်မယ်လို့ တစ်ထစ်ချ ယုံကြည်မိပါတယ်။

အဲဒီတုန်းက အရမ်းပျှော်ဖို့ကောင်းတာ လို့ တပ်ကြပ်ကြီးနိကွန်က ငေးငေးလေး ပြောပါတယ်။ သူ့ကြည့် ရတာ တပ်ရင်းမှူးဦးသိန်းစိန်နဲ့ အတူနေခဲ့တဲ့ကာလကို ပြန်ပြီး လွမ်းဆွတ်နေတယ် ထင်ပါရဲ့။

ဘာသာမတူ ကွဲပြားမှုတွေကို အလေးထားတဲ့ ဦးသိန်းစိန် ငယ်ဘ၀ကို မိတ်ဆွေအပေါင်း သိရှိစေဖို့ We Love True က ရှာဖွေဖော်ထုတ် တင်ဆက်လိုက်ပါတယ်။

We Love True

No comments:

Post a Comment