Tuesday, May 7, 2013

“ပါကစ္စတန်တွင် နိုင်ငံရေးပါတီစုဝေးမှုပြုလုပ်စဉ် ဗုံးပေါက်ကွဲ”



Photo: “ပါကစ္စတန်တွင် နိုင်ငံရေးပါတီစုဝေးမှုပြုလုပ်စဉ် ဗုံးပေါက်ကွဲ”

ပါကစ္စတန် နိုင်ငံတွင် တာလီဘန်တို့ကို လိုလားသည့် နိုင်ငံရေးပါတီတစ်ခု စုဝေးနေစဉ် ဗုံးပေါက်ကွဲမှုကြောင့် လူ(၁၄)ဦး သေဆုံးသွားကြောင်း သိရှိရသည်။ မူနာရ် အိုရက်ဇိုင် ဦးဆောင်သော ဂျာမီရတ်အီ အူလီမာ အစ္စလာမ် ပါတီသည် တာလီဘန် စစ်သွေးကြွများကို ထောက်ခံရပ်တည်သည့် နိုင်ငံရေး အင်အားစု တစ်ခုအဖြစ် အသိအမှတ်ပြု ခံထားရသော်လည်း ယခုဖြစ်စဉ်တွင် တာလီဘန်တို့ကပင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ 

တာလီဘန် တပ်ဖွဲ့များက Fox သတင်းဌာနသို့ Emailဖြင့် ဆက်သွယ်ကာ ယခုကဲ့သို့ ဗုံးဖောက်ခွဲခြင်းမှာ မိမိတို့ လက်ချက်ဖြစ်ကြောင်း အတည်ပြု အသိပေးခဲ့သည်။ ၎င်းတို့က အမေရိကန်ကို ဆန့်ကျင်ပြီး တာလီဘန်ကို ထောက်ခံသည့် အဆိုပါ နိုင်ငံရေး ပါတီကို ဦးဆောင်နေသူ အိုရက်ဇိုင်သည် အမှန်အားဖြင့် အမေရိကန် သူလျှို တစ်ဦးသာ ဖြစ်ကြောင်း စွပ်စွဲခဲ့သည်။ 

Read more http://www.planet.com.mm/news/read.cfm/id/21482
ပါကစ္စတန် နိုင်ငံတွင် တာလီဘန်တို့ကို လိုလားသည့် နိုင်ငံရေးပါတီတစ်ခု စုဝေးနေစဉ် ဗုံးပေါက်ကွဲ မှုကြောင့် လူ(၁၄)ဦး သေဆုံးသွားကြောင်း သိရှိရသည်။ မူနာရ် အိုရက်ဇိုင် ဦးဆောင်သော ဂျာမီရတ်အီ အူလီမာ အစ္စလာမ် ပါတီသည် တာလီဘန် စစ်သွေးကြွများကို ထောက်ခံရပ်တည်သည့် နိုင်ငံရေး အင်အားစုတစ်ခုအဖြစ် အသိအမှတ်ပြုခံထားရသော်လည်း ယခုဖြစ်စဉ်တွင် တာလီဘန်တို့ကပင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။


တာလီဘန် တပ်ဖွဲ့များက Fox သတင်းဌာနသို့ Emailဖြင့် ဆက်သွယ်ကာ ယခုကဲ့သို့ ဗုံးဖောက်ခွဲခြင်းမှာ မိမိတို့ လက်ချက်ဖြစ်ကြောင်း အတည်ပြု အသိပေးခဲ့သည်။ ၎င်းတို့က အမေရိကန်ကို ဆန့်ကျင်ပြီး တာလီဘန်ကို ထောက်ခံသည့် အဆိုပါ နိုင်ငံရေးပါတီကို ဦးဆောင်နေသူ အိုရက်ဇိုင်သည် အမှန်အားဖြင့် အမေရိကန် သူလျှိုတစ်ဦးသာ ဖြစ်ကြောင်း စွပ်စွဲခဲ့သည်။ 
From...Planet Myanmar Network

No comments:

Post a Comment