အသေးစား Tablet ကွန်ပျူတာ လောကသို့ Windows 8အသုံးပြု ဝင်ရောက်လာမည့် ပထမဆုံး ကိရိယာလေးဟု ယူဆရသော Acer Iconia W3၏ ပုံကို Amazon ဝက်ဘ်ဆိုက်က မတော် တဆ ဖော်ပြမိ ခဲ့ကြောင်း သိရှိရသည်။
Apple၏ iPad Miniနှင့် Android OSသုံး Tabletများကို ရင်ဆိုင်မည့် ပထမဆုံး Windows 8 OSကို အသုံးပြုထားသည့် (၇)လက်မအရွယ် Tablet ကွန်ပျူတာငယ်လေး၏ ဓာတ်ပုံကို Amazonက လွှင့်တင် ဖော်ပြခဲ့ပြီး ထို့နောက်တွင်မူ ပြန်လည် ပယ်ဖျက်သွားခဲ့သည်။ ယင်းသည် အသေးစား Tabletငယ် တစ်ခုတွင် Windows 8ကို အသုံးပြုလျှက်သား ပထမဆုံး အကြိမ် တွေ့မြင် လာရခြင်း ဖြစ် သည်။
No comments:
Post a Comment