အိန္ဒိယနိုင်ငံတွင် (၉)နှစ်အရွယ် သားဖြစ်သူကို Ferrariပြိုင်ကား ပေးမောင်းသည့် ဖခင်တစ်ဦးအား ရဲများ က ဖမ်းဆီးလိုက်ကြောင်း သိရှိရသည်။ (၉)နှစ်သား ချာတိတ်လေး တစ်ယောက်က Ferrari F430 ပြိုင်ကားကို တက်မောင်းနေသည့် ဗီဒီယိုမှာ YouTubeတွင် လူပြောများလာသည့်နောက် စစ်ဆေးကြည့်ရာ သက်ဆိုင်ရာ မိသားစုကို ဖော်ထုတ်လာနိုင်ခဲ့သည်။
ထို့ကြောင့်လည်း အိန္ဒိယနိုင်ငံ တောင်ပိုင်း ကီရာလာ ပြည်နယ်ရှိ Ferrariကား ပိုင်ရှင်ကို ကလေးသူငယ် များအား မော်တော်ယာဉ် မောင်းနှင်စေမှုဖြင့် ထိန်းသိမ်းခဲ့သည်။ မိုဟာမက် နစ်ရှမ်သည် ကလေးတစ်ဦး၏ အသက်ကို ထိခိုက်စေလောက်သော အပြုအမူအတွက် စွဲချက်တင်ခံရသည်။ နစ်ရှမ်သည် သားဖြစ်သူကို ၎င်း၏ (၉)နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် မိသားစုပိုင် Ferrari ပြိုင်ကားကို တက်မောင်းစေ ခဲ့ခြင်း ဖြစ်သည်။
From....Planet Myanmar Network
No comments:
Post a Comment