ရက်သား ကလေးငယ် တစ်ဦးကို ဘာသာရေး အယူသီးမှုဖြင့် မီးရှို့ သတ်ဖြတ်စေခဲ့သည့် ဘာသာရေး ဂိုဏ်း ခေါင်းဆောင်ဖြစ်သူအား သေဆုံးလျှက်သား ပြန်လည် ရှာဖွေ တွေ့ရှိခဲ့ကြောင်း သိရှိရသည်။
ချီလီရဲများသည် ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက အသက်(၃)ရက်သာ ရှိသေးသည့် မိန်းကလေးငယ် တစ်ဦးအား မကောင်းဆိုးရွား ကမ္ဘာမြေပေါ် ရောက်ရှိလာသည်ဆိုသော အယူသီးမှုဖြင့် အရှင်လတ်လတ် မီးပုံထဲ ပစ်ချ ခဲ့သည့် ကိစ္စအတွက် စုံစမ်း ဆောင်ရွက်နေရင်း အသက်(၃၆)နှစ်အရွယ် ရေမွန် ဂူစတာဗို ကက်စ်တီလို၏ အလောင်းကို ရှာဖွေ တွေ့ရှိခဲ့သည်။
အစောပိုင်းက ချီလီရဲတပ်ဖွဲ့သည် ကလေး၏ မိခင်အပါအဝင် လူ(၄)ဦးကို ဖမ်းဆီးထားပြီး အဆိုပါ ဘာသာရေးဂိုဏ်းသည် အဖွဲ့ဝင် (၁၂)ဦး ပါဝင်သည့် ခေတ်ပညာတတ်များ ဖွဲ့စည်း ထားကြောင်း ကြေညာ ခဲ့သည်။
No comments:
Post a Comment