Wednesday, May 22, 2013

၅၀၀၀ တန်အတု ပြုလုပ်သူများဖော်ထုတ်နိုင်ရေး အထူးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်မည်

၅၀၀၀ တန်အတု ပြုလုပ်သူများဖော်ထုတ်နိုင်ရေး အထူးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်မည်
Wednesday, May 22, 2013

၅၀၀၀ ကျပ်တန် ငွေစက္ကူအတုပြုလုပ်သူများကို ဖော်ထုတ်နိုင်ရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးရေး အထူးအဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက် အရ သိရှိရသည်။

အဆိုပါ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို အထူးစုံစမ်းစစ်ဆေးရေး (စီအိုင်ဒီ) မှုခင်းတပ်ဖွဲ့မှ ဖွဲ့စည်းသွားမည်ဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်များအား ကျပ် ၅၀၀၀ တန်အတု စုံစမ်းစစ်ဆေးခြင်းနှင့် ပတ်သက်သည့် သင်တန်းများ ပို့ချပေးနေပြီ ဖြစ်ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ယောက်ကပြောကြားခဲ့သည်။

ရန်ကုန်းတိုင်းဒေသကြီး အင်းစိန်မြို့နယ်တွင် သိမ်းဆည်းရမိသော ကျပ် ၅၀၀၀ တန်အတုများနှင့် မှော်ဘီမြို့နယ်တွင် သိမ်းဆည်းရထားသော ကျပ် ၅၀၀၀ တန်အတုများသည် ဆက်စပ်မှုရှိနေသည့်အတွက် အဆိုပါ အထူးစုံစမ်းစစ်ဆေးရေး အဖွဲ့ကို ဖွဲ့စည်း၍ ကျပ် ၅၀၀၀ တန်အတုဖော်ထုတ်ရေး အထူးအဖွဲ့ကို ဖွဲ့စည်းရခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြား ခဲ့သည်။

မေလ ၁၄ ရက်နေ့က အင်းစိန်မြို့နယ်ရှိ မြဝတီဘဏ်ခွဲတွင် ဖမ်းဆီးရမိသော ကျပ် ၅၀၀၀ တန် အတု ၃၄ ရွက်မှာ မှော်ဘီရဲစခန်းမှ (ပ) ၂၅၉/၁၃၊ ပြစ်မှုပုဒ်မ-၄၈၉ (ခ) /၄၈၉ (ဂ) အမှုဖြင့် သိမ်းဆည်းရမိသော ကျပ် ၅၀၀၀ တန်အတုများ၏ အက္ခရာနှင့်နံပါတ်စဉ်များတူညီနေကြောင်း တွေ့ရှိရသောကြောင့် ဆက်စပ်နေသည်ပာု ယူဆရခြင်းဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားခဲ့သည်။

အလားတူပင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ကျပ် ၅၀၀၀ တန်အတု သိန်းပေါင်း ၃၀၀ နီးပါးသယ်ဆောင် လာသော တရုတ်နိုင်ငံသားများပါဝင်သည့် ငွေတုလုပ်ဂိုဏ်းတစ်ခုကို မကြာမီရက်ပိုင်းအတွင်းက ဖမ်းဆီးရမိခဲ့ကြောင်း ကချင် ပြည်နယ် ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

အဆိုပါ တရုတ်နိုင်ငံသားများသည် ကျပ် ၅၀၀၀ တန်အတုများကို တရုတ်နိုင်ငံတွင်ပြုလုပ်၍ တရုတ် - မြန်မာ နယ်စပ်ဖြစ်သော ကချင်ပြည်နယ်မှတစ်ဆင့် မြန်မာနိုင်ငံအတွင်း ပြန်လည်ဝင်ရောက်ကာ ကျပ် ၅၀၀၀ တန်အတုများနှင့် အစစ် များကိုရောနှော၍ ကျောက်စိမ်းများဝယ်ယူရန် စီစဉ်ထားရာမှ ယင်းသို့ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် ထို့ကဲ့သို့ ကျပ် ၅၀၀၀ တန်အတုများ ဝင်ရောက်နေမှုကိုတားဆီးရန် အထူးစုံစမ်း စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းခြင်းအပြင် ကျပ် ၅၀၀၀ တန်အတုများ မြန်မာနိုင်ငံငွေကြေးဈေးကွက်အတွင်း ဝင်ရောက်လာမှု လမ်းကြောင်းကို စီအိုင်ဒီငွေတုစစ်ဆေးရေးဌာနက စုံစမ်းစစ်ဆေးလျှက်ရှိကြောင်း သိရှိရသည်။

၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်အထိ ဗဟိုဘဏ်မှ လက်ခံရရှိသော ကျပ် ၅၀၀၀ တန် ငွေစက္ကူအတု ၃၇၅၈ ရွက် (တန်ဖိုးကျပ် ၁၈၇၉၀၀၀) ရှိခဲ့ပြီး ကျပ် ၅၀၀၀ တန်ငွေစက္ကူကို ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၁ ရက်က စတင်ထုတ်ဝေ ခဲ့ကြောင်း သိရှိရသည်။

YC
၅၀၀၀ ကျပ်တန် ငွေစက္ကူအတုပြုလုပ်သူများကို ဖော်ထုတ်နိုင်ရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ စုံစမ်း စစ်ဆေးရေး အထူးအဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက် အရ သိရှိရသည်။
အဆိုပါ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို အထူးစုံစမ်းစစ်ဆေးရေး (စီအိုင်ဒီ) မှုခင်းတပ်ဖွဲ့မှ ဖွဲ့စည်းသွားမည်ဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်များအား ကျပ် ၅၀၀၀ တန်အတု စုံစမ်းစစ်ဆေးခြင်းနှင့် ပတ်သက်သည့် သင်တန်းများ ပို့ ချပေးနေပြီ ဖြစ်ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ယောက်ကပြောကြားခဲ့သည်။

ရန်ကုန်းတိုင်းဒေသကြီး အင်းစိန်မြို့နယ်တွင် သိမ်းဆည်းရမိသော ကျပ် ၅၀၀၀ တန်အတု များနှင့် မှော်ဘီမြို့ နယ်တွင် သိမ်းဆည်းရထားသော ကျပ် ၅၀၀၀ တန်အတုများသည် ဆက်စပ်မှုရှိနေသည့်အတွက် အဆိုပါ အထူးစုံစမ်းစစ်ဆေးရေး အဖွဲ့ကို ဖွဲ့စည်း၍ ကျပ် ၅၀၀၀ တန်အတုဖော်ထုတ်ရေး အထူးအဖွဲ့ကို ဖွဲ့စည်း ရခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြား ခဲ့သည်။

မေလ ၁၄ ရက်နေ့က အင်းစိန်မြို့နယ်ရှိ မြဝတီဘဏ်ခွဲတွင် ဖမ်းဆီးရမိသော ကျပ် ၅၀၀၀ တန် အတု ၃၄ ရွက်မှာ မှော်ဘီရဲစခန်းမှ (ပ) ၂၅၉/၁၃၊ ပြစ်မှုပုဒ်မ-၄၈၉ (ခ) /၄၈၉ (ဂ) အမှုဖြင့် သိမ်းဆည်းရမိသော ကျပ် ၅၀၀၀ တန်အတုများ၏ အက္ခရာနှင့်နံပါတ်စဉ်များတူညီနေကြောင်း တွေ့ရှိရသောကြောင့် ဆက်စပ်နေ သည်ပာု ယူဆရခြင်းဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားခဲ့သည်။

အလားတူပင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ကျပ် ၅၀၀၀ တန်အတု သိန်းပေါင်း ၃၀၀ နီးပါးသယ်ဆောင် လာသော တရုတ်နိုင်ငံသားများပါဝင်သည့် ငွေတုလုပ်ဂိုဏ်းတစ်ခုကို မကြာမီရက်ပိုင်းအတွင်းက ဖမ်းဆီးရ မိခဲ့ကြောင်း ကချင် ပြည်နယ် ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

အဆိုပါ တရုတ်နိုင်ငံသားများသည် ကျပ် ၅၀၀၀ တန်အတုများကို တရုတ်နိုင်ငံတွင်ပြုလုပ်၍ တရုတ် - မြန်မာ နယ်စပ်ဖြစ်သော ကချင်ပြည်နယ်မှတစ်ဆင့် မြန်မာနိုင်ငံအတွင်း ပြန်လည်ဝင်ရောက်ကာ ကျပ် ၅၀၀၀ တန် အတုများနှင့် အစစ် များကိုရောနှော၍ ကျောက်စိမ်းများဝယ်ယူရန် စီစဉ်ထားရာမှ ယင်းသို့ ဖမ်းဆီး ရမိ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် ထို့ကဲ့သို့ ကျပ် ၅၀၀၀ တန်အတုများ ဝင်ရောက်နေမှုကိုတားဆီးရန် အထူးစုံစမ်း စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းခြင်းအပြင် ကျပ် ၅၀၀၀ တန်အတုများ မြန်မာနိုင်ငံငွေကြေးဈေးကွက်အတွင်း ဝင်ရောက်လာမှု လမ်းကြောင်းကို စီအိုင်ဒီငွေတုစစ်ဆေးရေးဌာနက စုံစမ်းစစ်ဆေးလျှက်ရှိကြောင်း သိရှိ ရသည်။

၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်အထိ ဗဟိုဘဏ်မှ လက်ခံရရှိသော ကျပ် ၅၀၀၀ တန် ငွေစက္ကူအတု ၃၇၅၈ ရွက် (တန်ဖိုးကျပ် ၁၈၇၉၀၀၀) ရှိခဲ့ပြီး ကျပ် ၅၀၀၀ တန်ငွေစက္ကူကို ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၁ ရက်က စတင်ထုတ်ဝေ ခဲ့ကြောင်း သိရှိရသည်။

YC

No comments:

Post a Comment