Saturday, May 11, 2013

မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်း မေလကုန်တွင် စတင်ပေးပို့ရန် အသင့်ဖြစ်နေ

Photo: မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်း မေလကုန်တွင် စတင်ပေးပို့ရန် အသင့်ဖြစ်နေ
Saturday, May 11, 2013

ရွှေစီမံကိန်းများမှ ထွက်ရှိသော သဘာဝ ဓာတ်ငွေ့များ တင်ပို့ရောင်း ချမည့် မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းသည် မေလကုန်တွင် စတင်ပေးပို့ရန် အသင့်ဖြစ်နေ ပြီဖြစ်ကြောင်း အဆိုပါ ပိုက်လိုင်းစီမံကိန်းကို လုပ်ဆောင်နေသည့် SEAGP နှင့် SEAOP ဒုတိယဥက္ကဋ္ဌ Li Zilin က မေလ ၁၀ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

”ဓာတ်ငွေ့ပိုက်လိုင်းနဲ့ ရေနံပိုက်လိုင်းကို တစ်ပြိုင်နက်တည်း သွယ်တန်း တာပါ။ ဓာတ်ငွေ့ပိုက်လိုင်းက သတ်မှတ်ချိန်အတိုင်း မေလကုန်မှာ ပေးပို့ဖို့ အဆင်သင့်ဖြစ်နေပြီ။ ပေးပို့မယ့်ရက် အတိအကျတော့ မသိသေးဘူး” ဟု Li Zilin က ပြောသည်။

မြန်မာ-တရုတ် ဓာတ်ငွေ့ပိုက်လိုင်းသည် ၇၉၃ ကီလိုမီတာ ရှည်လျား ပြီး ရေနံပိုက်လိုင်းသည် ၇၇၁ ကီလိုမီတာ ရှည်လျားသည်။ ဓာတ်ငွေ့ ပိုက်လိုင်းသည် ကနဦးကာလတွင် တစ်နှစ်လျှင် ဓာတ်ငွေ့ကုဗပေ ၅ ဒသမ ၂ ဘီလျံ တင်ပို့နိုင်ပြီး နောက်ပိုင်းတွင် ကုဗမီတာ ၁၂ ဘီလျံအထိ
 ပေးပို့နိုင်မည်ဖြစ်သည်။

ရေနံစိမ်းပိုက်လိုင်းသည် တစ်နှစ်လျှင် ရေနံစိမ်းတန်ချိန် ၂၂ သန်း
 ပေးပို့နိုင်မည်ဖြစ်ပြီး အဆိုပါ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းမှ မြန်မာနိုင်ငံအတွက် တစ်နှစ်လျှင် ရေနံစိမ်းတန်ချိန် ၂ သန်းနှင့် ဓာတ်ငွေ့ကုဗမီတာ ၂ ဘီလျံကို ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း ဖြတ်သန်းခ အဖြစ် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၈၁ သန်း ရရှိမည်ဖြစ်ပြီး နိုင်ငံတော် အခွန်အနေနှင့် ပို့လွှတ်မည့် ရေနံတစ်တန်လျှင် အမေရိကန်ဒေါ်လာ တစ်ဒေါ်လာနှုန်း ရရှိမည်ဖြစ်သည်။

ရွှေစီမံကိန်းသည် မြန်မာနိုင်ငံ၏ တတိယမြောက် ပြည်ပသို့ တင်ပို့ရောင်းချမည့် သဘာဝဓာတ်ငွေ့သိုက် တစ်ခုဖြစ်ပြီး နိုင်ငံအနေဖြင့် သက်ဆိုင်ရာ ရပိုင်ခွင့်များဖြစ်သော ခိုင်ကြေး (Royalty)၊ အစုရှယ်ယာ၊ ဓာတ်ငွေ့သယ်ဆောင်ခရငွေ၊ ပိုက်လိုင်းဖြတ်သန်းခငွေနှင့် ၀င်ငွေခွန်များ ရရှိမည်ဖြစ်သည်။

မြန်မာနိုင်ငံမှ ဓာတ်ငွေ့တင်ပို့ ရောင်းချလျက်ရှိသည့် ရတနာနှင့် ရဲတံခွန် သဘာဝဓာတ်ငွေ့ စီမံကိန်းများမှ ၂၀၀၆-၂၀၀၇ ဘဏ္ဍာရေးနှစ်မှ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အထိ အမေရိကန်ဒေါ်လာ ၁၉ ဘီလျံကျော် မြန်မာဘက်မှ ၀င်ငွေရရှိခဲ့ကြောင်း စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

အဆိုပါ ရတနာနှင့် ရဲတံခွန် စီမံကိန်းများသည် ဓာတ်ငွေ့ထုတ်လုပ်နိုင်သည့် အချိန်မှစ၍ ၅ နှစ်မှ ၇ နှစ်ကြားတွင် အရင်းကြေခဲ့ကြောင်း သိရသည်။ စီမံကိန်းဝင်ငွေ ရပိုင်ခွင့် ခွဲဝေရာတွင် အရင်းမကြေမီ ကာလနှင့် အရင်းကြေပြီး ကာလအကြား ကွာဟချက်များရှိကြောင်း သိရသည်။

ရတနာနှင့် ရဲတံခွန် စီမံကိန်းအရင်း မကြေမီကာလတွင် မြန်မာဘက်မှ ၄၀ မှ ၅၀ ရာခိုင်နှုန်းကြား ရရှိပြီး အရင်းကြေပြီး ကာလများတွင် ၆၇ ရာခိုင်နှုန်း ၀န်းကျင် ရရှိကြောင်း သိရသည်။

ယခုတရုတ်နိုင်ငံသို့ မကြာမီရောင်းချတော့မည့် ရွှေစီမံကိန်းနှင့် ယခုနှစ် အတွင်း ထိုင်းနိုင်ငံသို့ ရောင်းချမည့် ဇောတိကစီမံကိန်းများမှ ရရှိသော ၀င်ငွေ၏ ၆၀ ရာခိုင်နှုန်းကို မြန်မာဘက်မှ ရရှိမည်ဖြစ်ကြောင်းစွမ်းအင်ဝန်ကြီး ဌာနက ၂၀၁၂ ခုနှစ် နှစ်လယ်ပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့သည်။

ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းကို Daewoo မှ ၈၅ ရာခိုင်နှုန်း၊ OVL မှ ၁၇ ရာခိုင်နှုန်း၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းမှ ၁၅ ရာခိုင်နှုန်း၊ GAIL မှ ၈ ဒသမ ၅ ရာခိုင်နှုန်း၊ KOGAS မှ ၈ ဒသမ ၅ ရာခိုင်နှုန်း အသီးသီး ပိုင်ဆိုင်သည်။

မြန်မာ့သယံဇာတဖြစ်သည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ကို ပြည်ပတင်ပို့ ရောင်းချမှုနှင့် ပတ်သက်၍ ယခင်က ပြည်တွင်း သဘာဝဓာတ်ငွေ့ လိုအပ်ချက် မရှိခဲ့ခြင်းနှင့် နိုင်ငံနှင့် ပြည်သူလူထု ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအတွက် အခြေခံ အဆောက်အဦများ တည်ဆောက်ရန်
 နိုင်ငံခြားငွေ လိုအပ်ချက်များကြောင့် ရောင်းချခဲ့ရခြင်းဖြစ်ကြောင်း၊ ယခုနောက်ပိုင်း တွေ့ရှိသမျှ ရေနံနှင့် သဘာဝဓာတ်ငွေ့များကို ပြည်တွင်း သုံးစွဲရန် ဦးစားပေးသွားမည် ဖြစ်ခြင်းကြောင့် ပြည်ပသို့ ရောင်းချတော့မည် မဟုတ်ကြောင်းနှင့် ထွက်ရှိသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့များ ပြည်တွင်း သုံးစွဲရန် ဖူလုံပြည့်စုံနေပါက တန်ဖိုးမြှင့် ထုတ်ကုန်များ ထုတ်လုပ်သွားမည်
 ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနက ယခင်နှစ် နှစ်လယ်ပိုင်းတွင် ထုတ်ပြန် ကြေညာထားသည်။

Eleven Media Group

နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News ကို like လုပ်ထားပါ
ရွှေစီမံကိန်းများမှ ထွက်ရှိသော သဘာဝ ဓာတ်ငွေ့များ တင်ပို့ရောင်း ချမည့် မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းသည် မေလကုန်တွင် စတင်ပေးပို့ရန် အသင့်ဖြစ်နေ ပြီဖြစ်ကြောင်း အဆိုပါ ပိုက်လိုင်းစီမံကိန်းကို လုပ်ဆောင်နေသည့် SEAGP နှင့် SEAOP ဒုတိယဥက္ကဋ္ဌ Li Zilin က မေလ ၁၀ ရက်နေ့ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။ ”ဓာတ်ငွေ့ပိုက်လိုင်းနဲ့ ရေနံပိုက်လိုင်းကို တစ်ပြိုင်နက်တည်း သွယ်တန်း တာပါ။ ဓာတ်ငွေ့ပိုက်လိုင်းက သတ်မှတ်ချိန်အတိုင်း မေလကုန်မှာ ပေးပို့ဖို့ အဆင်သင့်ဖြစ်နေပြီ။ ပေးပို့မယ့်ရက် အတိအကျတော့ မသိသေး ဘူး” ဟု Li Zilin က ပြောသည်။

မြန်မာ-တရုတ် ဓာတ်ငွေ့ပိုက်လိုင်းသည် ၇၉၃ ကီလိုမီတာ ရှည်လျား ပြီး ရေနံပိုက်လိုင်းသည် ၇၇၁ ကီလိုမီတာ ရှည်လျားသည်။ ဓာတ်ငွေ့ ပိုက်လိုင်းသည် ကနဦးကာလတွင် တစ်နှစ်လျှင် ဓာတ်ငွေ့ကုဗပေ ၅ ဒသမ ၂ ဘီလျံ တင်ပို့နိုင်ပြီး နောက်ပိုင်းတွင် ကုဗမီတာ ၁၂ ဘီလျံအထိ ပေးပို့နိုင်မည်ဖြစ်သည်။

ရေနံစိမ်းပိုက်လိုင်းသည် တစ်နှစ်လျှင် ရေနံစိမ်းတန်ချိန် ၂၂ သန်း ပေးပို့နိုင်မည်ဖြစ်ပြီး အဆိုပါ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းမှ မြန်မာနိုင်ငံအတွက် တစ်နှစ်လျှင် ရေနံစိမ်းတန်ချိန် ၂ သန်းနှင့် ဓာတ်ငွေ့ ကုဗမီတာ ၂ ဘီလျံကို ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း ဖြတ်သန်းခ အဖြစ် တစ်နှစ်လျှင် အမေရိ ကန်ဒေါ်လာ ၁၃ ဒသမ ၈၁ သန်း ရရှိမည်ဖြစ်ပြီး နိုင်ငံတော် အခွန်အနေနှင့် ပို့လွှတ်မည့် ရေနံတစ်တန်လျှင် အမေရိကန်ဒေါ်လာ တစ်ဒေါ်လာနှုန်း ရရှိမည်ဖြစ်သည်။

ရွှေစီမံကိန်းသည် မြန်မာနိုင်ငံ၏ တတိယမြောက် ပြည်ပသို့ တင်ပို့ရောင်းချမည့် သဘာဝဓာတ်ငွေ့သိုက် တစ်ခုဖြစ်ပြီး နိုင်ငံအနေဖြင့် သက်ဆိုင်ရာ ရပိုင်ခွင့်များဖြစ်သော ခိုင်ကြေး (Royalty)၊ အစုရှယ်ယာ၊ ဓာတ်ငွေ့သယ်ဆောင်ခရငွေ၊ ပိုက်လိုင်းဖြတ်သန်းခငွေနှင့် ၀င်ငွေခွန်များ ရရှိမည်ဖြစ်သည်။

မြန်မာနိုင်ငံမှ ဓာတ်ငွေ့တင်ပို့ ရောင်းချလျက်ရှိသည့် ရတနာနှင့် ရဲတံခွန် သဘာဝဓာတ်ငွေ့ စီမံကိန်းများမှ ၂၀၀၆-၂၀၀၇ ဘဏ္ဍာရေးနှစ်မှ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အထိ အမေရိကန်ဒေါ်လာ ၁၉ ဘီလျံကျော် မြန်မာ ဘက်မှ ၀င်ငွေရရှိခဲ့ကြောင်း စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

အဆိုပါ ရတနာနှင့် ရဲတံခွန် စီမံကိန်းများသည် ဓာတ်ငွေ့ထုတ်လုပ်နိုင်သည့် အချိန်မှစ၍ ၅ နှစ်မှ ၇ နှစ်ကြားတွင် အရင်းကြေခဲ့ကြောင်း သိရသည်။ စီမံကိန်းဝင်ငွေ ရပိုင်ခွင့် ခွဲဝေရာတွင် အရင်းမကြေမီ ကာလနှင့် အရင်းကြေပြီး ကာလအကြား ကွာဟချက်များရှိကြောင်း သိရသည်။

ရတနာနှင့် ရဲတံခွန် စီမံကိန်းအရင်း မကြေမီကာလတွင် မြန်မာဘက်မှ ၄၀ မှ ၅၀ ရာခိုင်နှုန်းကြား ရရှိပြီး အရင်းကြေပြီး ကာလများတွင် ၆၇ ရာခိုင်နှုန်း ၀န်းကျင် ရရှိကြောင်း သိရသည်။

ယခုတရုတ်နိုင်ငံသို့ မကြာမီရောင်းချတော့မည့် ရွှေစီမံကိန်းနှင့် ယခုနှစ် အတွင်း ထိုင်းနိုင်ငံ သို့ ရောင်း ချမည့် ဇောတိကစီမံကိန်းများမှ ရရှိသော ၀င်ငွေ၏ ၆၀ ရာခိုင်နှုန်းကို မြန်မာဘက်မှ ရရှိမည်ဖြစ်ကြောင်း စွမ်းအင် ၀န်ကြီး ဌာနက ၂၀၁၂ ခုနှစ် နှစ်လယ်ပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့သည်။

ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းကို Daewoo မှ ၈၅ ရာခိုင်နှုန်း၊ OVL မှ ၁၇ ရာခိုင်နှုန်း၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းမှ ၁၅ ရာခိုင်နှုန်း၊ GAIL မှ ၈ ဒသမ ၅ ရာခိုင်နှုန်း၊ KOGAS မှ ၈ ဒသမ ၅ ရာခိုင်နှုန်း အသီးသီး ပိုင်ဆိုင်သည်။

မြန်မာ့သယံဇာတဖြစ်သည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ကို ပြည်ပတင်ပို့ ရောင်းချမှုနှင့် ပတ်သက်၍ ယခင် က ပြည်တွင်း သဘာဝဓာတ်ငွေ့ လိုအပ်ချက် မရှိခဲ့ခြင်းနှင့် နိုင်ငံနှင့် ပြည်သူလူထု ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအတွက် အခြေခံအဆောက်အဦများတည်ဆောက်ရန် နိုင်ငံခြားငွေ လိုအပ်ချက် များကြောင့် ရောင်း ချခဲ့ရခြင်းဖြစ်ကြောင်း၊ ယခုနောက်ပိုင်း တွေ့ရှိသမျှ ရေနံနှင့် သဘာဝဓာတ်ငွေ့များကို ပြည်တွင်း သုံးစွဲရန် ဦးစားပေးသွားမည် ဖြစ်ခြင်းကြောင့် ပြည်ပသို့ ရောင်းချတော့မည် မဟုတ်ကြောင်းနှင့် ထွက်ရှိသည့် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ များ ပြည်တွင်း သုံးစွဲရန် ဖူလုံပြည့်စုံနေပါက တန်ဖိုးမြှင့် ထုတ်ကုန်များ ထုတ်လုပ်သွား မည် ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနက ယခင်နှစ် နှစ်လယ်ပိုင်းတွင် ထုတ်ပြန် ကြေညာထားသည်။

Eleven Media Group

No comments:

Post a Comment