Wednesday, May 22, 2013

" တပ်မတော်သား ကိုယ်စားလှယ်များအရေး သမ္မတဦးသိန်းစိန် ပြောပိုင်ခွင့်မရှိဟု ဒေါ်အောင်ဆန်းစုကြည် ဝေဖန် "

လွှတ်တော်တွင်းတပ်မတော်သားကိုယ်စား လှယ် ၂၅ ရာခိုင်နှုန်း ပါဝင်နေမှုမှာ ဒီမိုကရေစီ ရင့်ကျက် လာ သည်နှင့်အမျှ တဖြည်းဖြည်း လျော့ပါးသွားမည်ဟု သမ္မတကဆိုခြင်း အပေါ် ပြောပိုင်ခွင့်
မရှိဟု ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်လိုက်သည်။ မေလ ၁၉ရက်နေ့က ဝါရှင် တန်မြို့ရှိ ဗွီအိုအေ အသံလွှင့်ဌာနရုံးချုပ်တွင် သမ္မတဦးသိန်းစိန်နှင့် နယ်ပယ်စုံမှ ပုဂ္ဂိုလ်များ တွေ့ဆုံခဲ့ စဉ် ဗွီအိုအေ(မြန်မာဌာန)မှ ဦးသန်းလွင် ထွန်းက လွှတ်တော်တွင်းရှိ တပ်မတော်သား ၂၅ ရာခိုင်နှုန်းနှင့်ပတ်သက်၍ အစိုးရပိုင်း၏ သဘော ထားကိုမေးမြန်းခဲ့ရာ သမ္မတက အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

''၂၅ ရာခိုင်နှုန်းဆိုတာ လွှတ်တော်ထဲမှာ လောလောဆယ်မှာတော့ ရှိသင့် ရှိထိုက်တယ်။ သို့သော်လည်းပဲ ဒါတွေဟာ လျော့ပါးလာမယ်၊ နည်းပါးလာမယ်၊ဒီလိုပဲမြင်မိပါတယ်''ဟု သမ္မတ က ပြောသည်။

ယင်းနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည် က အခြေခံဥပဒေ ပြင်ဆင်ရေးသည် လွှတ်တော် နှင့်သာ ဆိုင်သည့်အတွက် လွှတ်တော်ကသာ ဆုံးဖြတ်ပါလိမ့်မည်ဟု ပြောလျှင်ပိုကောင်းမည် ဟု ဆိုသည်။ သို့သော် မြန်မာနိုင်ငံရေးတွင် တပ်မတော်ကို ပစ်ပယ်ထား၍ မရကြောင်း သမ္မတက ပြောကြား ခဲ့သ လို ဒေါ်အောင်ဆန်း စုကြည်က တပ်မတော်သားသည်လည်း ပြည်သူ ပြည်သားများဖြစ်သည့်အတွက် ဒီမို ကရေစီ တည်ဆောက်ရေးတွင် အရေးပါသည်ဟု ကောက်ချက်ချသည်။

၂၅ ရာခိုင်နှုန်းနှင့်ပတ်သက်၍ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် သူရဦးအောင်ကိုကမူ တပ်မတော်က ၂၅ ရာခိုင်နှုန်းပါဝင်စေခြင်းသည် တို့တာဝန်အရေးသုံးပါးကိုကာကွယ်စောင့်ရှောက် နိုင်ရန်အတွက်ဖြစ်ကြောင်း၊ ယနေ့အချိန်ထိ တိုင်းရင်းသားညီနောင်များကြား သေချာမည့် ထာဝရငြိမ်းချမ်းရေး မရသေးသည့် အတွက် နိုင်ငံအတွက် ထိခိုက်ပျက်ပြားနိုင်သည့် အခြေ အနေရှိနေသေးသည်ဟု ပြော၍ရကြောင်းဆို သည်။ ဆက်လက်၍သူရဦးအောင်ကိုက ''တပ်မ တော်သားတွေ ပါဝင်ပတ်သက်မှုနဲ့ပတ်သက်လို့ အဆင့် ဆင့် လျှော့ချသွားမယ်ဆိုတာ ယခင် အကြီးအကဲတွေပြောတာကိုလည်း မှတ်ထားတာ ရှိပါတယ်။ ဒါကြောင့်မို့ ဒီမိုကရေစီရင့်ကျက် ခိုင်မာလာတာနဲ့အမျှ ထာဝရငြိမ်းချမ်းရေး အပြည့်အဝရရှိလာတာနဲ့အမျှ အဆင့်ဆင့် လျှော့ချ သွားမယ်လို့ ... ယုံကြည်ပါတယ်'' ဟု လွှတ်တော်တွင်း တပ်မတော်သား၂၅ရာခိုင်နှုန်း ပါဝင်မှုအပေါ် ၎င်းကပြောသည်။

၂ဝဝ၈ ဖွဲ့စည်းပုံမှာ ဒီမိုကရေစီ စံနှုန်းနှင့် မကိုက်ညီသည့်အချက်များစွာ ရှိသည်ဟု ပြည်တွင်းပြည်ပ မှ မြန်မာ့ အရေး ကျွမ်းကျင်သူ များက ထောက်ပြကြသလို မေလ ၁ဝ ရက်ကရန်ကုန်မြို့၊ မီကာဆာ ဟိုတယ်၌ ကျင်းပ သည့် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အလုပ်ရုံဆွေး နွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲ တွင် ဒေါ်အောင်ဆန်း စုကြည်က ၂ဝ၁၅ ရွေးကောက် ပွဲမတိုင်မီ အခြေခံဥပဒေကို အမြန်ဆုံး ပြုပြင် လိုသည် ဟု ပြောဆို ခဲ့သော်ငြား ပြင်ဆင်လို သည့်အချက်များကို ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ပေ။

စာရေးဆရာကျော်ဝင်းက တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကိစ္စမှာ မြန်မာ့ဒီမိုကရေစီရေး၏ အသိမ်မွေ့ဆုံး အခက်ခဲဆုံးအပိုင်းဟု ...ဆိုနိုင်လောက်သော စစ်ဘက်-အရပ်ဘက် ဆက်ဆံရေးပြဿနာဖြစ်လေ ရာ စိတ် လိုက်မာန်ပါ အဆောတလျင် မဆုံးဖြတ် သင့်ဟု ဆိုသည်။

ထို့ပြင် အခြေခံဥပဒေပြင်ဆင်ရေး နှင့်ပတ်သက်၍ ဦးသိန်းစိန်၊ ဦးရွှေမန်း၊ ဒေါ်အောင်ဆန်းစုကြည် စသည့် အမှန် တကယ် အဆုံးအဖြတ်ပေးနိုင်မည့် လူ ပုဂ္ဂိုလ်အနည်းငယ်မျှညှိနှိုင်းဆွေးနွေး အဖြေရှာကြသည့် Minilateralism (အနည်းဆုံးညှိလမ်းကြောင်း)ကသာ အ လုပ်ဖြစ်မည်ဟုထင်ကောင်း ဆရာကျော်ဝင်း က ပြောသည်။

ဒီချုပ်က အခြေခံဥပဒေပြင်ဆင် ရေး ကြွေးကြော်သံဖြင့် ကြားဖြတ်ရွေး ကောက်ပွဲဝင်ကာ ၄၃ နေရာရရှိ၍ လွှတ်တော်တွင်းသို့ ရောက်ရှိခဲ့သလို အခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက် ၍ တစ်ခွန်း မျှမဟခဲ့သော ပြည်ခိုင်ဖြိုး ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရဦးအေးမြင့်က ၂ဝဝ၈ ခုနှစ် ဖွဲ့စည်း ပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီ၊ ကော်မရှင်များဖွဲ့စည်းဆောင် ရွက်ရေးအဆိုကို မတ်လ ၁၅ ရက်၌ ကျင်းပသော ဆဋ္ဌမအကြိမ်ပြည်သူ့လွှတ် တော်အစည်းအဝေးတွင် တင်သွင်းခဲ့ရာ ကန့်ကွက်သူ မရှိခဲ့ပေ။

နောက်နှစ်ရက်အကြာ ပြည်ထောင် စုလွှတ်တော်၌ ယင်းအဆိုကိုတင်ခဲ့ရာ ကန့်ကွက်သူမရှိ အတည်ပြုနိုင် ခဲ့သော် လည်း ယနေ့အထိ ကော်မတီ၊ ကော်မ ရှင်များ မဖွဲ့စည်းရသေးသည့်အတွက် အခြေခံဥပဒေထဲမှ မည်သို့သောအချက်များတင်မည်ကို မသိရှိရသေးပေ။

Popular Myanmar News Journal

No comments:

Post a Comment