Thursday, May 9, 2013

မြန်မာသံရုံးဗုံးခွဲဖို့ကြံသူ အဖွဲ့ဝင်တချို့ အင်ဒိုရဲကအသေဖမ်းမိ

Photo: မြန်မာသံရုံးဗုံးခွဲဖို့ကြံသူ အဖွဲ့ဝင်တချို့ အင်ဒိုရဲကအသေဖမ်းမိ
Thursday,May09,2013

အင်ဒိုနီးရှားနိုင်ငံက မြန်မာသံရုံးကို ဗုံးခွဲတိုက်ခိုက်ဖို့ကြံစည်မှုမှာ ပါဝင်ပက်သတ်တယ်လို့ ယူဆရတဲ့သူ ၃ ဦးကို အင်ဒိုနီးရှားရဲတွေက အသေပစ်ခတ်ဖမ်းဆီးခဲ့တဲ့တယ်လို့ သိရပါတယ်။

မနေ့မနက်ပိုင်းက ဂျာဗားကျွန်းအနောက်ပိုင်း Bandung မြို့ ဆင်ခြေဖုံး
ရပ်ကွက်တစ်ခုမှာ အင်ဒိုနီးရှားရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက်မှု နှိမ်နင်းရေး အထူးတပ်သားတွေနဲ့ ဗုံးခွဲဖို့ကြံစည်မှုမှာ ပတ်သက်တယ်လို့ သံသယ အဖြစ်ခံရသူတွေအကြား တိုက်ခိုက်မှု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

သံသယအဖြစ်ခံသူ အမျိုးသား ၄ ဦးထဲက တစ်ဦးကို အရှင်ဖမ်းဆီးထားနိုင်
ခဲ့ပြီး ကျန် ၃ ဦးကိုတော့ အသေပစ်ခတ်ဖမ်းဆီးနိုင်ခဲ့တယ်လို့ အင်ဒိုနီးရှား
ရဲမှုးချုပ် Timur Pradopo က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

အထူးရဲတပ်ဖွဲ့က သံသယ အဖြစ်ခံရသူတွေရဲ့ အိမ်ကို ဝိုင်းထားခဲ့ချိန်မှာ အဆိုပါလူတွေက အသာတကြည် အဖမ်းမခံပဲ နာရီပေါင်းအတော်
ကြာအောင် ရဲတွေကို သေနတ်နဲ့ပြန်ပြီးပစ်ခတ်ခဲ့သလို လက်ပစ်ဗုံးတွေ
နဲ့ပါ တိုက်ခိုက်ခဲ့တယ်လို့လည်း ဆိုပါတယ်။

အဆိုပါလူ ၄ ဦးထဲက အသက်ရှင်ကျန်တဲ့ အသက် ၂၅ အရွယ် အမျိုးသား
ဟာ အိမ်ကိုရဲတွေစပြီးတိုက်ခိုက်ခဲ့စဉ် မျက်ရည်ယိုဗုံးတွေသုံးခဲ့ကတည်းက အိမ်ထဲကနေ အပြင်ကိုထွက်ပြေးလာခဲ့တဲ့အတွက် ဖမ်းဆီးနိုင်ခဲ့
တာဖြစ်တယ်လို့လည်း ရဲမှုးချုပ်က ပြောပါတယ်။

တိုက်ခိုက်မှုတွေအပြီးမှာတော့ အိမ်ထဲက သေနတ် ၃ လက်နဲ့ ကျဉ်ဆံ
အတောင့် ၂၈၀ သိမ်းဆည်းမိခဲ့တယ်လို့သိရပြီး တိုက်ခိုက်ခဲ့သူတွေဟာ အင်ဒိုနီးရှားနိုင်ငံတဝှမ်းပျံ့နှံ့နေတဲ့ အကြမ်းဖက်အဖွဲ့က အဖွဲ့ဝင်တွေဖြစ်
မယ်လို့ ရဲတွေက ယူဆနေကြပါတယ်။

ရာနဲ့ချီတဲ့ ဒေသခံရဲတပ်သားတွေက အခင်းဖြစ်ပွားခဲ့တဲ့ လယ်ကွင်းတွေ
အလည်ကအိမ်ကို ဝိုင်းပတ်ပိတ်ဆို့ထားပြီး အခင်းဖြစ်ပွားတာကို လာကြည့်တဲ့လူအုပ်ကြီးကို တားထားရတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ မွတ်စလင်တွေအပေါ် ဖိနှိပ်တိုက်ခိုက်တာတွေကို မကျေနပ်တဲ့အတွက် ဂျာကာတာမြို့မှာရှိတဲ့ မြန်မာသံရုံးကို ဗုံးခွဲတိုက်ခိုက်ဖို့ ကြံစည်နေတယ်လို့ ယူဆရတဲ့ လူ ၂ ဦးကို အင်ဒိုနီးရှားရဲတွေက ပြီးခဲ့တဲ့
တစ်ပတ် ကြာသပတေးနေ့က ဖမ်းဆီးခဲ့အပြီးမှာ အဲဒီသူတွေနဲ့ ဆက်စပ်ပတ်သက်နေတယ်လို့ ယူဆရတဲ့အတွက် Bandung မြို့
ဆင်ခြေဖုံးအိမ်က သူတွေကို ရဲကဖမ်းဆီးဖို့ ကြိုးစားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ မွတ်စလင်တွေ အနှိမ်ခံ၊ အတိုက်ခိုက်ခံနေရပြီး ရိုဟင်ဂျာတွေ
အပေါ်မှာလည်း ဖိနှိပ်ရက်စက်နေတယ်လို့ သဘောထားရှိတဲ့ မွတ်စလင်
ဘာသာဝင် အင်ဒိုနီးရှားလူမျိုးတချို့က မြန်မာနိုင်ငံအပေါ်မှာ ဂျီဟတ်လို
့ခေါ်တဲ့ ဘာသာရေးစစ်ပွဲဆင်နွှဲဖို့ အလိုရှိကြောင်း ထုတ်ဖေါ်ထားကြ
တယ်လို့ သိရပါတယ်။

ABC Radio Australia
နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင်  Myanmar Online News ကို like လုပ်ထားပါ
အင်ဒိုနီးရှားနိုင်ငံက မြန်မာသံရုံးကို ဗုံးခွဲတိုက်ခိုက်ဖို့ကြံစည်မှုမှာ ပါဝင်ပက်သတ်တယ်လို့ ယူဆရတဲ့သူ ၃ ဦးကို အင်ဒိုနီးရှားရဲတွေက အသေပစ်ခတ်ဖမ်းဆီးခဲ့တဲ့တယ်လို့ သိရပါတယ်။

မနေ့မနက်ပိုင်းက ဂျာဗားကျွန်းအနောက်ပိုင်း Bandung မြို့ ဆင်ခြေဖုံးရပ်ကွက်တစ်ခုမှာ အင်ဒိုနီးရှား ရဲ တပ်ဖွဲ့ရဲ့ အကြမ်းဖက်မှု နှိမ်နင်းရေးအထူးတပ်သားတွေနဲ့ ဗုံးခွဲဖို့ကြံစည်မှုမှာ ပတ်သက်တယ်လို့ သံသယ အဖြစ်ခံရသူတွေအကြား တိုက်ခိုက်မှု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

သံသယအဖြစ်ခံသူ အမျိုးသား ၄ ဦးထဲက တစ်ဦးကို အရှင်ဖမ်းဆီးထားနိုင်ခဲ့ပြီး ကျန် ၃ ဦးကိုတော့ အသေပစ်ခတ်ဖမ်းဆီးနိုင်ခဲ့တယ်လို့ အင်ဒိုနီးရှားရဲမှုးချုပ် Timur Pradopo က သတင်းထောက်တွေ ကို ပြောခဲ့ပါတယ်။

အထူးရဲတပ်ဖွဲ့က သံသယ အဖြစ်ခံရသူတွေရဲ့ အိမ်ကို ဝိုင်းထားခဲ့ချိန်မှာ အဆိုပါလူတွေက အသာတကြည် အဖမ်းမခံပဲ နာရီပေါင်းအတော်ကြာအောင် ရဲတွေကို သေနတ်နဲ့ပြန်ပြီးပစ်ခတ်ခဲ့သလို လက်ပစ်ဗုံးတွေနဲ့ပါ တိုက်ခိုက်ခဲ့တယ်လို့လည်း ဆိုပါတယ်။

အဆိုပါလူ ၄ ဦးထဲက အသက်ရှင်ကျန်တဲ့ အသက် ၂၅ အရွယ် အမျိုးသားဟာ အိမ်ကိုရဲတွေ စပြီး တိုက်ခိုက်ခဲ့စဉ် မျက်ရည်ယိုဗုံးတွေသုံးခဲ့ကတည်းက အိမ်ထဲကနေ အပြင်ကိုထွက်ပြေးလာခဲ့တဲ့အတွက် ဖမ်းဆီးနိုင်ခဲ့တာဖြစ်တယ်လို့လည်း ရဲမှုးချုပ်က ပြောပါတယ်။

တိုက်ခိုက်မှုတွေအပြီးမှာတော့ အိမ်ထဲက သေနတ် ၃ လက်နဲ့ ကျဉ်ဆံအတောင့် ၂၈၀ သိမ်းဆည်း မိခဲ့ တယ်လို့သိရပြီး တိုက်ခိုက်ခဲ့သူတွေဟာ အင်ဒိုနီးရှားနိုင်ငံတဝှမ်းပျံ့နှံ့နေတဲ့ အကြမ်းဖက်အဖွဲ့က အဖွဲ့ဝင်တွေဖြစ်မယ်လို့ ရဲတွေက ယူဆနေကြပါတယ်။

ရာနဲ့ချီတဲ့ ဒေသခံရဲတပ်သားတွေက အခင်းဖြစ်ပွားခဲ့တဲ့ လယ်ကွင်းတွေအလည်ကအိမ်ကို ဝိုင်းပတ် ပိတ်ဆို့ထားပြီး အခင်းဖြစ်ပွားတာကို လာကြည့်တဲ့လူအုပ်ကြီးကို တားထားရတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ မွတ်စလင်တွေအပေါ် ဖိနှိပ်တိုက်ခိုက်တာတွေကို မကျေနပ်တဲ့အတွက် ဂျာကာတာမြို့မှာ ရှိတဲ့ မြန်မာသံရုံးကို ဗုံးခွဲတိုက်ခိုက်ဖို့ ကြံစည်နေတယ်လို့ ယူဆရတဲ့ လူ ၂ ဦးကို အင်ဒိုနီးရှား ရဲတွေ က ပြီးခဲ့တဲ့တစ်ပတ် ကြာသပတေးနေ့က ဖမ်းဆီးခဲ့အပြီးမှာ အဲဒီသူတွေနဲ့ ဆက်စပ်ပတ်သက်နေတယ်လို့ ယူဆရတဲ့ အတွက် Bandung မြို့ဆင်ခြေဖုံးအိမ်က သူတွေကို ရဲကဖမ်းဆီးဖို့ ကြိုးစားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ မွတ်စလင်တွေ အနှိမ်ခံ၊ အတိုက်ခိုက်ခံနေရပြီး ရိုဟင်ဂျာတွေအပေါ်မှာလည်း ဖိနှိပ် ရက် စက်နေတယ်လို့ သဘောထားရှိတဲ့ မွတ်စလင်ဘာသာဝင် အင်ဒိုနီးရှား လူမျိုး တချို့က မြန်မာနိုင်ငံ အပေါ်မှာ ဂျီဟတ်လို့ခေါ်တဲ့ ဘာသာရေးစစ်ပွဲဆင်နွှဲဖို့ အလိုရှိကြောင်း ထုတ်ဖေါ်ထားကြတယ်လို့ သိရ ပါတယ်။

ABC Radio Australia

No comments:

Post a Comment