Wednesday, May 22, 2013

ပျားများကို အသုံးပြု၍ မြေမြှုပ်ဗုံးများ ရှာဖွေ နိုင်ဖွယ်ရှိကြောင်း သုတေသီများ လေ့လာတွေ့ရှိ


ပျားများကို အသုံးပြု၍ မြေမြှုပ်ဗုံးများ ရှာဖွေ နိုင်ဖွယ်ရှိကြောင်း သုတေသီများ လေ့လာတွေ့ရှိ

ပျားများတွင် ပေါက်ကွဲစေ တတ်သော ပစ္စည်းများကို ရှာဖွေ နိုင်စွမ်းရှိသည့် အနံ့ခံ အာရုံတစ်ခု ပါရှိသောကြောင့် မြေမြှုပ်ဗုံးများ ကိုရှာဖွေရာတွင် များစွာအထောက် အကူပြုနိုင်ကြောင်း သုတေသန ပညာရှင်များက ပြောကြားခဲ့ ကြောင်းသိရသည်။

အင်းဆက် ပိုးမွှားများတွင် အနံ့အသက် များကို ခံစားနိုင်သည့် အနံ့ခံ အာရုံတစ်ခု ပါရှိပြီး ခရိုအေးရှားရှိ မပေါက်ကွဲသေးသော မြေမြှုပ်ဗုံးများကို ရှာဖွေရာတွင် ၎င်းအင်းဆက်ပိုးများကို အသုံးပြုနိုင် ဖွယ်ရှိကြောင်း သုတေသီများက လေ့လာ တွေ့ရှိထားသည်။

သုတေသန ပညာရှင်များသည် ပျားများကို လေ့ကျင့်သင်ကြားမှုများ ပြုလုပ် ပေးခဲ့ပြီး အဆိုပါ လေ့ကျင့်မှုတွင် ပြင်းထန်သော ဖောက်ခွဲရေး ပစ္စည်းအမှုန့်များနှင့် ၎င်းတို့၏ အစာများကို အသုံးပြု ၍ ၎င်းတို့၏ အစားအစာများကို ခွဲခြား သိနိုင်ရန် လေ့ကျင့် သင်ကြားပေးခဲ့သည်။

အဆိုပါ နည်းလမ်းသည် ၎င်းတို့၏ အစာနှင့် ဖောက်ခွဲရေး ပစ္စည်းများကို ခွဲခြားသိနိုင်ပြီး ဖောက်ခွဲရေး ပစ္စည်းများအား အနံ့ခံရာတွင် များစွာအသုံးဝင်ကြောင်း သုတေသန ပညာရှင်များက တွေ့ရှိခဲ့သည်။

ထို့အပြင် ပျားများသည် TNT နှင့် ရောနှောထားသော သကြားဖျော်ရည် များ ထည့်သွင်းထားသည့် အိုးများထဲတွင် စုပြုံ ရောက်ရှိနေကြပြီး အခြားအနံ့ ရှိသည့် အိုးများတွင် ပျားတစ်ကောင်မှ

Read More >> http://bit.ly/10jYqum

မြ၀တီ
ပျားများတွင် ပေါက်ကွဲစေတတ်သော ပစ္စည်းများကို ရှာဖွေ နိုင်စွမ်းရှိသည့်   အနံ့ခံအာရုံတစ်ခုပါ ရှိသောကြောင့် မြေမြှုပ်ဗုံးများကိုရှာဖွေရာတွင် များစွာအထောက်အကူပြုနိုင်ကြောင်း သုတေသန ပညာ ရှင်များက  ပြောကြားခဲ့ ကြောင်းသိရသည်။
အင်းဆက်ပိုးမွှားများတွင် အနံ့အသက်များကိုခံစားနိုင်သည့် အနံ့ခံအာရုံတစ်ခုပါရှိပြီး ခရိုအေးရှားရှိ မပေါက်ကွဲသေးသော မြေမြှုပ်ဗုံးများကို ရှာဖွေရာတွင် ၎င်းအင်းဆက်ပိုးများကို အသုံးပြုနိုင် ဖွယ်ရှိကြောင်း သုတေသီများက လေ့လာ တွေ့ရှိထားသည်။
သုတေသန ပညာရှင်များသည် ပျားများကို လေ့ကျင့်သင်ကြားမှုများ ပြုလုပ် ပေးခဲ့ပြီး အဆိုပါ လေ့ကျင့် မှုတွင် ပြင်းထန်သော ဖောက်ခွဲရေးပစ္စည်းအမှုန့်များနှင့် ၎င်းတို့၏အစာများကို အသုံးပြု၍ ၎င်းတို့၏ အစား အစာများကို ခွဲခြား သိနိုင်ရန် လေ့ကျင့် သင်ကြားပေးခဲ့သည်။
အဆိုပါနည်းလမ်းသည် ၎င်းတို့၏အစာနှင့် ဖောက်ခွဲရေးပစ္စည်းများကို ခွဲခြားသိနိုင်ပြီး ဖောက်ခွဲရေး ပစ္စည်းများအား အနံ့ခံရာတွင် များစွာအသုံးဝင်ကြောင်း သုတေသန ပညာရှင်များက တွေ့ရှိခဲ့သည်။
ထို့အပြင် ပျားများသည် TNT နှင့် ရောနှောထားသော သကြားဖျော်ရည်များ ထည့်သွင်းထားသည့် အိုးများထဲတွင် စုပြုံရောက်ရှိနေကြပြီး အခြားအနံ့ရှိသည့် အိုးများတွင် ပျားတစ်ကောင်မှ မရှိခဲ့ကြောင်း သုတေသီများက တွေ့ရှိခဲ့သည်။
ထို့ကြောင့် ပျားများသည် ဖောက်ခွဲရေး ပစ္စည်းများကို ရှာဖွေနိုင်စွမ်းရှိကြောင်း အဆိုပါ လေ့လာမှုတွင် ဦးဆောင်ခဲ့သည့် ပါမောက္ခ နီကိုလာကီ မစ်က သုံးသပ်ပြောကြား ခဲ့ခြင်းဖြစ် သည်။
From...မြ၀တီ

No comments:

Post a Comment