Monday, May 20, 2013

"လူ့အခွင့် အရေး ချိုးဖောက် သည့် ရာဇဝတ် မှုများဖြင့် ထောင်ဒါဏ် တစ်သက် တစ်ကျွန်း ကျခံနေ ရသော အာဂျင် တီးနား စစ် အာဏာရှင် ဟောင်း တစ်ဦးဖြစ် သူ Jorge Rafael Videla သည် အကျဉ်းထောင် တွင်း ၌ပင် ကွယ်လွန်"

Photo: "လူ့အခွင့်အရေးချိုးဖောက်သည့် ရာဇဝတ်မှုများဖြင့် ထောင်ဒါဏ် တစ်သက်
တစ်ကျွန်း ကျခံနေရသော အာဂျင်တီးနား စစ်အာဏာရှင် ဟောင်း တစ်ဦးဖြစ်သူ Jorge Rafael Videla သည် အကျဉ်းထောင်တွင်း၌ပင် ကွယ်လွန်"
Monday, May 20, 2013

အသက် ၈၇ နှစ် အရွယ်ရှိ အာဂျင်တီးနား စစ်အာဏာရှင် ဟောင်း တစ်ဦး
ဖြစ်သူ Jorge Rafael Videla ဟာ လူ့အခွင့်အရေး ချိုးဖောက်သည့် ရာဇဝတ်မှု များဖြင့် ထောင်ဒါဏ် တစ်သက်တစ်ကျွန်း ပြစ်ဒါဏ်ကို အကျဉ်းထောင်အတွင်း ကျခံ နေဆဲမှာပင် ပုံမှန် ဖြစ်ရိုးဖြစ်စဉ် လူကြီး
ရောဂါဖြင့် ကွယ်လွန်သွားခဲ့ပြီ ဖြစ်ကြောင်း သိရပါသည်။

ဗိုလ်ချုပ် Jorge Rafael Videla ဟာ အာဂျင်တီးနား နိုင်ငံရဲ့ ၁၉၇၆ မှ ၁၉၈၃ အထိ ၇နှစ်ကြာ စစ်အုပ်ချုပ်ရေး ကာလအတွင်း သူတာဝန်ယူခဲ့သည့် ၁၉၈၁ ခုနှစ် ကာလ ထိတိုင်အောင် "ညစ်ညမ်းသည့်စစ်ပွဲ " "Dirty War". အမည်ရှိ စစ်ဆင်ရေး ကမ်ပိန်းကာလအတွင်း လူပေါင်း ၃၀၀၀၀ ထက်မနည်းဖမ်းဆီး
နှိပ်စက် ညှင်းပန်း နှိပ်စက်ခံရကာ ဖြစ်ပွါးခဲ့သည့် သေမှုသေခင်း ၃၁ မှု အတွက် အဓိက တာဝန်ရှိသူတစ်ဦးဖြစ်သည်။

၁၉၈၅ ခုနှစ်မှာတော့ ဗိုလ်ချုပ် Jorge Rafael Videla ဟာ နှိပ်စက် ညှင်းပန်းမှု၊ လူသတ်မှူနှင့် အခြား ရာဇဝတ်မှုများနှင့် ထောင်ဒါဏ် တစ်သက်တစ်ကျွန်း ကျခံခဲ့ရသော်လည်း ၁၉၉၀ ခုနှစ်တွင် သမ္မတ Carlos Menem လက်ထက်တွင် လူသားချင်း စာနာထောက်ထားမှု အထိမ်းအမှတ် အဖြစ် လွတ်ငြိမ်းချမ်းသာခွင့် ပေး၍လွတ်မြောက်လာခဲ့ရာမှ ၂၀၁၀ ခုနှစ် အရောက် တွင်တော့ ပြည်ထောင်စု တရားရုံးမှနေ၍ အပြစ်ဒါဏ်များကို
ပြန်လည်ကျခံစေခဲ့ခြင်းဖြစ်သည်။

ဗိုလ်ချုပ် Videla နှင့် အတူ အခြား စစ်အာဏာရှင် ဟောင်း တစ်ဦးဖြစ်သူ Reynaldo Bignone အားလည်း ရာဇဝတ်မှူများတွင် ပါဝင်ပတ်သတ်မှု
များဖြင့် ထောင်ဒါဏ် ၁၅ နှစ်ကျခံ စေခဲ့ကြောင်း သိရပါသည်။

M-Media
အသက် ၈၇ နှစ် အရွယ်ရှိ အာဂျင်တီးနား စစ်အာဏာရှင် ဟောင်း တစ်ဦးဖြစ်သူ Jorge Rafael Videla ဟာ လူ့အခွင့်အရေး ချိုးဖောက်သည့် ရာဇဝတ်မှု များဖြင့် ထောင်ဒါဏ် တစ်သက်တစ်ကျွန်း ပြစ်ဒါဏ်ကို အကျဉ်းထောင်အတွင်း ကျခံ နေဆဲမှာပင် ပုံမှန် ဖြစ်ရိုးဖြစ်စဉ် လူကြီးရောဂါဖြင့် ကွယ်လွန်သွား ခဲ့ပြီ ဖြစ်ကြောင်း သိရပါသည်။

ဗိုလ်ချုပ် Jorge Rafael Videla ဟာ အာဂျင်တီးနား နိုင်ငံရဲ့ ၁၉၇၆ မှ ၁၉၈၃ အထိ ၇နှစ်ကြာ စစ်အုပ်ချုပ်ရေး ကာလအတွင်း သူတာဝန်ယူခဲ့သည့် ၁၉၈၁ ခုနှစ် ကာလ ထိတိုင်အောင် "ညစ်ညမ်းသည့်စစ်ပွဲ " "Dirty War". အမည်ရှိ စစ်ဆင်ရေး ကမ်ပိန်းကာလအတွင်း လူပေါင်း ၃၀၀၀၀ ထက်မနည်းဖမ်းဆီးနှိပ်စက် ညှင်းပန်း နှိပ်စက်ခံရကာ ဖြစ်ပွါးခဲ့သည့် သေမှုသေခင်း ၃၁ မှု အတွက် အဓိက တာဝန်ရှိသူတစ်ဦးဖြစ်သည်။

၁၉၈၅ ခုနှစ်မှာတော့ ဗိုလ်ချုပ် Jorge Rafael Videla ဟာ နှိပ်စက် ညှင်းပန်းမှု၊ လူသတ်မှူနှင့် အခြား ရာဇဝတ်မှုများနှင့် ထောင်ဒါဏ် တစ်သက်တစ်ကျွန်း ကျခံခဲ့ရသော်လည်း ၁၉၉၀ ခုနှစ်တွင် သမ္မတ Carlos Menem လက်ထက်တွင် လူသားချင်း စာနာထောက်ထားမှု အထိမ်းအမှတ် အဖြစ် လွတ်ငြိမ်း ချမ်းသာခွင့် ပေး၍လွတ်မြောက်လာခဲ့ရာမှ ၂၀၁၀ ခုနှစ် အရောက် တွင်တော့ ပြည်ထောင်စု တရားရုံးမှနေ ၍ အပြစ်ဒါဏ်များကို ပြန်လည်ကျခံစေခဲ့ခြင်းဖြစ်သည်။

ဗိုလ်ချုပ် Videla နှင့် အတူ အခြား စစ်အာဏာရှင် ဟောင်း တစ်ဦးဖြစ်သူ Reynaldo Bignone အားလည်း ရာဇဝတ်မှူများတွင် ပါဝင်ပတ်သတ်မှုများဖြင့် ထောင်ဒါဏ် ၁၅ နှစ်ကျခံ စေခဲ့ကြောင်း သိရပါသည်။

M-Media

No comments:

Post a Comment