Monday, May 20, 2013

မြန်မာ့ရေလုပ်ငန်း ဖွံ့ဖြိုးရန် Working Group ၈ခု ဖွဲ့စည်းဆောင်ရွက်မည်

မြန်မာ့ရေလုပ်ငန်း ဖွံ့ဖြိုး စေရန်အတွက် ရေလုပ်ငန်း နယ်ပယ်တွင် လိုအပ်သော အစုအဖွဲ့ လုပ်ငန်းငယ်များ ဖွဲ့စည်း ဆောင်ရွက် သွားမည် ဖြစ်ပြီး လတ်တလော တွင် ပဏာမအဖြစ် Working Group ၈ ခု ဖွဲ့စည်းကာ လုပ်ဆောင် သွားမည့် လုပ်ငန်းများ အတွက် အသေးစိတ် ဆွေးနွေး
သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးဝင်းကြိုင် ကပြောကြား ကြောင်း သိရသည်။ထိုလုပ်ငန်း ကော်မတီ Working Group ၈ ခုမှာ ဘဏ္ဍာရေး ဆိုင်ရာ ကော်မတီ ၊ မွေးမြူရေး ဆိုင်ရာ လုပ်ငန်း ၊ ဖွံ့ဖြိုးရေး နှင့် သုတေသန လုပ်ငန်း ၊ ဈေးကွက်ပိုင်း ဆိုင်ရာ လုပ်ငန်း ၊ ရေထွက် စားကုန် ဘေးအန္တရာယ် ကင်းရှင်းရေး လုပ်ငန်း ၊ ငါးဖမ်း လုပ်ငန်းဆိုင်ရာ လုပ်ငန်း ၊ ငါးပုစွန် အစာ ထုတ်လုပ်ရေး ဆိုင်ရာ လုပ်ငန်း နှင့် ငါးပုစွန် ပြုပြင် ထုတ်လုပ်ရေး ဆိုင်ရာ လုပ်ငန်း ကော်မတီ ဟူ၍ ဖြစ်ပြီး ၄င်းတို့သည် ပြည်ထောင်စု ၀န်ကြီးဌာနများ ၊ ပြည်နယ် နှင့် တိုင်းဒေသကြီး အစိုးရအောက် မှ ၀န်ကြီးဌာနများရှိ လုပ်ငန်းများ နှင့် ညှိနှိုင်း ပေါင်းစပ် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရှိရသည်။

Myawady News

No comments:

Post a Comment