Monday, May 6, 2013

မိုင်းခွန်ရွာအနီးရှိ ပယင်းမှော်အတွင်း KIA အဖွဲ့မှ လူသစ်စုဆောင်းမည်ဟု သတင်းများထွက်ပေါ်


ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်အတွင်း မိုင်းခွန်ရွာအနီးရှိ ပယင်းမှော်အတွင်း KIA အဖွဲ့မှ လူသစ်စုဆောင်းမည် ဟု သတင်းများ ယခုရက်ပိုင်းအတွင်း ထွက်ပေါ်လျက်ရှိပြီး မှော်အတွင်း လုပ်ကိုင်လျက်ရှိသော ဒေသခံ မှော်သူ၊ မှော်သားများ အနေဖြင့် တနိုင်း မြို့ပေါ်များသို့ ပြန်လည်ဝင်ရောက်နေထိုင်လျက်ရှိကြောင်း၊ ထိုသို့ပြန်လည် ၀င်ရောက်လာသူများထဲတွင် မျက်နှာစိမ်းလူငယ်များကို ပါ တွေ့မြင်နေရကြောင်း သိရှိရသည်။
“ငါတို့က ပယင်းကောက်မှ ထမင်းစားရမှာ..ဒီကောင်တွေက လူသစ်စုတယ်ကြားတော့ ငါတို့ ပြန်လာခဲ့ရတာ.. ငါတို့ ပြန် လာတဲ့ အထဲမှာ KIA က လူတွေပါလာမှာစိုးတယ်ဗျာ.. တနိုင်းမှာ ဟိုခွဲဒီခွဲ လုပ်မှာကို စိုးရိမ်မိတယ်ဗျာ” ဟု မောင်ဝင်းရှိန် က ပြောပြခဲ့ပါသည်။ 
ထိုသို့ တနိုင်းမြို့ပေါ်ရှိ ရပ်ကွက်/နေအိမ်များနှင့် တည်းခိုခန်းများတွင် အကြမ်းဖက်မှု ပြဿနာရပ်များ ဖြစ်ပေါ် လာမည် ကို ဒေသခံများအနေဖြင့် စိုးရိမ်လျက်ရှိသောကြောင့် ယခုရက်ပိုင်းများတွင် မြို့ပေါ်ရပ်ကွက်များရှိ လူနေအိမ်များနှင့် တည်းခို ခန်း များအား သက်ဆိုင်ရာမှ ရှောင်တခင်ဧည့်စာရင်းစစ်ဆေးမှုများ ပြုလုပ်ပေးစေလို ကြောင်း တနိုင်းမြို့ စည်ပင်သာ ယာ ဈေး ရှိ ဈေးရောင်း၊ ဈေးဝယ်သူဒေသခံများ ပြောဆိုလျက်ရှိကြောင်း သိရှိရ ပါသည်။
 From....ကချင်နေ့စဉ်သတင်း

No comments:

Post a Comment