Wednesday, May 29, 2013

အစိုးရနှင့် KIO တို့၏ မြစ်ကြီးနား ဆွေးနွေးပွဲ ပထမနေ့၌ အပစ်အခတ် ရပ်စဲရေးနှင့် နိုင်ငံရေး ဆွေးနွေးပွဲများအတွက် မူပိုင်းဆိုင်ရာ

Photo: အစိုးရနှင့် KIO တို့၏ မြစ်ကြီးနား ဆွေးနွေးပွဲ ပထမနေ့၌ အပစ်အခတ် ရပ်စဲရေးနှင့် နိုင်ငံရေး ဆွေးနွေးပွဲများအတွက် မူပိုင်းဆိုင်ရာ Wednesday, May 29, 2013

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် KIO ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့တို့၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို မေ ၂၈ ရက် နံနက်ပိုင်းက မြစ်ကြီးနားမြို့ မနောကွင်းရှိ မဂျွယ်ခန်းမ၌ ပြုလုပ်ခဲ့ပြီး ဆွေးနွေးပွဲ ပထမနေ့တွင် အပစ်အခတ် ရပ်စဲရေးနှင့် နိုင်ငံရေး ဆွေးနွေးပွဲများအတွက် မူပိုင်းဆိုင်ရာများကိုပင် ဆွေးနွေးခဲ့ကြောင်း သိရသည်။

"ဒီနေ့ အဓိက ဆွေးနွေးတဲ့ အကြောင်းအရာကတော့ နိုင်ငံတော် အစိုးရဘက်ကနေ ဆွေးနွေးတဲ့ ခေါင်းစဉ်ကတော့ တိုက်ပွဲတွေ ကိစ္စကို အပစ်အခတ် ရပ်စဲရေးလုပ်မလား ဆိုတဲ့အပိုင်း။ ကျွန်တော်တို့ ဘက်ကလည်း အပစ်အခတ် ရပ်စဲရေးကို အရင်မလုပ်ဘဲနဲ့ နိုင်ငံရေး ဆွေးနွေးပွဲကို ဘယ်လိုသွားမလဲဆိုတဲ့ အပိုင်း၊ အဓိကမူပိုင်းပဲ ဆွေးနွေးတာပါ။ လက်တွေ့ပိုင်းတွေ မပါသေးပါဘူး" ဟု KIA ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ဆွေးနွေးပွဲအပြီးတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

နှစ်ဖက်စစ်ရေးဆိုင်ရာ ကိစ္စရပ်များကို ထိန်းသိမ်းနိုင်ရန်အတွက် ညှိနှိုင်းကွပ်ကဲရေးရုံးများ ထားရှိရေးကို ဆွေးနွေးရန် တင်သွင်းထားသော်လည်း ယနေ့တွင် မဆွေးနွေးဖြစ်ဘဲ နောက်နေ့ဆွေးနွေးပွဲတွင် ဆက်လက်ဆွေးနွေးမည်ဟု ဗိုလ်ချုပ်ဂွမ်မော်က The Daily Eleven သတင်းစာသို့ ပြောကြားသည်။

အစိုးရနှင့် KIO တို့၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတိုင်းတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် စာချုပ် လက်မှတ်ရေးထိုးနိုင်ရန် အစိုးရဘက်မှ အစဉ်တစိုက် ဆွေးနွေးလေ့ရှိပြီး KIOဘက်ကလည်း အပစ်အခတ် ရပ်စဲရေး မလုပ်ဘဲ နိုင်ငံရေးဆွေးနွေးရန် တောင်းဆိုလေ့ ရှိခဲ့သည်။

ယခုဆွေးနွေးပွဲ၌ ပြဿနာများကို မဆွေးနွေးဘဲ အဖြေကို ဆွေးနွေးကြရန် ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးက ဆွေးနွေးပွဲ အစပိုင်းတွင် ပြောကြားသည်။
"အဓိက အချက်က ပြဿနာကို ဆွေးနွေးမလား။ အဖြေကို ဆွေးနွေးမလား။ ပြဿနာကို ဆွေးနွေးရင် အခြေအနေတွေ အများကြီးရှိတယ်။ အမှား၊ အမှန်။ တစ်ဖက်နဲ့တစ်ဖက် ပြောစရာ ၀ိရောဓိတွေ အများကြီး ရှိတယ်။ ကျွန်တော်တို့ အဖြေကိုရှာဖို့ အရမ်းအရေးကြီးတယ်။ အဖြေကိုရှာရင် အဖြေက ရှိပြီးသားပါ။ အဖြေက ဘာလဲဆိုတော့ အပစ်အခတ် ရပ်စဲရေး၊ ငြိမ်းချမ်းရေးမှ ထာဝရငြိမ်းချမ်းရေး အားလုံးအသိဆုံး ဖြစ်ပါတယ်" ဟု ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးက ပြောကြားသည်။

နိုင်ငံရေး တွေ့ဆုံဆွေးနွေးရန်အတွက် အပစ်အခတ် ရပ်စဲရန် လိုအပ်ပြီး အပစ်အခတ် ရပ်စဲရန်အတွက် ခိုင်မာသော ကတိက၀တ်များ လိုအပ်ကြောင်း ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးက ဆက်လက်ပြောကြားသည်။
မတ်လ ရွှေလီဆွေးနွေးပွဲ၏ ရလဒ်များကို အခြေခံပြီး ဆွေးနွေးခဲ့သော မြစ်ကြီးနားဆွေးနွေးပွဲ ပထမနေ့ ဆွေးနွေးမှုများကို ကျေနပ်သည်ဟု ဗိုလ်ချုပ်ဂွမ်မော်က ပြောကြားသည်။

နှစ်နှစ်တာ ကာလအတွင်း ၁၅ ကြိမ်မြောက် တွေ့ဆုံခြင်းဖြစ်ပြီး ဦးအောင်မင်းနှင့် ရှစ်ကြိမ်မြောက်တွေ့ဆုံသော ယခုဆွေးနွေးပွဲကို မြစ်ကြီးနား၌ ပထမဆုံး ကျင်းပနိုင်ခဲ့ခြင်းမှာ ဆွေးနွေးပွဲ ကာလတစ်လျှောက် ရလဒ်ကောင်းတစ်ခု ဖြစ်ခဲ့သည်ဟု အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့က ရှုမြင်ခဲ့သည်။

သို့သော် မြစ်ကြီးနားသို့ လာရောက်ဆွေးနွေးခြင်းသည် ကချင်ပြည်နယ် တစ်ခုလုံး ငြိမ်းချမ်းနေခြင်းကြောင့် လာရောက်သည်ဟု မဆိုနိုင်ကြောင်း၊ ပြီးခဲ့သော ဆွေးနွေးပွဲများတွင် မြစ်ကြီးနား၌ တွေ့ဆုံရန် ပြောဆိုမှုများ ရှိခဲ့သည့်အတွက် ထိုကတိက၀တ်ကို အကောင်အထည် ဖော်ခြင်းသာဖြစ်ကြောင်း ဗိုလ်ချုပ်ဂွမ်မော်က ပြောကြားသည်။

"ဒီနေ့ဆွေးနွေးပွဲမှာ အပစ်အခတ် ရပ်စဲရေးကို အဓိက ဆွေးနွေးတယ်။ စောင့်ကြည့်ရေးရုံး ကိစ္စကို ပြောကြတယ်။ အပစ်အခတ် ရပ်စဲဖို့ ကိစ္စမှာ KIO အဖွဲ့က ဗဟိုကော်မတီနဲ့ ဆွေးနွေးရဦးမယ်လို့ ပြောပါတယ်။ နှစ်ဖက်စစ်တပ် အချင်းချင်းလည်း တံခါးပိတ် ဆွေးနွေးရဦးမယ်။ မြေပုံကြည့်ပြီး ဆုံးဖြတ်ကြဦးမယ်။ ပြီးရင် ဒုက္ခသည်တွေကိစ္စ လာမယ်" ဟု ဆွေးနွေးပွဲသို့ လေ့လာသူအဖြစ် တက်ရောက်သော ဖာသာယုံဝါက The Daily Eleven သို့ ပြောကြားသည်။

ဆွေးနွေးပွဲသို့ လေ့လာသူအဖြစ် တက်ရောက်ခဲ့သော ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဗီဂျေနမ်ဘီးယားက ဆွေးနွေးပွဲနှင့် ပတ်သက်၍ သီးခြားမှတ်ချက် မပေးခဲ့သော်လည်း ဆွေးနွေးမှုများကို ကျေနပ်ကြောင်း ပြောကြားသည်။
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် KIO ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့တို့သည် မေ ၂၈ နံနက် ၉ နာရီက စတင်ဆွေးနွေးခဲ့ပြီး မွန်းလွဲ ၂ နာရီခန့်တွင် ဆွေးနွေးမှုကို ရပ်နားခဲ့သည်။
အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ကို ဦးအောင်မင်းက ဦးဆောင်ခဲ့ပြီး စစ်ဘက်ဆိုင်ရာ ကိုယ်စားလှယ်အဖြစ် ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးနှင့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းထွန်းနောင်၊ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် အောင်စိုးတို့လည်း တက်ရောက်ခဲ့သည်။ KIO ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ကို ဦးဆွမ်လွတ်ဂမ်က ဦးဆောင်ခဲ့ပြီး စစ်ဘက်ရေးရာ ကိုယ်စားလှယ်အနေဖြင့် KIA ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်၊ ဗိုလ်မှူးကြီး လဖိုင်လနှင့် ဗိုလ်မှူးကြီး ဇော်တောင်တို့ ပါဝင်ခဲ့ကြသည်။
မေ ၂၉ ရက်တွင် KIO ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် ကချင်ဒေသခံများ တွေ့ဆုံပြီး ငြိမ်းချမ်းရေးအတွက် သဘောထား တောင်းခံမှုများ ပြုလုပ်မည် ဖြစ်ပါသည်။ ဒေသခံများ၏ သဘောထားကို အခြေခံပြီး အစိုးရနှင့် KIO တို့၏ မြစ်ကြီးနား ဆွေးနွေးပွဲကို မေ ၃၀ ရက်တွင် ဆက်လက်ပြုလုပ်မည် ဖြစ်ပါသည်။ 

မြစ်ကြီးနား ဆွေးနွေးပွဲတွင် အပစ်အခတ် ရပ်စဲရေးအတွက် လက်မှတ်မထိုးနိုင်သည့် တိုင်အောင် ဆွေးနွေးပွဲများ မကြာခဏ ပြုလုပ်ပြီး ပြည်နယ်ဖွံ့ဖြိုး တိုးတက်မှုများ လုပ်ဆောင်ပေးရန် ကချင်ပြည်နယ် ၀န်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းက မေ ၂၈ ရက်တွင် တိုက်တွန်းပြောကြားသည်။

Eleven

ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ တက်ရောက်လာသော မစ္စတာ ဗီဂျေနမ်ဘီးယားအား ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော် နှုတ်ဆက်နေစဉ် (ဓာတ်ပုံ - နေထွန်းနိုင်)
ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ တက်ရောက်လာသော မစ္စတာ ဗီဂျေနမ်ဘီးယားအား ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော် နှုတ်ဆက်နေစဉ် (ဓာတ်ပုံ - နေထွန်းနိုင်)
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် KIO ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့တို့၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို မေ ၂၈ ရက် နံနက်ပိုင်းက မြစ်ကြီးနားမြို့ မနောကွင်းရှိ မဂျွယ် ခန်းမ၌ ပြုလုပ်ခဲ့ပြီး ဆွေးနွေးပွဲ ပထမနေ့တွင် အပစ်အခတ် ရပ်စဲရေးနှင့် နိုင်ငံရေး ဆွေးနွေးပွဲများ အတွက် မူပိုင်းဆိုင်ရာများကိုပင် ဆွေးနွေးခဲ့ကြောင်း သိရသည်။

"ဒီနေ့ အဓိက ဆွေးနွေးတဲ့ အကြောင်းအရာကတော့ နိုင်ငံတော် အစိုးရဘက် ကနေ ဆွေးနွေး တဲ့ ခေါင်းစဉ်ကတော့ တိုက်ပွဲတွေ ကိစ္စကို အပစ်အခတ် ရပ်စဲရေးလုပ်မလား ဆိုတဲ့အပိုင်း။ ကျွန်တော်တို့ ဘက်ကလည်း အပစ်အခတ် ရပ်စဲရေးကို အရင်မလုပ်ဘဲနဲ့ နိုင်ငံရေး ဆွေးနွေးပွဲကို ဘယ်လိုသွားမလဲဆိုတဲ့ အပိုင်း၊ အဓိကမူပိုင်းပဲ ဆွေးနွေးတာပါ။ လက်တွေ့ပိုင်းတွေ မပါသေးပါဘူး" ဟု KIA ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ဆွေးနွေးပွဲအပြီးတွင် သတင်းထောက် များအား ပြောကြား ခဲ့သည်။

နှစ်ဖက်စစ်ရေးဆိုင်ရာ ကိစ္စရပ်များကို ထိန်းသိမ်းနိုင်ရန်အတွက် ညှိနှိုင်းကွပ်ကဲရေးရုံးများ ထားရှိရေး ကို ဆွေးနွေးရန် တင်သွင်းထားသော်လည်း ယနေ့တွင် မဆွေးနွေးဖြစ်ဘဲ နောက်နေ့ ဆွေးနွေးပွဲတွင် ဆက်လက်ဆွေးနွေးမည်ဟု ဗိုလ်ချုပ်ဂွမ်မော်က The Daily Eleven သတင်းစာသို့ ပြောကြားသည်။

အစိုးရနှင့် KIO တို့၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတိုင်းတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် စာချုပ် လက်မှတ်ရေးထိုးနိုင်ရန် အစိုးရဘက်မှ အစဉ်တစိုက် ဆွေးနွေးလေ့ရှိပြီး KIOဘက်ကလည်း အပစ်အခတ် ရပ်စဲရေး မလုပ်ဘဲ နိုင်ငံရေးဆွေးနွေးရန် တောင်းဆိုလေ့ ရှိခဲ့သည်။

ယခုဆွေးနွေးပွဲ၌ ပြဿနာများကို မဆွေးနွေးဘဲ အဖြေကို ဆွေးနွေးကြရန် ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးက ဆွေးနွေးပွဲ အစပိုင်းတွင် ပြောကြားသည်။
"အဓိက အချက်က ပြဿနာကို ဆွေးနွေးမလား။ အဖြေကို ဆွေးနွေးမလား။ ပြဿနာကို ဆွေးနွေးရင် အခြေအနေတွေ အများကြီးရှိတယ်။ အမှား၊ အမှန်။ တစ်ဖက်နဲ့တစ်ဖက် ပြောစရာ ၀ိရောဓိတွေ အများကြီး ရှိတယ်။ ကျွန်တော်တို့ အဖြေကိုရှာဖို့ အရမ်းအရေးကြီးတယ်။ အဖြေကိုရှာရင် အဖြေက ရှိပြီးသားပါ။ အဖြေက ဘာလဲဆိုတော့ အပစ်အခတ် ရပ်စဲရေး၊ ငြိမ်းချမ်းရေးမှ ထာဝရငြိမ်းချမ်းရေး အားလုံးအသိဆုံး ဖြစ်ပါတယ်" ဟု ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးက ပြောကြားသည်။

နိုင်ငံရေး တွေ့ဆုံဆွေးနွေးရန်အတွက် အပစ်အခတ် ရပ်စဲရန် လိုအပ်ပြီး အပစ်အခတ် ရပ်စဲရန်အတွက် ခိုင်မာသော ကတိက၀တ်များ လိုအပ်ကြောင်း ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးက ဆက်လက်ပြောကြားသည်။
မတ်လ ရွှေလီဆွေးနွေးပွဲ၏ ရလဒ်များကို အခြေခံပြီး ဆွေးနွေးခဲ့သော မြစ်ကြီးနားဆွေးနွေးပွဲ ပထမနေ့ ဆွေးနွေးမှုများကို ကျေနပ်သည်ဟု ဗိုလ်ချုပ်ဂွမ်မော်က ပြောကြားသည်။

နှစ်နှစ်တာ ကာလအတွင်း ၁၅ ကြိမ်မြောက် တွေ့ဆုံခြင်းဖြစ်ပြီး ဦးအောင်မင်းနှင့် ရှစ်ကြိမ်မြောက်တွေ့ ဆုံသော ယခုဆွေးနွေးပွဲကို မြစ်ကြီးနား၌ ပထမဆုံး ကျင်းပနိုင်ခဲ့ခြင်းမှာ ဆွေးနွေးပွဲ ကာလတစ်လျှောက် ရလဒ်ကောင်းတစ်ခု ဖြစ်ခဲ့သည်ဟု အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့က ရှုမြင်ခဲ့သည်။

သို့သော် မြစ်ကြီးနားသို့ လာရောက်ဆွေးနွေးခြင်းသည် ကချင်ပြည်နယ် တစ်ခုလုံး ငြိမ်းချမ်းနေခြင်းကြောင့် လာရောက်သည်ဟု မဆိုနိုင်ကြောင်း၊ ပြီးခဲ့သော ဆွေးနွေးပွဲ များတွင် မြစ်ကြီးနား၌ တွေ့ဆုံရန် ပြောဆိုမှုများ ရှိခဲ့သည့်အတွက် ထိုကတိက၀တ်ကို အကောင် အထည် ဖော်ခြင်းသာဖြစ်ကြောင်း ဗိုလ်ချုပ်ဂွမ်မော်က ပြောကြားသည်။

"ဒီနေ့ဆွေးနွေးပွဲမှာ အပစ်အခတ် ရပ်စဲရေးကို အဓိက ဆွေးနွေးတယ်။ စောင့်ကြည့်ရေးရုံး ကိစ္စကို ပြော ကြတယ်။ အပစ်အခတ် ရပ်စဲဖို့ ကိစ္စမှာ KIO အဖွဲ့က ဗဟိုကော်မတီ နဲ့ ဆွေးနွေးရ ဦးမယ် လို့ ပြောပါ တယ်။ နှစ်ဖက်စစ်တပ် အချင်းချင်းလည်း တံခါးပိတ် ဆွေးနွေးရဦးမယ်။ မြေပုံကြည့်ပြီး ဆုံးဖြတ်ကြဦး မယ်။ ပြီးရင် ဒုက္ခသည်တွေကိစ္စ လာမယ်" ဟု ဆွေးနွေးပွဲသို့ လေ့လာသူအဖြစ် တက်ရောက်သော ဖာသာယုံဝါက The Daily Eleven သို့ ပြောကြားသည်။

ဆွေးနွေးပွဲသို့ လေ့လာသူအဖြစ် တက်ရောက်ခဲ့သော ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဗီဂျေနမ်ဘီးယားက ဆွေးနွေးပွဲနှင့် ပတ်သက်၍ သီးခြားမှတ်ချက် မပေးခဲ့သော်လည်း ဆွေးနွေးမှုများကို ကျေနပ်ကြောင်း ပြောကြားသည်။
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် KIO ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့တို့သည် မေ ၂၈ နံနက် ၉ နာရီက စတင်ဆွေးနွေးခဲ့ပြီး မွန်းလွဲ ၂ နာရီခန့် တွင် ဆွေးနွေးမှုကို ရပ်နားခဲ့သည်။
အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ကို ဦးအောင်မင်းက ဦးဆောင်ခဲ့ပြီး စစ်ဘက်ဆိုင်ရာ ကိုယ်စားလှယ်အဖြစ် ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးနှင့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းထွန်းနောင်၊ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် အောင်စိုးတို့လည်း တက်ရောက်ခဲ့သည်။ KIO ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ကို ဦးဆွမ်လွတ်ဂမ်က ဦးဆောင်ခဲ့ပြီး စစ်ဘက်ရေးရာ ကိုယ်စားလှယ်အနေဖြင့် KIA ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်၊ ဗိုလ်မှူးကြီး လဖိုင်လနှင့် ဗိုလ်မှူးကြီး ဇော်တောင်တို့ ပါဝင်ခဲ့ကြသည်။
မေ ၂၉ ရက်တွင် KIO ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် ကချင်ဒေသခံများ တွေ့ ဆုံပြီး ငြိမ်းချမ်းရေး အတွက် သဘောထား တောင်းခံမှုများ ပြုလုပ်မည် ဖြစ်ပါသည်။ ဒေသခံများ၏ သဘောထားကို အခြေခံပြီး အစိုးရနှင့် KIO တို့၏ မြစ်ကြီးနား ဆွေးနွေးပွဲကို မေ ၃၀ ရက်တွင် ဆက်လက်ပြု လုပ်မည် ဖြစ်ပါသည်။

မြစ်ကြီးနား ဆွေးနွေးပွဲတွင် အပစ်အခတ် ရပ်စဲရေးအတွက် လက်မှတ်မထိုးနိုင်သည့် တိုင်အောင် ဆွေးနွေးပွဲများ မကြာခဏ ပြုလုပ်ပြီး ပြည်နယ်ဖွံ့ဖြိုး တိုးတက်မှုများ လုပ်ဆောင်ပေးရန် ကချင်ပြည်နယ် ၀န်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းက မေ ၂၈ ရက်တွင် တိုက်တွန်းပြောကြားသည်။

Eleven

No comments:

Post a Comment