Wednesday, May 29, 2013

94B အိန္ဒိယ-ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီး ကမ်းခြေပေါ်သို့ရောက်ရှိ

94B အိန္ဒိယ-ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီး ကမ်းခြေပေါ်သို့ရောက်ရှိ
By mmweather.ygn, on May 29th, 2013
http://blog.mmweather.com/2013/05/29/invest-94b-bay-of-bengal-9/

မေလ ၂၉ ရက် မြန်မာစံတော်ချိန် နံနက် ဝ၆း၃ဝ နာရီတွင် ရရှိသည့် အချက်အလက်များအရ INVEST 94B သည် လွန်ခဲ့သည့် ၆ နာရီအတွင်း အရှေ့မြောက်ဘက်သို့ တဖန်ပြန်လည်၍ လမ်းကြောင်းပြောင်းပြီး တစ်နာရီ မိုင်နှုန်း ဖြင့် ရွေ့လျားခဲ့ကြောင်း တွေ့ရှိရပါသည်။

94B သည် နောက်ဆုံးရရှိသည့် အချက်အလက်များအရ အင်အားပိုမိုကောင်းလာခြင်း လျော့သွားခြင်း မရှိပဲ အိန္ဒိယနိုင်ငံ ကိုလ်ကတ္တားမြို့ အရှေ့တောင်ဘက် ၈၅ မိုင်ခန့်ရှိ ဘင်္ဂလားဒေ့ရှ်ကမ်းခြေပေါ်သို့ ရောက်ရှိနေပြီး ဆက်လက်ရွေ့လျားနိုင်မည့် အခြေအနေကို စောင့်ကြည့်လျှက်ရှိပါသည်။ လက်ရှိတည်နေရာမှာ မြန်မာနိုင်ငံ စစ်တွေမြို့၏ အနောက်မြောက်ဘက် ၂၅၅ မိုင်ခန့်ကွာဝေးသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းရိုးတမ်းပေါ်တွင် ဖြစ်ပါသည်။

လေဖိအားနည်းဆဲလ် 94B
29 May 2013 0000Z
Location: 21.7 89.3
Winds: 25 knots
Central Pressure: 1004 hPa

မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြးမှုဦးစီးဌာနမှ ယနေ့ နံနက် ဝ၇းဝဝ နာရီအချိန်တွင် အောက်ပါအတိုင်း သတင်းထုတ်ပြန်ထားပါသည်။

နေ့စဉ်မိုးလေ၀သသတင်း
(၂၀၁၃ ခုနှစ်၊ မေလ(၂၉)ရက်နေ့ နံနက်(၇း၀၀)နာရီအချိန် ထုတ်ပြန်ချက်)
မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ယနေ့မြန်မာစံတော်ချိန် (၀၅း၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသောလေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါလေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာနိုင်ခြင်းရှိ/မရှိကို စောင့်ကြည့်လျက်ရှိပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအားကောင်းနေပါသည်။

ယနေ့ညနေအထိခန့်မှန်းချက်။ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်နေရာအနှံ့အပြား ၊စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင်နေရာစိပ်စိပ်၊ ရှမ်းပြည်နယ်တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင် နေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီး၊ ရခိုင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်း (၈၀)ဖြစ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်မှ မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ မြန်မာနိုင်ငံမြောက်ပိုင်းဒေသများတွင် ထစ်ချုန်းမည့်အခြေအနေများ ဖြစ်ပေါ်နိုင်ပါသည်။

MMweather Page
မေလ ၂၉ ရက် မြန်မာစံတော်ချိန် နံနက် ဝ၆း၃ဝ နာရီတွင် ရရှိသည့် အချက်အလက်များအရ INVEST 94B သည် လွန်ခဲ့သည့် ၆ နာရီအတွင်း အရှေ့မြောက်ဘက်သို့ တဖန်ပြန်လည်၍ လမ်းကြောင်းပြောင်း ပြီး တစ်နာရီ မိုင်နှုန်း ဖြင့် ရွေ့လျားခဲ့ကြောင်း တွေ့ရှိရပါသည်။
94B သည် နောက်ဆုံးရရှိသည့် အချက်အလက်များအရ အင်အားပိုမိုကောင်းလာခြင်း လျော့သွားခြင်း မရှိပဲ အိန္ဒိယနိုင်ငံ ကိုလ်ကတ္တားမြို့ အရှေ့တောင်ဘက် ၈၅ မိုင်ခန့်ရှိ ဘင်္ဂလားဒေ့ရှ်ကမ်းခြေပေါ် သို့ ရောက်ရှိနေပြီး ဆက်လက်ရွေ့လျားနိုင်မည့် အခြေအနေကို စောင့်ကြည့်လျှက်ရှိပါသည်။ လက်ရှိ တည်နေရာမှာ မြန်မာနိုင်ငံ စစ်တွေမြို့၏ အနောက်မြောက်ဘက် ၂၅၅ မိုင်ခန့်ကွာဝေးသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းရိုးတမ်းပေါ်တွင် ဖြစ်ပါသည်။

လေဖိအားနည်းဆဲလ် 94B
29 May 2013 0000Z
Location: 21.7 89.3
Winds: 25 knots
Central Pressure: 1004 hPa

မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြးမှုဦးစီးဌာနမှ ယနေ့ နံနက် ဝ၇းဝဝ နာရီအချိန် တွင် အောက်ပါအတိုင်း သတင်းထုတ်ပြန်ထားပါသည်။

နေ့စဉ်မိုးလေ၀သသတင်း
(၂၀၁၃ ခုနှစ်၊ မေလ(၂၉)ရက်နေ့ နံနက်(၇း၀၀)နာရီအချိန် ထုတ်ပြန်ချက်)
မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ယနေ့မြန်မာစံတော်ချိန် (၀၅း၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသောလေဖိအားနည်းရပ်ဝန်းသည် ဆက်လက် တည်ရှိနေပါသည်။ အဆိုပါလေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာနိုင်ခြင်းရှိ/မရှိကို စောင့်ကြည့်လျက်ရှိပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ် သုံလေ အားကောင်းနေပါသည်။

ယနေ့ညနေအထိခန့်မှန်းချက်။ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်နေရာအနှံ့အပြား ၊စစ်ကိုင်း တိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင်နေရာစိပ်စိပ်၊ ရှမ်းပြည်နယ်တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင် နေရာအနှံ့ အပြားမိုး ထစ်ချုန်းရွာပြီး၊ ရခိုင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်း (၈၀)ဖြစ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်း ကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်မှ မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ မြန်မာနိုင်ငံမြောက်ပိုင်းဒေသများတွင် ထစ်ချုန်းမည့်အခြေအနေများ ဖြစ်ပေါ်နိုင်ပါသည်။

MMweather Page
From...Myanmar News Update

No comments:

Post a Comment