Sunday, June 23, 2013

မြန်မာအစိုးရ၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံ တော်ကောင်စီဝင် ယန်ကျဲချီ မြန်မာနိုင်ငံသို့ ယနေ့လာရောက်မည်

shikyipin-june23
အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဟီလာရီ ကလင်တန်နှင့် ယန်ကျဲချီတို့အား ၂၀၁၂ ခုနှစ်က တွေ့ရစဉ်
မြန်မာအစိုးရ၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံ တော်ကောင်စီဝင် ယန်ကျဲချီသည် မြန်မာနိုင်ငံသို့
သွားရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာနက ဇွန် ၂၂ ရက်တွင် ပြောကြားသည်။
မြန်မာအစိုးရ၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံ တော်ကောင်စီဝင် ယန်ကျဲချီသည် မြန်မာနိုင်ငံသို့ ဇွန် ၂၃ ရက်မှ ၂၄ ရက်ထိ သွားရောက်လည်ပတ်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာန၏ ပြောရေးဆိုခွင့် ရှိသူ ဟွာချန်ယင်းက ပြောကြားခဲ့ကြောင်း တရုတ်ဆင်ဟွာ သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။ ၎င်းသည် မြန်မာနိုင်ငံသို့ နိုင်ငံခြားရေး ၀န်ကြီးအဖြစ်လည်း လာရောက်ခဲ့ဖူးသည်။
ယန်ကျဲချီသည် တရုတ်နိုင်ငံခြားရေး ၀န်ကြီးအဖြစ် ၂၀၀၇ ခုနှစ် ဧပြီလမှ ၂၀၁၃ ခုနှစ် မတ်လအထိ တာဝန် ထမ်းဆောင်ခဲ့ပြီး နိုင်ငံတော် ကောင်စီဝင်အဖြစ် မတ်လတွင် တင်မြှောက်ခံခဲ့ရသည်။
၎င်းသည် အမေရိကန် ပြည်ထောင်စုတွင် တရုတ်သံတမန်အဖြစ် နှစ်အတော်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၀၁ ခုနှစ်မှ ၂၀၀၅ ခုနှစ်ထိ အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင် ခဲ့သည်။
ယန်ကျဲချီသည် အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေစဉ် ကာလ အတွင်း တောင်တရုတ် ပင်လယ်ရှိ ဟိုင်နန်ကျွန်း ကမ်းလွန်တွင် အမေရိကန် သူလျှိုလေယာဉ်နှင့် တရုတ် ဂျက်လေယာဉ်တို့ ဝေဟင်တွင် တိုက်မိသည့်ဖြစ်စဉ် ဖြစ်ပွားပြီးနောက်ပိုင်း နှစ်နိုင်ငံကြား တင်းမာမှု များ ပြေလျော့စေ ရန် ကြိုးစားခဲ့သူ ဖြစ်သည်။
ယန်ကျဲချီသည် တရုတ်နိုင်ငံခြားရေး မူဝါဒ၏ အဓိက ပဲ့ကိုင်ရှင်များတွင် တစ်ဦးအပါအ၀င်အဖြစ် နာမည်ကျော် ကြားသူ ဖြစ်သည်။
တရုတ်နိုင်ငံသည် ယခင်စစ်အစိုးရ လက်ထက်တွင် မြန်မာနိုင်ငံ အစိုးရအား ကမ္ဘာ့ဇာတ်ခုံ အလယ်တွင် ကာကွယ်ပေးခဲ့ပြီး မြန်မာနိုင်ငံ၏ စီးပွားရေးတွင် အခြားနိုင်ငံများထက် လက်ဦးမှု ရယူနိုင်ခဲ့သည်။
သို့ရာတွင် သမ္မတဦးသိန်းစိန်အစိုးရ တက်လာပြီးနောက် မြန်မာနိုင်ငံသည် တစ်ချိန်က ဆက်ဆံရေး အေး စက်ခဲ့သည့် အမေရိကန် ပြည်ထောင်စု၊ ဗြိတိန်၊ ဥရောပနိုင်ငံများ အစရှိသည့် အနောက်နိုင်ငံများနှင့် ဆက်ဆံရေး တိုးတက်ကောင်းမွန်လာခဲ့ရာ တရုတ်အစိုးရသည် ယခင်က မြန်မာအစိုးရနှင့်သာ ဆက်ဆံခဲ့ရာမှ အတိုက်အခံ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အပါအ၀င် နိုင်ငံရေးပါတီများ၊ အရပ်ဘက် လူ့အဖွဲ့အစည်း များနှင့်ပါ ထိတွေ့ဆက်ဆံ လာခဲ့သည်။

From...EMG

No comments:

Post a Comment