Sunday, June 23, 2013

ကျေးလက်နေပြည်သူ ၃၅ ရာခိုင်နှုန်းခန့်မှာ အစားအစာအတွက် ငွေချေးနေရပြီး လူဦးရေ ထက်ဝက်မှာ တစ်နှစ်လျှင် နှစ်လခန့် အစားအစာ မလုံလောက်မှု ပြဿနာ ကြုံနေရ

 sittwe-june23
                             စစ်တွေမြို့ တစ်ဖက်ကမ်း ကျေးတောပိုက်ဆိပ် ကျေးရွာကို တွေ့ရစဉ်
ကျေးလက်နေ ပြည်သူများ၏ ရာခိုင်နှုန်း ၃၅ ခန့်မှာ အစားအစာများ ၀ယ်ယူစားသုံးရန် တစ်နှစ် ပတ်လုံး ငွေချေးယူနေရသည့်အပြင် ကျေးလက်နေ ပြည်သူများ၏ ရာခိုင်နှုန်း ၅၀ မှာလည်း တစ်နှစ်
လျှင် နှစ်လခန့် အစားအစာ မလုံလောက်မှု ပြဿနာနှင့် ရင်ဆိုင်နေရကြောင်း မီချီဂန် တက္ကသိုလ်နှင့် သမ္မတ ၏ အကြံပေးအဖွဲ့ သုံးဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် မြန်မာ့ဖွံ့ဖြိုး တိုးတက်ရေး အရင်းအမြစ် အဖွဲ့ အစည်း တို့ ရေးသားပြုစုသည့် စာတမ်းအရ သိရသည်။
လူဦးရေ သန်းပေါင်း ၆၀ ကျော်ခန့်ရှိနေသည့် မြန်မာနိုင်ငံတွင် လူဦးရေ၏ ရာခိုင်နှုန်း ၇၀ ခန့်မှာ ကျေးလက်ဒေသတွင် နေထိုင်ကြပြီး  မြန်မာ့ဖွံ့ဖြိုး တိုးတက်ရေး အရင်းအမြစ် အဖွဲ့အစည်းနှင့် မီချီဂန် တက္ကသိုလ်တို့ ကောက်ယူထားသည့် အချက်များအရ ပြည်သူများ ကြုံတွေ့နေရသည့် ဆင်းရဲနွမ်းပါး ငတ်မွတ်မှု ပြဿနာများမှာ ကျေးလက်နေ မိသားစုများ၏ ထက်ဝက်အား မြေယာမဲ့ ဖြစ်စေမှု၊ ဘက်လိုက်မှု ကြီးမားသည့် မြေနေရာနှင့် လုပ်ကိုင်ခွင့် ခွဲဝေမှု၊ ပြောင်းလဲလာသည့် ရာသီဥတုနှင့် တိုးပွားလာသော အချိန်အခါမဟုတ် မိုးရွာသွန်းမှုများတွင် စိုက်ပျိုးရေး ထိန်းသိမ်းမှုစနစ် ညံ့ဖျင်းခြင်း၊ မြင့်မားသော သယ်ယူပို့ဆောင်စရိတ်၊ ကျေးလက်ငွေကြေးဆိုင်ရာ အဖွဲ့အစည်းများ အားနည်းမှု စသည့်အချက် များကြောင့်ဖြစ်ကြောင်း သိရသည်။
ဆင်းရဲမွဲတေမှု လျှော့ချဖို့ ချေးငွေပိုလိုချင်လားလို့ မေးရင် လူတိုင်းကတော့ ချေးငွေပိုလိုချင်မှာပဲ။ ဒါပေမဲ့ အကြွေးထူချင်လားလို့ မေးရင်တော့ ဘယ်သူမှ အကြွေးထူချင်မှာ မဟုတ်ပါဘူး။ ဆင်းရဲမွဲတေမှု လျှော့ချတဲ့အခါမှာ ချေးငွေတွေအတွက် အကြွေးတွေ ပိုထူတာကလည်း ၀န်ထုပ်ဝန်ပိုး ဖြစ်စေပါတယ် . . . . .
ယင်းအပြင် ကြိုတင်မျှော်မှန်းနိုင်ခြင်း မရှိသည့် ပုံမှန်မဟုတ်သော အစိုးရမူဝါဒ အသစ်များ၊ ပုဂ္ဂလိက အခန်းကဏ္ဍ၏ စိုက်ပျိုးရေးဆိုင်ရာ သုတေသနတွင် ရင်းနှီးမြှုပ်နှံမှု ပမာဏ နည်းပါးခြင်းနှင့် တိုးချဲ့ပညာပေး ဌာနများနှင့် တောင်သူလယ်သမားများအကြား ဆက်စပ်မှုအားနည်းခြင်း စသည့်အချက် များကြောင့်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ ဆင်းရဲမွဲတေမှုနှုန်းမှာ ရာခိုင်နှုန်း ၂၆ အထိ ရှိနေသည် ဆိုသော်လည်း အဆိုပါနှုန်းထားထက် ပိုမိုများပြားနိုင်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားခဲ့သည်။
လက်ရှိကာလတွင် ဆင်းရဲမွဲတေမှု လျှော့ချနိုင်ရန် အစိုးရအဖွဲ့မှ လုပ်ဆောင်နေပြီး ချေးငွေများ ထုတ်ချေးသည့် လုပ်ငန်းများအား လုပ်ဆောင်နေသော်လည်း ထိုသို့လုပ်ဆောင်ခြင်းအားဖြင့် ချေးငွေအတိုးများ ပိုမို ဆိုးရွားသည့် ၀န်ထုပ်ဝန်ပိုး ဖြစ်စေနိုင်ကြောင်း မီချီဂန် တက္ကသိုလ်မှ Dr. Steven Haggblade က ဆိုသည်။
"ဆင်းရဲမွဲတေမှု လျှော့ချဖို့ ချေးငွေပိုလိုချင်လားလို့ မေးရင် လူတိုင်းကတော့ ချေးငွေပိုလိုချင်မှာပဲ။ ဒါပေမဲ့ အကြွေးထူချင်လားလို့ မေးရင်တော့ ဘယ်သူမှ အကြွေးထူချင်မှာ မဟုတ်ပါဘူး။ ဆင်းရဲမွဲတေမှု လျှော့ချတဲ့ အခါမှာ ချေးငွေတွေအတွက် အကြွေးတွေ ပိုထူတာကလည်း ၀န်ထုပ်ဝန်ပိုး ဖြစ်စေပါတယ်" ဟု Dr. Steven Haggblade က ဆိုသည်။
ကျေးလက်ဒေသများတွင် ကျောင်းတက်နေသည့် လူဦးရေ၏ ရာခိုင်နှုန်း ၈၀ မှာ ကျောင်းထွက်နေ သဖြင့် ကျေးလက်ပညာရေး၏ အရေးပါမှုအား သတိပြုသင့်ပြီး စိုက်ပျိုးရေး ပညာရှင်များ မွေးထုတ်ရန် လိုအပ်နေကြောင်း သိရသည်။
အရှေ့တောင်အာရှ နိုင်ငံများတွင် အဆင်းရဲဆုံးနိုင်ငံဖြစ်သည့် မြန်မာနိုင်ငံ၏ ဆင်းရဲမွဲတေမှုနှုန်းမှာ ယခင်က ရာခိုင်နှုန်း ၃၂ အထိ ရှိနေခဲ့ပြီး လက်ရှိတွင် ရာခိုင်နှုန်း ၂၆ သို့ ကျဆင်းသွားသည် ဆိုသော်လည်း တစ်နိုင်ငံလုံးအတွက် ဆင်းရဲနွမ်းပါးမှုနှုန်းမှာ ယခုတိုင် အလွန်မြင့်မားနေဆဲဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ ဆင်းရဲမွဲတေမှုနှုန်းမှာ ကျေးလက်ဒေသများတွင် မြို့ပြဒေသများထက် နှစ်ဆခန့် မြင့်မားနေပြီး ဆင်းရဲနွမ်းပါးမှု အချိုး၏ ရာခိုင်နှုန်း ၈၅ အထိ ရှိနေကြောင်း သိရသည်။
လက်ရှိ ဆင်းရဲနွမ်းပါးမှုနှုန်းများမှာ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ် စသည့်ပြည်နယ်များတွင် အမြင့်ဆုံး ဖြစ်နေပြီး လူဦးရေထူထပ်သည့် ဧရာဝတီတိုင်း ဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီးတွင် ဆင်းရဲနွမ်းပါးမှု မြင့်မားနေကြောင်းလည်း စီးပွားရေးနှင့် လူမှုရေး ပြုပြင်ပြောင်းလဲမှုအတွက် အခြေခံမူဘောင် တွင် ဖော်ပြထားပါသည်။
အစိုးရသစ် လက်ထပ်တွင် ဆင်းရဲမွဲတေမှု လျှော့ချရေး လုပ်ငန်းစဉ်များအား အထူးပြု လုပ်ဆောင်နေပြီး ကျေး လက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး အမျိုးသား အဆင့် ဆွေးနွေးပွဲအား ၂၀၁၂ ခုနှစ်မေလ တွင် ပထမဆုံးအကြိမ်အဖြစ် ကျင်းပခဲ့ကြောင်း သိရသည်။

From...EMG

No comments:

Post a Comment