Wednesday, June 26, 2013

တရုတ်နိုင်ငံတွင် မုန်တိုင်းကြောင့် မွေးမြူရေးခြံစည်းရိုး ပျက်စီး၊ မိကျောင်း ၁၀၀ ကျော် လွတ်မြောက်သွားခဲ့

တရုတ်နိုင်ငံ ကွမ်တုံပြည်နယ် ကွမ်ကျို့မြို့တွင်းရှိ မွေးမြူရေး ခြံတစ်ခြံမှ မိကျောင်းများ မကြာသေးမီက လွတ်မြောက်သွားရာ တွေ့ရှိဖမ်းဆီးနိုင်ခြင်း မရှိသေးသဖြင့် ဒေသခံများ ထိတ်လန့် ပူပန်နေကြကြောင်း ဆင်ဟွာ သတင်းတွင် ဖော်ပြသည်။ ဒေသတွင်း သတင်းများတွင် မုန်တိုင်းကြောင့် မွေးမြူရေး ခြံစည်းရိုး
ကျိုးပေါက်ခဲ့ပြီး မိကျောင်းကောင်ရေ ၁ဝဝ ကျော်ထက်မနည်း လွတ်မြောက်သွားပြီး ဖေးမြာ မစ် အတွင်းရောက်ရှိ သွားခဲ့သည်ဟု ဖော်ပြသည်။ မွေးမြူရေးခြံပိုင်ရှင်နှင့် အာဏာပိုင် အဖွဲ့အစည်းက လွတ်မြောက်သွားသည့် မိကျောင်းကောင်ရေကို ထိုမျှလောက် မများကြောင်း ငြင်းဆန်သော်လည်း အရေအတွက် အတိအကျ ပြောဆိုခြင်းကို နှုတ်ဆိတ်နေဆဲဖြစ်သည်။ မွေးမြူရေး ခြံဝင်းကြီးအတွင်း မိကျောင်းကောင်ရေ ၁ဝဝဝဝဝ ကျော် မွေးမြူထားခဲ့ကြောင်း အာဏာပိုင်များက ဆိုသည်။ ကလေးငယ် တစ်ဦး မိကျောင်းတစ်ကောင်ကို အပြင်ဘက် တစ်နေရာတွင် မြင်ပြီးမှ စည်းရိုးကျိုးပေါက်ခြင်းကို သိကြခြင်းဖြစ်သည်။ မိကျောင်းခြောက်ကောင်ကို ပြန်လည် ဖမ်းမိကြောင်း ၊ နှစ်ကောင်မှာ ဒေသခံတို့က ဖမ်းဆီး စားသောက်ခဲ့ကြခြင်းဖြစ်ကြောင်း သတင်းအရ သိရသည်။ ကျိုးပေါက်သွားသော စည်းရိုးကို ပြန် လည်ပြုပြင်ပြီးကြောင်း နောက်တစ်ကြိမ် ယခုလို အဖြစ်မျိုး ထပ်မံ မပေါ်ပေါက်နိုင်တော့ကြောင်း ခြံပိုင်ရှင် မိုက ပြောကြားခဲ့သည်။ (ဆင်ဟွာ)

No comments:

Post a Comment