Wednesday, June 19, 2013

မြန်မာ အလုပ်သမားတွေကို မလေးရှားနိုင်ငံမှာမပို့ဖို့ အစိုးရညွှန်ကြား

မြန်မာ အလုပ်သမားတွေကို မလေးရှားနိုင်ငံမှာမပို့ဖို့ အစိုးရညွှန်ကြား
Wednesday, June 19, 2013

မလေးရှားနိုင်ငံမှာ မြန်မာနိုင်ငံသားတချို့တိုက်ခိုက်ခံခဲ့ရပြီးနောက်
မြန်မာအလုပ်သမားတွေကို မလေးရှားနိုင်ငံကို မပို့ဖို့ မြန်မာ အလုပ်သမား၊ အလုပ်အကိုင်နဲ့ လူမှုဖူလုံရေး ဝန်ကြီးဌာနက ပြီးခဲ့တဲ့ တပတ်က ညွန်ကြားထားပါတယ်။

မလေးရှားနိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်နိုင်ဖို့ ကြားနေအဖြစ် ဆောင်ရွက်ပေးတဲ့ အလုပ်သမား အေဂျင်စီတွေကို ညွန်ကြားထားတာဖြစ်ကြောင်း မြန်မာသတင်းတွေမှာ ဖော်ပြထားပါတယ်။ ဒီလို ညွန်ကြားချက်တွေက ယာယီသာဖြစ်မယ်လို့ ယူဆပြီး အခြေအနေ ငြိမ်သက်လာတဲ့အခါ ပြန်လည်ပို့ဆောင်နိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။

မလေးရှားနိုင်ငံမှာ မြန်မာအလုပ်သမား အယောက်ပေါင်း ၃၀၀၀၀၀ လောက်ရှိပြီး အဲဒီထဲမှာ တရားဝင်တဲ့သူရော တရားမဝင်တဲ့ သူတွေပါ ပါဝင်ပါတယ်။ အဲ့ဒါ့အပြင် မလေးရှားနိုင်ငံမှာ ကုလသမဂ္ဂက ဒုက္ခသည်အဖြစ် အသိအမှတ်ပြုထားတဲ့ မြန်မာဒုက္ခသည် အယောက်ပေါင်း တစ်သိန်းနီးပါးလည်းရှိနေပါတယ်။

မြန်မာနိုင်ငံသားတွေအနေနဲ့ မလေးရှားနိုင်ငံက စိုက်ပျိုးရေး၊ ဆောက်လုပ်ရေးနဲ့ တခြားကုန်ထုတ်လုပ်ငန်းတွေမှာ တရားဝင်အလုပ်လုပ်ကိုင်ခွင့် ရရှိကြောင်းလည်း သိရပါတယ်။ မလေးရှားနိုင်ငံမှာ မြန်မာနိုင်ငံက လူတွေအချင်းချင်းကြား ဖြစ်ခဲ့တဲ့ ပဋိပက္ခကြောင့် လူ ၆ ယောက်လောက်သေဆုံးခဲ့ရပြီး လုံခြုံရေးအတွက် စိုးရိမ်လို့ မြန်မာနိုင်ငံကို ပြန်လာကြသူတွေလည်း ရာကျော်ရှိသွားပြီ ဖြစ်ပါတယ်။

ပဋိပက္ခတွေကြောင့် မလေးရှားအစိုးရက မြန်မာနိုင်ငံသား အယောက် ၁၀၀၀ လောက်ကို ဖမ်းဆီး မေးမြန်းပြီးနောက် အယောက် ၂၀၀ လောက်ကိုတော့ ဆက်လက်ထိန်းသိမ်းခဲ့ပါတယ်။ အဲဒီထဲက အယောက် ၅၀ ကိုတော့ ဒုက္ခသည်ကဒ်ပြားအတု ကိုင်ဆောင်မှုနဲ့ တရားစွဲဆိုထားကြောင်း မလေးရှားနိုင်ငံထုတ် The Star သတင်းမှာ ဖော်ပြထားပါတယ်။

ဒါပေမယ့် တရားစွဲခံရတဲ့ မြန်မာတွေက သူတို့ ကိုင်ဆောင်ထားတဲ့ ကဒ်ပြားတွေဟာ စစ်မှန်ကြောင်း ထွက်ဆိုကြတဲ့အတွက် ဇူလိုင်လ တစ်ရက်နေ့မှာ တရားရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ သူတို့ကို ပြစ်မှုထင်ရှားတွေ့ရှိမယ်ဆိုရင် မလေးရှားရင်းဂစ် တစ်သောင်း၊ ဒါမှမဟုတ် ထောင်ဒဏ် ၅ နှစ် ဒါမှမဟုတ် ကြိမ်ဒဏ် ၆ ချက် ချမှတ် ခံရဖွယ်ရှိတယ်လို့လည်း ဖော်ပြထားပါတယ်။

တဆက်ထဲမှာပဲ မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားတွေကို တခြားနိုင်ငံသားတွေနည်းတူ စောင့်ရှောက်ခံရဖို့အတွက် တောင်းဆိုတဲ့အနေနဲ့ မြန်မာလူမှုဖွံ့ဖြိုးတိုးတက်ရေးကွန်ယက်က မြန်မာနိုင်ငံရှိ မလေးရှားသံရုံးမှာ ဆန္ဒပြဖို့ ခွင့်တောင်းပေမယ့် ခွင့်ပြုချက်မရတဲ့အကြောင်း ဒီကိစ္စကို ဖြေရှင်းဖို့ မြန်မာဝန်ကြီးတချို့ မလေးရှားနိုင်ငံကို သွားရောက်ပြီဆိုတဲ့အကြောင်း အာဏာပိုင်တွေက အကြောင်းကြားခဲ့တယ်လို့ မိဇ္ဈမ သတင်းမှာ ဖော်ပြထားပါတယ်။

radioaustralia
မလေးရှားရဲတွေဖမ်းဆီးခံရတဲ့မြန်မာအလုပ်သမားများ
မလေးရှားနိုင်ငံမှာ မြန်မာနိုင်ငံသားတချို့တိုက်ခိုက်ခံခဲ့ရပြီးနောက် မြန်မာအလုပ်သမားတွေကို မလေးရှားနိုင်ငံကို မပို့ဖို့ မြန်မာ အလုပ်သမား၊ အလုပ်အကိုင်နဲ့ လူမှုဖူလုံရေး ဝန်ကြီးဌာနက ပြီးခဲ့တဲ့ တပတ်က ညွန်ကြားထားပါတယ်။

မလေးရှားနိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်နိုင်ဖို့ ကြားနေအဖြစ် ဆောင်ရွက်ပေးတဲ့ အလုပ် သမား အေဂျင်စီတွေကို ညွန်ကြားထားတာဖြစ်ကြောင်း မြန်မာသတင်းတွေမှာ ဖော်ပြထားပါတယ်။ ဒီလို ညွန်ကြားချက်တွေက ယာယီသာဖြစ်မယ်လို့ ယူဆပြီး အခြေအနေ ငြိမ်သက်လာတဲ့ အခါ ပြန်လည်ပို့ဆောင်နိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။

မလေးရှားနိုင်ငံမှာ မြန်မာအလုပ်သမား အယောက်ပေါင်း ၃၀၀၀၀၀ လောက်ရှိပြီး အဲဒီထဲမှာ တရားဝင်တဲ့သူရော တရားမဝင်တဲ့ သူတွေပါ ပါဝင်ပါတယ်။ အဲ့ဒါ့အပြင် မလေးရှားနိုင်ငံမှာ ကုလသမဂ္ဂက ဒုက္ခသည်အဖြစ် အသိအမှတ်ပြုထားတဲ့ မြန်မာဒုက္ခသည် အယောက်ပေါင်း တစ်သိန်းနီးပါးလည်း ရှိနေပါတယ်။

မြန်မာနိုင်ငံသားတွေအနေနဲ့ မလေးရှားနိုင်ငံက စိုက်ပျိုးရေး၊ ဆောက်လုပ်ရေးနဲ့ တခြားကုန်ထုတ် လုပ်ငန်းတွေမှာ တရားဝင်အလုပ်လုပ်ကိုင်ခွင့် ရရှိကြောင်းလည်း သိရပါတယ်။ မလေးရှားနိုင်ငံ မှာ မြန်မာနိုင်ငံက လူတွေအချင်းချင်းကြား ဖြစ်ခဲ့တဲ့ ပဋိပက္ခကြောင့် လူ ၆ ယောက်လောက်သေဆုံးခဲ့ရပြီး လုံခြုံရေးအတွက် စိုးရိမ်လို့ မြန်မာနိုင်ငံကို ပြန်လာကြသူတွေလည်း ရာကျော်ရှိသွားပြီ ဖြစ်ပါတယ်။

ပဋိပက္ခတွေကြောင့် မလေးရှားအစိုးရက မြန်မာနိုင်ငံသား အယောက် ၁၀၀၀ လောက်ကို ဖမ်းဆီး မေးမြန်းပြီးနောက် အယောက် ၂၀၀ လောက်ကိုတော့ ဆက်လက်ထိန်းသိမ်းခဲ့ပါတယ်။ အဲဒီထဲက အယောက် ၅၀ ကိုတော့ ဒုက္ခသည်ကဒ်ပြားအတု ကိုင်ဆောင်မှုနဲ့ တရားစွဲဆိုထားကြောင်း မလေးရှားနိုင်ငံ ထုတ် The Star သတင်းမှာ ဖော်ပြထားပါတယ်။

ဒါပေမယ့် တရားစွဲခံရတဲ့ မြန်မာတွေက သူတို့ ကိုင်ဆောင်ထားတဲ့ ကဒ်ပြားတွေဟာ စစ်မှန်ကြောင်း ထွက်ဆိုကြတဲ့အတွက် ဇူလိုင်လ တစ်ရက်နေ့မှာ တရားရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ သူတို့ကို ပြစ်မှု ထင်ရှားတွေ့ရှိမယ်ဆိုရင် မလေးရှားရင်းဂစ် တစ်သောင်း၊ ဒါမှမဟုတ် ထောင်ဒဏ် ၅ နှစ် ဒါမှမဟုတ် ကြိမ်ဒဏ် ၆ ချက် ချမှတ် ခံရဖွယ်ရှိတယ်လို့လည်း ဖော်ပြထားပါတယ်။

တဆက်ထဲမှာပဲ မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားတွေကို တခြားနိုင်ငံသားတွေ နည်းတူ စောင့်ရှောက်ခံရဖို့အတွက် တောင်းဆိုတဲ့အနေနဲ့ မြန်မာလူမှုဖွံ့ဖြိုးတိုးတက်ရေးကွန်ယက် က မြန်မာနိုင်ငံရှိ မလေးရှားသံရုံးမှာ ဆန္ဒပြဖို့ ခွင့်တောင်းပေမယ့် ခွင့်ပြုချက်မရတဲ့အကြောင်း ဒီကိစ္စကို ဖြေရှင်းဖို့ မြန်မာဝန်ကြီးတချို့ မလေးရှားနိုင်ငံကို သွားရောက်ပြီဆိုတဲ့အကြောင်း အာဏာပိုင်တွေက အကြောင်းကြားခဲ့တယ်လို့ မိဇ္ဈမ သတင်းမှာ ဖော်ပြထားပါတယ်။

radioaustralia
မလေးရှားရဲတွေဖမ်းဆီးခံရတဲ့မြန်မာအလုပ်သမားများ

No comments:

Post a Comment