Wednesday, June 19, 2013

သွေးသွင်းသူ လူနာလေးဦး HIV ပိုး ကူးစက် ခံခဲ့ရခြင်းကြောင့် တာဝန်ရှိသူများ အလုပ်ဖြုတ်ခံရ


အိန္ဒိယနိုင်ငံ အာသံပြည်နယ် ဂူဝါဟာတီမြို့ရှိ သွေးလှူဘဏ် တစ်ခုမှ သွေးများကို သွင်းမိ ရာမှ သွေး
သွင်းသူ လူနာလေးဦးတွင် HIV ပိုး ကူးစက် ခံခဲ့ရခြင်းကြောင့် အဆိုပါ သွေးလှူဘဏ်၏ အကြီးအကဲနှင့် ဓာတ်ခွဲခန်းပညာရှင်နှစ်ဦးကို ဒါရန်ခရိုင်ရှိ အာဏာပိုင်များက ဇွန် ၁၆ ရက်တွင် အလုပ်ဖြုတ်ခဲ့သည်ဟု သိရသည်။
အဆိုပါ ဆေးရုံမှာ Mongaldal ပြည်သူ့ ဆေးရုံဖြစ်ပြီး ဆေးရုံ၏ သွေးလှူဘဏ်မှ အကြီးအကဲဖြစ်သူ ဂျီတန်ဆာဟာရီရာ၊ ဓာတ်ခွဲခန်း ပညာရှင်နှစ်ဦး ဖြစ်သူ ရန်ဂျစ် ချန်ဒရာ ဒီကာနှင့် ပက်မက်ဟာဘာရာတို့ သုံးဦးသည် တာဝန် ပေါ့ဆမှုအတွက် အလုပ်ဖြုတ် ခံခဲ့ရခြင်း ဖြစ်သည်။ အဆိုပါ အမှုသည် အာသံပြည်နယ် အစိုးရထံသို့ တိုက်ရိုက် ရောက်ရှိ သွားခဲ့ပြီး စုံစမ်းထောက်လှမ်းမှု အဆင့်ဆင့်ကို ပြု လုပ်ပြီးနောက်တွင် ယင်းအမှုကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ရန် ဇွန် ၁၅ ရက်က အာသံပြည်နယ် ဝန်ကြီးချုပ် တရွန်ဂိုဂွိုင်က အမိန့် ပေးခဲ့သည်ဟု သိရသည်။   
From...မြ၀တီ           

No comments:

Post a Comment