Sunday, June 2, 2013

လွိုင်လင်လေး ကျေးရွာ တွင် ကေအင်န် ပီပီမှ ဆက်ကြေး ကောက်ခံလျက် ရှိကြောင်း ကျေးရွာ လူထုများ ထံမှ သတင်း ရရှိ

လွိုင်လင် လေးကျေးရွာမှ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးထွန်းနိုင်၊ ရပ်ကွက်(၄) အုပ်ချုပ် ရေးမှူး ဦးကိုကိုနှင့် ရပ်ကွက်(၆) အုပ်ချုပ် ရေးမှူး ဦးစိုးနိုင်တို့မှ ၂၀၁၃ ခုနှစ်၊ မေလ ၂၇ ရက်နေ့ နံနက် ၁၁ နာရီအချိန်ခန့်တွင်  လွိုင်လင်လေး ကျေးရွာရှိ နယ်မြေခံ တပ်ရင်းသို့ လာရောက်သတင်းပို့ ခဲ့သည်။

သတင်းပို့ရခြင်းအကြောင်းအရင်းမှာ ကေအင်န်ပီပီ အဖွဲ့မှ နယ်မြေ စည်းရုံးရေးမှူး ဖြစ်သူ စည်းရယ် ခေါင်းဆောင် အင်အား ၃ ဦးခန့်သည် ထီးဝဲဓါး ကျေးရွာ အုပ်စု၊ ၀မ်ခိုင်းကျေးရွာသို့ ရောက်ရှိလာပြီး လွိုင်လင်လေး ကျေးရွာ အုပ်ချုပ်ရေး မှူးအား ခေါ်ယူ တွေ့ဆုံကာ ကေအင်န်ပီပီ အဖွဲ့အတွက် ကျေးရွာ အတွင်းရှိ (၄)လုံးထိုး မော်တော်ယာဉ် (၁)စီးလျင် (၂၅၀၀၀၀)၊ (၂)လုံးထိုးမော်တော်ယာဉ် (၁)စီးလျင် (၂၀၀၀၀၀)၊ ဆန်စက်(၁)လုံးလျင် (၁၀၀၀၀၀)၊ တစ်အိမ်ထောင်လျင် (၆၀၀၀)နှုန်းအား မေလ (၂၇) ရက်နေ့၌ ကောက်ခံပေးရန် အတင်းအကျပ် စေခိုင်း ခဲ့ကြောင်းနှင့် ကောက်ခံ ရရှိမှု အခြေ အနေအား ဇွန်လ (၃) ရက်နေ့တွင် ပြန်ကြားပေးရန် အတင်း အဓမ္မ စေခိုင်းခဲ့သည်။
အဆိုပါ ကောက်ခံမှုမှာ လွိုင်လင်လေး ကျေးရွာ အတွင်းရှိ ပြည်သူများအနေဖြင့် ယခင်ကလည်း ပေးသွင်းခဲ့ဘူးခြင်း မရှိကြောင်း၊ ယခု ကောက်ခံသည့် ငွေအား ပေးအပ် လိုခြင်း မရှိကြောင်းနှင့် ကန့်ကွက်ကြောင်းကို လွိုင်ကော်မြို့ရှိ ကေအင်န်ပီပီ ဆက်ဆံရေး ရုံးနှင့် ကယား ပြည်နယ် နယ်စပ် ရေးရာနှင့် လုံခြုံရေး ၀န်ကြီး ထံသို့လည်း ကန့်ကွက်စာ ပေးပို့ပြီး ဖြစ်ကြောင်း  သတင်း ရရှိသည်။

 

No comments:

Post a Comment