Sunday, June 2, 2013

ဆိုက်ဘာ စစ်ဆင်ရေး တပ်ဖွဲ့သစ် ဖွဲ့စည်းရန် တရုတ် (တိုင်ပေ) ပြင်ဆင်


တရုတ် (တိုင်ပေ) အစိုးရသည် ၎င်းတို့၏ ဝက်ဘ်ဆိုက်များ အပေါ် ဟက်ကာ များ၏ ဆိုက်ဘာ တိုက်ခိုက်မှု များအား တုံ့ပြန်သည့် အနေဖြင့် စတုတ္ထမြောက် ဆိုက်ဘာ စစ်ဆင်ရေး တပ်ဖွဲ့သစ်အား
ဇူလိုင် ၁ ရက်တွင် ဖွဲ့စည်း ဖွင့်လှစ် သွားရန် ပြင်ဆင် ဆောင်ရွက်လျက် ရှိကြောင်း တိုင်ပေ အခြေစိုက် United Evening News သတင်းစာက ရေးသား ဖော်ပြ ခဲ့သည်ဟု သိရသည်။

အဆိုပါ ဆိုက်ဘာ စစ်ဆင်ရေး တပ်ဖွဲ့သစ်သည် ဆိုက်ဘာ စစ်ဆင်ရေး၊ သတင်း အချက် အလက်နှင့် ဆက်နွှယ်သည့် အထူး လုပ်ငန်း များကို တာဝန်ယူ ထားသည့် တရုတ် (တိုင်ပေ) စစ်ဘက် တပ်ဖွဲ့ များ၏ စတုတ္ထမြောက် ဆိုက်ဘာ စစ်ဆင်ရေး တပ်ဖွဲ့ ဖြစ်လာမည် ဖြစ်ကြောင်း အဆိုပါ သတင်းစာက ရေးသား ဖော်ပြခဲ့သည်။  သို့ရာတွင် ကာကွယ်ရေး ဝန်ကြီး ဌာနသည် အဆိုပါ သတင်းနှင့် ပတ်သက်၍   ထင်မြင်ချက် ပေးရန်  ငြင်းဆို ခဲ့ကြောင်း သိရသည်။
တရုတ် (တိုင်ပေ) အစိုးရ ဝက်ဘ်ဆိုက် များသည် တရုတ် ပြည်မကြီးနှင့် ၎င်းတို့ အကြား အငြင်းပွား နေစဉ် တရုတ် နိုင်ငံ ဘက်မှ ပြုလုပ်သည့် ဆိုက်ဘာ တိုက်ခိုက် မှုကို မကြာခဏ ခံရလေ့ ရှိကြောင်း စစ်ဘက် တာဝန် ရှိသူ များက ပြောကြား ခဲ့သည်။

 

No comments:

Post a Comment