Wednesday, June 5, 2013

မြန်မာ့ ပုဂ္ဂလိကပြန်ပြည့်မြဲစွမ်းအင် ကဏ္ဍ ပံ့ပိုးရန် လိုဟု ထိုင်း ပညာရှင် တို့ အကြံပြု

Photo: မြန်မာ့ပုဂ္ဂလိကပြန်ပြည့်မြဲစွမ်းအင်ကဏ္ဍ ပံ့ပိုးရန်လိုဟု ထိုင်းပညာရှင်တို့ အကြံပြု
Wednesday, June 05, 2013

မြန်မာနိုင်ငံ၏လျှပ်စစ်စွမ်းအင်လိုအပ်ချက်အား ဖြည့်ဆည်းရာ၌ ပြန်ပြည့် မြဲ စွမ်းအင်ကဏ္ဍမှာ အားကောင်းသည့်အတွက် မြန်မာအစိုးရအနေဖြင့် အဆိုပါကဏ္ဍ၌ ပံ့ပိုးပေးသင့်ကြောင်း ထိုင်း စွမ်းအင်ပညာရှင်တို့က ဆိုသည်။

အာဆီယံဒေသတွင်း စိုက်ပျိုးရေးနိုင်ငံများအဖြစ် ရပ်တည်နေကြသည့် လာအို၊ ကမ္ဘောဒီယားနှင့် မြန်မာနိုင်ငံ၌ ဇီဝလောင်စာအဖြစ် အသုံးပြုနိုင်ရန် စိုက်ပျိုးရေး စွန့်ပစ်ပစ္စည်းများစွာ ကျန်ရှိနေသေး သည့်အတွက် ထိုင်းစွမ်း အင်ဝန်ကြီးဟောင်က ယခုကဲ့သို့ မြန်မာမီဒီယာသမားများနှင့် ဘန်ကောက် ၌ တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

“ မဟာဓါတ်အားလိုင်း မရှိတဲ့နေရာတွေမှာ လျှပ်စစ်စွမ်းအင်ဖြန့်ဖြူးဖို့ဆိုတာ၊ စရိတ်စက ကြီးမား လွန်းပါတယ်၊ ခင်ဗျားတို့ မျက်စိလျှံနေတာပါ၊ စိုက် ပျိုးရေးနိုင်ငံဖြစ်တဲ့အတွက် အသုံးပြုနိုင်တဲ့ ပစ္စည်းတွေက နည်းပညာသစ် စိုက်ပျိုးရေးစွန့်ပစ် ပစ္စည်းတွေ သုံးနိုင်အောင် လုပ်ပေးထားတာ ရှိတယ်” ဟု မြန်မာနိုင်ငံမှ နှစ်စဉ် စွမ်းအင်(၃၀)ရာနှုန်းဝန်းကျင် ၀ယ်ယူနေရသည့် ထိုင်းနိုင်ငံမှ ထိုင်းစွမ်းအင်ဝန်ကြီးဟောင်း Mr Piyasawat Ammaranan က ပြောကြားခဲ့ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံအနေဖြင့် လျှပ်စစ်မီးသုံးစွဲရာ၌ ၈၀%မှာ ရုပ်ကြွင်းလောင်စာသုံးစွဲ၍ ကျန် ၂၀%သာ ပြန်ပြည့်မြဲစွမ်းအင်အပါအ၀င် အခြားနည်းလမ်းများမှရရှိ သည့် လောင်စာသုံးစွဲနေရကြောင်းကိုလည်း သိရသည်။

၂၀၁၂ခုနှစ်အတွင်း မြန်မာနိုင်ငံအတွင်း၌ အမြင့်ဆုံးသုံးစွဲခဲ့သည့် လျှပ်စစ်စွမ်း အား ပမာဏမှာ ၁၇၅၀ မဂ္ဂါဝပ်ရှိသည်ဟု မြန်မာ့လျှပ်စစ်စွမ်း အားဝန်းကြီး ဌာနက သတင်းထုတ်ပြန်သည်။

မြန်မာ့လျှပ်စစ်စွမ်းအင်ကဏ္ဍ၌ မဟာဓါတ်အားလိုင်းမှ ၂၃% ၀န်းကျင်နှင့် အခြားပုဂ္ဂလိက လျှပ်စစ်ဓါတ်အား ပေးလုပ်ငန်းများမှ ၇၇%၊ လျှပ်စစ်ဓါတ် အား ထုတ်လုပ်လျှက်ရှိကြောင်းနှင့် ၄၆၀၀၀ မဂ္ဂါဝပ်အား ပြည်ပသို့ တင်ပို့ရန် ရည်ရွယ်ထားသည်ဟု အာရှဖွံဖြိုးရေးဘဏ်(ADB)မှ ထုတ်ပြန်သည့် အာဆီယံနိုင်ငံများ စွမ်းအင် ကဏ္ဍဆိုင်ရာ စာရင်းများအရ သိရသည်။

‘မြန်မာနိုင်ငံအနေနဲ့ ပြည်ပကို တင်ပို့လို့ရရှိလာမယ့် နိုင်ငံခြားဝင်ငွေတွေကို သီးသန့်ပြန်ညှိနှိုင်းပြီး လူမှုအဖွဲ့အစည်း(NGO)နဲ့ အခြား ပုဂ္ဂလိက စွမ်းအင် ထုတ်လုပ်တဲ့ကဏ္ဍတွေမှာ ပံ့ပိုးပေးသင့်တယ်”ဟု ထိုင်းနိုင်ငံအခြေစိုက် MEENet အဖွဲ့မှ ဒါရိုက်တာ Witoon Perimpongsacharoen က အကြံပြုပြောကြား ခဲ့သည်။

ထိုင်းအစိုးရမှာ ပြန်ပြည့်မြဲစွမ်းအင်ထုတ်လုပ်သည့် အကြီးစားမှအသေးစား အထိ စက်မှုလုပ်ငန်းပေါင်း (၁၀၀)ကျော် ထောက်ပံ့ပေးထားသည်ဟု ထိုင်းနိုင်ငံ SME Feed Maill စက်ရုံပိုင်ရှင် ဦးစွမ်ဆိုင်းက ဆိုသည်။

“ကျွန်တော်တို့ ဒီလိုလုပ်နိုင်တာက အခြားသဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေလို့ အစိုးရပံ့ပိုးပေးလို့ လုပ်နိုင်တာပါ၊ ခင်ဗျားတို့နိုင်ငံမှာ ဒီလိုလုပ်ငန်းမျိုးတွေ လုပ်သင့်လို့ ကျွန်တော်ကိုယ်တိုင် ရှင်းပြ နေရတာပါ”ဟု ၀က်စာများအား ဇီဝစွမ်းအင်ဖြင့် (၁၅)နှစ်ကြာ ထုတ်လုပ်ခဲ့သူ ဦးစွမ်ဆိုင်းက ပြော သည်။

အဆိုပါစက်ရုံမှ ၀က်မစင်နှင့်ကဇော်မှရရှိသည့် ဓါတ်ငွေ့မှာ အခြားဓါတ်ငွေ့ များထက် အရည်အသွေး ပိုမိုကောင်းမွန်ကြောင်း၊ ဇီဝဓါတ်ငွေ့အဖြစ် အသုံးပြုပြီးသည့် အညစ်အကြေးများအား ဓါတ်မြေသြဇာ အဖြစ် ပြန်လည်အသုံးပြုနိုင်ကြောင်း တွေ့ရသည်။

၎င်းတိရစ္ဆာန်အစာစက်ရုံအား ၀က်အကောင်ရေ (၁)သိန်းမှ စွန့်ထုတ်သည့် မစင်ကို အသုံးပြု၍ Bio Gas တစ်နေ့လျှင် လျှပ်စစ်စွမ်းအား 2 Mw ထုတ်လုပ်နိုင်ကြောင်းနှင့် ၄င်းတို့အနေဖြင့် ၀က်မစင်နှင့် မြက်ရိုင်း ရှည်များ အား အသုံးပြု၍စွမ်းအင်ထုတ်လုပ်နိုင်ရန် စီစဉ်နေကြောင်းကိုလည်း သိရသည်။

လက်ရှိ ၀က်မစင်နှင့် ပြောင်းရောစပ်အသုံးပြုကာ ဇီဝဓါတ်ငွေ့ထုတ်လုပ်နေ သည့် ဂျာမဏီနိုင်ငံမှာ ၄င်းတို့နိုင်ငံအတွင်း သုံးစွဲနေသော စွမ်းအင် အားလုံး ကို ဇီဝဓါတ်ငွေ့သုံး ပြန်ပြည့်မြဲစွမ်းအင်စနစ် သို့ ပြောင်းလဲအ သုံးပြုနိုင်ရေး မျှော်မှန်းထားကြောင်းကိုလည်း သိရသည်။

“ဂျာမဏီနိုင်ငံက နျူကလီယားစွမ်အင်ထုတ်လုပ်တာကို ရပ်ဆိုင်းပြီး Renewable Energy ပြောင်းလဲ အသုံးပြုတော့မယ်ဆိုတာ Time Lineနဲ့တကွ ကြေညာထားတယ်လို့ သိရတယ်”ဟု ဘန်ကောက်ပို့စ် သတင်းစာမှ ဒုတိယ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သတင်းအယ်ဒီတာ ၀က်ဆန်က ဆိုသည်။

ဖန်လုံအိမ်အာနိသင် အများဆုံးလျော့ချနိုင်သည့် အဆိုပါ ဇီဝစွမ်းအင် ထုတ်လုပ်မှုဆိုင်ရာ နည်းပညာမှာ နိုင်ငံတကာဈေး ကွက်အတွင်း ၌ ရေရှည်တွင် အလုပ်ဖြစ်လာနိုင်သည်ဟု SME အစာစက်ရုံ ဦးစွမ်ဆိုင်း ကဆိုသည်။

ဗိုဟိန်( မြစ်မခ)/မြန်မာခရိုနီကယ်
မြန်မာနိုင်ငံ၏လျှပ်စစ်စွမ်းအင်လိုအပ်ချက်အား ဖြည့်ဆည်းရာ၌ ပြန်ပြည့် မြဲ စွမ်းအင်ကဏ္ဍမှာ အားကောင်း သည့် အတွက် မြန်မာအစိုးရအနေဖြင့် အဆိုပါကဏ္ဍ၌ ပံ့ပိုးပေးသင့်ကြောင်း ထိုင်း စွမ်းအင်ပညာရှင်တို့က ဆိုသည်။

အာဆီယံဒေသတွင်း စိုက်ပျိုးရေးနိုင်ငံများအဖြစ် ရပ်တည်နေကြသည့် လာအို၊ ကမ္ဘောဒီယားနှင့် မြန် မာနိုင်ငံ ၌ ဇီဝလောင်စာအဖြစ် အသုံးပြုနိုင်ရန် စိုက်ပျိုးရေး စွန့်ပစ်ပစ္စည်းများစွာ ကျန်ရှိနေသေးသည့် အတွက် ထိုင်းစွမ်း အင်ဝန်ကြီးဟောင်က ယခုကဲ့သို့ မြန်မာမီဒီယာသမားများနှင့် ဘန်ကောက်၌ တွေ့ ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

“ မဟာဓါတ်အားလိုင်း မရှိတဲ့နေရာတွေမှာ လျှပ်စစ်စွမ်းအင်ဖြန့်ဖြူးဖို့ဆိုတာ၊ စရိတ်စက ကြီးမားလွန်း ပါတယ်၊ ခင်ဗျားတို့ မျက်စိလျှံနေတာပါ၊ စိုက်ပျိုးရေးနိုင်ငံဖြစ်တဲ့အတွက် အသုံးပြုနိုင်တဲ့ ပစ္စည်းတွေက နည်းပညာသစ် စိုက်ပျိုးရေးစွန့်ပစ် ပစ္စည်းတွေ သုံးနိုင်အောင် လုပ်ပေးထားတာ ရှိတယ်” ဟု မြန်မာနိုင်ငံ မှ နှစ်စဉ် စွမ်းအင်(၃၀)ရာနှုန်းဝန်းကျင် ၀ယ်ယူနေရသည့် ထိုင်းနိုင်ငံမှ ထိုင်းစွမ်းအင်ဝန်ကြီးဟောင်း Mr Piyasawat Ammaranan က ပြောကြားခဲ့ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံအနေဖြင့် လျှပ်စစ်မီးသုံးစွဲရာ၌ ၈၀%မှာ ရုပ်ကြွင်းလောင်စာသုံးစွဲ၍ ကျန် ၂၀%သာ ပြန်ပြည့်မြဲ စွမ်းအင်အပါအ၀င် အခြားနည်းလမ်းများမှရရှိ သည့် လောင်စာ သုံးစွဲနေရကြောင်း ကိုလည်း သိရသည်။

၂၀၁၂ခုနှစ်အတွင်း မြန်မာနိုင်ငံအတွင်း၌ အမြင့်ဆုံးသုံးစွဲခဲ့သည့် လျှပ်စစ်စွမ်းအား ပမာဏမှာ ၁၇၅၀ မဂ္ဂါဝပ်ရှိသည်ဟု မြန်မာ့လျှပ်စစ်စွမ်း အားဝန်းကြီး ဌာနက သတင်းထုတ်ပြန်သည်။

မြန်မာ့လျှပ်စစ်စွမ်းအင်ကဏ္ဍ၌ မဟာဓါတ်အားလိုင်းမှ ၂၃% ၀န်းကျင်နှင့် အခြားပုဂ္ဂလိက လျှပ်စစ်ဓါတ် အား ပေးလုပ်ငန်းများမှ ၇၇%၊ လျှပ်စစ်ဓါတ် အား ထုတ်လုပ်လျှက်ရှိကြောင်းနှင့် ၄၆၀၀၀ မဂ္ဂါဝပ် အား ပြည်ပသို့တင်ပို့ရန် ရည်ရွယ်ထားသည်ဟု အာရှဖွံဖြိုးရေးဘဏ်(ADB)မှ ထုတ်ပြန်သည့် အာဆီယံနိုင်ငံ များ စွမ်းအင် ကဏ္ဍဆိုင်ရာ စာရင်းများအရ သိရသည်။

‘မြန်မာနိုင်ငံအနေနဲ့ ပြည်ပကို တင်ပို့လို့ရရှိလာမယ့် နိုင်ငံခြားဝင်ငွေတွေကို သီးသန့်ပြန်ညှိနှိုင်းပြီး လူမှုအဖွဲ့ အစည်း(NGO)နဲ့ အခြားပုဂ္ဂလိကစွမ်းအင် ထုတ်လုပ်တဲ့ကဏ္ဍတွေမှာ ပံ့ပိုးပေးသင့်တယ်”ဟု ထိုင်းနိုင်ငံ အခြေစိုက် MEENet အဖွဲ့မှ ဒါရိုက်တာ Witoon Perimpongsacharoen က အကြံပြုပြောကြားခဲ့သည်။

ထိုင်းအစိုးရမှာ ပြန်ပြည့်မြဲစွမ်းအင်ထုတ်လုပ်သည့် အကြီးစားမှအသေးစားအထိ စက်မှုလုပ်ငန်းပေါင်း (၁၀၀)ကျော် ထောက်ပံ့ပေးထားသည်ဟု ထိုင်းနိုင်ငံ SME Feed Maill စက်ရုံပိုင်ရှင် ဦးစွမ်ဆိုင်းက ဆိုသည်။

“ကျွန်တော်တို့ ဒီလိုလုပ်နိုင်တာက အခြားသဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေလို့ အစိုးရပံ့ပိုးပေးလို့ လုပ်နိုင်တာပါ၊ ခင်ဗျားတို့နိုင်ငံမှာ ဒီလိုလုပ်ငန်းမျိုးတွေ လုပ်သင့်လို့ ကျွန်တော်ကိုယ်တိုင် ရှင်းပြနေရတာ ပါ”ဟု ၀က်စာများအား ဇီဝစွမ်းအင်ဖြင့် (၁၅)နှစ်ကြာ ထုတ်လုပ်ခဲ့သူ ဦးစွမ်ဆိုင်းက ပြောသည်။

အဆိုပါစက်ရုံမှ ၀က်မစင်နှင့်ကဇော်မှရရှိသည့် ဓါတ်ငွေ့မှာ အခြားဓါတ်ငွေ့များထက် အရည်အသွေး ပိုမိုကောင်းမွန်ကြောင်း၊ ဇီဝဓါတ်ငွေ့အဖြစ် အသုံးပြုပြီးသည့် အညစ်အကြေးများအား ဓါတ်မြေသြဇာ အဖြစ် ပြန်လည်အသုံးပြုနိုင်ကြောင်း တွေ့ရသည်။

၎င်းတိရစ္ဆာန်အစာစက်ရုံအား ၀က်အကောင်ရေ (၁)သိန်းမှ စွန့်ထုတ်သည့် မစင်ကို အသုံးပြု၍ Bio Gas တစ်နေ့လျှင် လျှပ်စစ်စွမ်းအား 2 Mw ထုတ်လုပ်နိုင်ကြောင်းနှင့် ၄င်းတို့အနေဖြင့် ၀က်မစင်နှင့် မြက်ရိုင်း ရှည်များ အား အသုံးပြု၍စွမ်းအင်ထုတ်လုပ်နိုင်ရန် စီစဉ်နေကြောင်းကိုလည်း သိရသည်။

လက်ရှိ ၀က်မစင်နှင့် ပြောင်းရောစပ်အသုံးပြုကာ ဇီဝဓါတ်ငွေ့ထုတ်လုပ်နေ သည့် ဂျာမဏီနိုင်ငံမှာ ၄င်းတို့နိုင်ငံအတွင်း သုံးစွဲနေသော စွမ်းအင် အားလုံး ကို ဇီဝဓါတ်ငွေ့သုံး ပြန်ပြည့်မြဲစွမ်းအင်စနစ် သို့ ပြောင်းလဲအသုံးပြုနိုင်ရေး မျှော်မှန်းထားကြောင်းကိုလည်း သိရသည်။

“ဂျာမဏီနိုင်ငံက နျူကလီယားစွမ်အင်ထုတ်လုပ်တာကို ရပ်ဆိုင်းပြီး Renewable Energy ပြောင်းလဲ အသုံးပြုတော့မယ်ဆိုတာ Time Lineနဲ့တကွ ကြေညာထားတယ်လို့ သိရတယ်”ဟု ဘန်ကောက်ပို့စ် သတင်းစာမှ ဒုတိယ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သတင်းအယ်ဒီတာ ၀က်ဆန်က ဆိုသည်။

ဖန်လုံအိမ်အာနိသင် အများဆုံးလျော့ချနိုင်သည့် အဆိုပါ ဇီဝစွမ်းအင် ထုတ်လုပ်မှုဆိုင်ရာ နည်းပညာ မှာ နိုင်ငံတကာဈေး ကွက်အတွင်း ၌ ရေရှည်တွင် အလုပ်ဖြစ်လာနိုင်သည်ဟု SME အစာစက်ရုံ ဦးစွမ်ဆိုင်း ကဆိုသည်။

ဗိုဟိန်( မြစ်မခ)/မြန်မာခရိုနီကယ်

No comments:

Post a Comment