Thursday, June 20, 2013

ရန်ကုန်မြို့တော်တွင် ပျမ်းမျှနှစ်စဉ် လူဦးရေ ၂ ဒသမ ၅၈ ရာခိုင်နှုန်း တိုးနေပြီး လာမည့် ၂၀၄၀ တွင် လူဦးရေ ၁၁ ဒသမ ၇၃ သန်းအထိ ရှိလာနိုင်မည်ဟု တွက်ချက်ထား

လက်ရှိလူဦးရေ ခြောက်သန်းနီးပါး နေထိုင်သော ရန်ကုန်မြို့တော်တွင် ပျမ်းမျှနှစ်စဉ် လူဦးရေ ၂ ဒသမ
၅၈ ရာခိုင်နှုန်း တိုးနေပြီးလာမည့် ၂၀၄၀ ခုနှစ်တွင် လူဦးရေ ၁၁ ဒသမ ၇၃ သန်း အထိ ရောက်ရှိ လာနိုင် မည်ဟု "မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးမှု မဟာဗျူဟာ စီမံကိန်း" တွင် တွက်ချက်ထားမှုအရ သိရသည်။
ယင်းသို့ နှစ်စဉ် လူဦးရေတိုးနှုန်း ၂ ဒသမ ၅၈ ရာခိုင်နှုန်းမှာ ၁၉၉၈ ခုနှစ်နှင့် ၂၀၁၁ ခုနှစ်ကြား ကာလ များတွင် တိုးပွားသော နှုန်းများကို အခြေခံထားခြင်း ဖြစ်ကြောင်း သိရသည်။ ရန်ကုန်မြို့တော်၏ လူဦးရေမှာ ၁၉၉၈ ခုနှစ်တွင် ၂ ဒသမ ၄ သန်းသာ ရှိခဲ့ရာမှ ၂၀၁၁ ခုနှစ်တွင် လူဦးရေ ၅ ဒသမ ၁၄ သန်း အထိ တိုးပွားလာခဲ့ကြောင်း သိရသည်။
ထို့အတွက် လက်ရှိ လူဦးရေ ခြောက်သန်းနီးပါး နေထိုင်သော ရန်ကုန်မြို့တော်မှာ လာမည့် ၂၀၄၀ တွင် လူဦးရေ ၁၁ ဒသမ ၇၃ သန်း ရှိလာမည်ဖြစ်၍ လက်ရှိထက် လူဦးရေ ငါးသန်းကျော် ထပ်မံတိုး လာ မည်ဖြစ်သည်။ ထို့အတွက် တိုးပွားလာမည့် လူဦးရေအတွက် အခြေခံ အဆောက်အအုံနှင့် အိမ်ရာ လိုအပ်ချက်၊ လျှပ်စစ်မီး၊ ရေရရှိမှု၊ မိလ္လာ၊ သယ်ယူပို့ဆောင်ရေး၊ အမှိုက်စွန့်ပစ်မှု စသည့်ကဏ္ဍ များတွင် လိုအပ်ချက်များစွာ ရှိလာမည်ဖြစ်ပြီး အဆိုပါ လိုအပ်ချက်များအတွက် စီမံကိန်းများဖြင့် ကြိုတင်ပြင်ဆင် ထားရန် လိုအပ်လာမည်ဖြစ်ကြောင်း ရန်ကုန်မြို့ပြ စီမံကိန်း ပညာရှင်များ က ထောက်ပြ ခဲ့ကြသည်။
တန်ဖိုးနည်း အိမ်ရာများမှာလည်း အနည်းဆုံးငွေကျပ် သိန်း ၂၀၀ ခန့် ရှိနေပြီး ရန်ကုန်မြို့တော် စည်ပင်မှ ဆောက်လုပ်ပေးမည့် တန်ဖိုးမျှတ အိမ်ရာများမှာလည်း အနည်းဆုံး ကျပ်သန်း ၂၀၀၊ ၃၀၀ အထိ ရှိနေခြင်းကြောင့် အခြေခံ လူတန်းစားများ ၀ယ်ယူရန်မှာ မဖြစ်နိုင်သည့် ဈေးများဖြစ်နေ . . . . .
လက်ရှိ ရန်ကုန်မြို့တွင် အိမ်ထောင်စု အရေအတွက် ၁.၀၅ သန်းခန့်ရှိပြီး နှစ်စဉ်အိမ်ထောင်စု ၂၆၀၀၀ ခန့် တိုးပွားလျက်ရှိကြောင်း၊ အိမ်ရာစခန်းများ ဆောက်လုပ်ပေးခဲ့ရာတွင် တစ်နှစ်လျှင် ပျှမ်းမျှ ၇၂၀၀ ခန့်သာ ဆောက်လုပ်နိုင်ခဲ့ခြင်းကြောင့် နှစ်စဉ်အိမ်ရာ ဆောက်လုပ်ပေးနိုင်မှုမှာ လူဦးရေ တိုးနှုန်း၏ သုံးပုံတစ်ပုံခန့်သာ ရှိနေကြောင်း သိရသည်။ ထို့အတွက် အိမ်ရာစခန်း ဆောက်လုပ်ပေးရန် လိုအပ် ချက်များ ရှိနေပြီး ၀င်ငွေနည်း အခြေခံလူများ အများစု ပိုင်ဆိုင်နိုင်သော တန်ဖိုးနည်းအိမ်ရာ စီမံကိန်း များ ဆောက်လုပ်ပေးရန် လိုအပ်လျက် ရှိနေသည်။
သို့သော်လက်ရှိ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှု ဦးစီးဌာနမှ ဒဂုံမြို့သစ် ဆိပ်ကမ်းတွင် ဆောက်လုပ်ပေးလျက် ရှိရာ တန်ဖိုးနည်း အိမ်ရာများမှာလည်း အနည်းဆုံးငွေကျပ် သိန်း ၂၀၀ ခန့် ရှိနေပြီး ရန်ကုန်မြို့တော် စည်ပင်မှ ဆောက်လုပ်ပေးမည့် တန်ဖိုးမျှတ အိမ်ရာများမှာလည်း အနည်းဆုံး ကျပ်သန်း ၂၀၀၊ ၃၀၀ အထိ ရှိနေခြင်းကြောင့် အခြေခံ လူတန်းစားများ ၀ယ်ယူရန်မှာ မဖြစ်နိုင်သည့် ဈေးများဖြစ်နေသည်။
ထို့ပြင် ရန်ကုန်မြို့တော်၏ လက်ရှိလူဦးရေ ၆ သန်း၏ ၅၀.၈ ရာခိုင်နှုန်းမှာ မလုပ်သမား အချိုးဖြစ်ပြီး မြို့ပြင်ဘက်ပိုင်းရှိ အလုပ်သမား အရေအတွက်မှာ မကြာသေးမီ နှစ်များအတွင်း အလျှင်အမြန် တိုးပွား လျက်ရှိကြောင်း၊ လာမည့် ၂၀၄၀ တွင် ဖြစ်ပေါ်လာမည့် လူဦးရေ ၁၁ ဒသမ ၇၃ သန်းတွင် အလုပ်သများဦးရေ ၅၅ ရာခိုင်နှုန်းအထိ တဖြည်းဖြည်း များပြားလာမည်ဖြစ်ရာ အလုပ်အကိုင် အခွင့်အလမ်းများလည်း လိုအပ်လာမည်ဖြစ်ကြောင်း သိရသည်။
ယင်းအတွက် လက်ရှိရန်ကုန်ရှိ စက်မှုဇုန် ၂၄ ခုအပြင် စက်မှုဇုန်များ ထပ်မံတည်ထောင်ရန် လိုအပ် မည်ဖြစ်ပြီး သို့မှသာ အခြေခံ လုပ်သားများ အလုပ်အကိုင်များ ရရှိလာနိုင်မည် ဖြစ်ကြောင်းလည်း "မဟာ ရန်ကုန် မြို့ပြစီမံကိန်း" တွင် အဆိုပြုချက်များအရ သိရသည်။ ထို့ပြင် လက်ရှိ ရေပေးဝေရေး တွင်လည်း လူဦးရေ၏ ၆၅ ရာခိုင်နှုန်းကိုသာ ပေးဝေနိုင်သေးပြီး အမှိုက်သိမ်းဆည်း ပေးနိုင်မှုမှာလည်း အပြည့်အ၀ သိမ်းဆည်းပေးနိုင်ခြင်း မရှိသေးပေ။ အလားတူ မိလ္လာစွန့်ပစ်မှု အတွက်လည်း ရေဆိုးသန့်စင် စက်ရုံများ လုံလောက်မှု မရှိသေးကြောင်းနှင့် ရေမြောင်းစနစ်များလည်း ပြုပြင်ရန် လိုအပ်နေသေးကြောင်း သိရသည်။
ထိုသို့ လိုအပ်ချက်များအတွက် မျှော်မှန်း၍ "မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးရေး မဟာဗျူဟာ စီမံကိန်း" ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် JICA တို့ ပူးပေါင်းရေးဆွဲလျက်ရှိရာ အဆိုပါ စီမံကိန်းတွင် မြို့ပြသယ်ယူပို့ဆောင်ရေး၊ လမ်းကွန်ရက်များ ၊ ရေရ ရှိရေး၊ မိလ္လာစနစ်၊ လျှပ်စစ်မီး၊ အမှိုက်စွန့်ပစ်မှု စသည့်ကဏ္ဍများအတွက် စီမံကိန်း မျှော်မှန်းချက် များကို နှစ်တိုနှစ်ရှည် ကဏ္ဍများဖြင့် လုပ်ဆောင်ရန် ပါဝင်သည်ဟု သိရသည်။

From...EMG

No comments:

Post a Comment