Saturday, June 22, 2013

မျိုးစောင့် ဥပဒေနှင့် စပ်လျဉ်း၍ သီတဂူဆရာတော်ဘုရားကြီးမှ ဇွန် ၂၇ ရက်တွင် ကြေညာချက်ထုတ်ပြန်ရန်ရှိ

အင်းစိန်-ရွာမ ပရိယတ္တိစာသင် တိုက်ကြီး၌ ဇွန်လ ၂၇ ရက်နေ့တွင်ကျင်းပ ပြုလုပ်မည့် သံဃာတော် များဆွေးနွေးညှိ နှိုင်းပွဲသို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိ ဒေါက်တာအရှင်Óာဏိဿရ တက်ရောက်တော်မူမည်ဖြစ်ကြောင်း သိရှိ ရသည်။
အဆိုပါအခမ်းအနားသည် မှော်ဘီ မြို့နယ် ဓမ္မဒူတအရှင်ဆေကိန္ဒကျောင်း တိုက်တွင် ကျင်းပပြုလုပ်ခဲ့သော ဗုဒ္ဓသာ သနာတော်ဆိုင်ရာ သြ၀ါဒခံယူပွဲအပြီး ထုတ်ပြန်ကြေညာချက်နှင့်စပ်လျဉ်း ဆက် လက်ညှိနှိုင်းဆောင် ရွက်တော်မူရန် ကျင်းပ ပြုလုပ်ခြင်းဖြစ်ပြီး သီတဂူဆရာတော် ဘုရားကြီးမှ 'မျိုးစောင့်ဥပဒေ'နှင့် ပတ် သက်၍ ကြေညာချက်တစ်စောင် ထုတ်ပြန် သွားရန်ရှိကြောင်းလည်း သိရှိရသည်။

အဆိုပါကြေညာချက်တွင် 'မျိုးစောင့် ဥပဒေ'အား အမည်အပြည့်အစုံဖြင့် ပြောင်းလဲထုတ်ပြန်သွားဖွယ်ရှိကြောင်း စုံစမ်းသိရှိရသည်။

NewsWatchJournal(စောင့်ကြည့်)သတင်းဂျာနယ်

No comments:

Post a Comment